@myokooo.21: အသက် ၃၂ နှစ်အရွယ် မိခင် ကိုယ်ဝန်ဆိပ်တက်မှုကြောင့် ဦးနှောက်သွေးကြောပေါက်ကာ ​ေသဆုံး၊ ကလေးကို ခွဲစိတ်ကယ်တင်နိုင်ခဲ့ အောက်တိုဘာ ၇ ရက်တွင် ထိုင်းနိုင်ငံမှ အသက် ၃၂ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် ကိုယ်ဝန်ဆိပ်တက်မှု (Preeclampsia) ပြင်းထန်စွာဖြစ်ပွားပြီး ဦးနှောက်သွေးကြောပေါက်ကာ ဦးနှောက်​ေသဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆေးရုံမှ ဆရာဝန်များက အရေးပေါ်ကုသမှုများ ပြုလုပ်ခဲ့ပြီး မိခင်၏အသက်ကို မကယ်တင်နိုင်ခဲ့သော်လည်း ဝမ်းတွင်းကလေးကို ခွဲစိတ်မွေးဖွားကာ အသက်ရှင်အောင် ကယ်တင်နိုင်ခဲ့သည်။ မိခင်တွင် ဦးနှောက်အတွင်း သွေးထွက်မှု အလွန်များပြားခဲ့ပြီး ဦးနှောက်ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့သော်လည်း ဦးနှောက်တစ်ရှူးများ ထိခိုက်ပျက်စီးမှု ကျယ်ပြန့်လာသဖြင့် နောက်ဆုံးတွင် ဦးနှောက်​ေသဆုံးမှု ဖြစ်ပွားခဲ့သည်။ ထို့နောက် မိသားစုဝင်များက မိခင်၏ နောက်ဆုံးကုသိုလ်အဖြစ် ကိုယ်အင်္ဂါအစိတ်အပိုင်းများ လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြပြီး ကျောက်ကပ် ၂ လုံးကို လှူဒါန်းနိုင်ခဲ့သဖြင့် အသက်ကယ်ကုသမှု စောင့်ဆိုင်းနေသူ ၂ ဦး၏ အသက်ကို ဆက်လက်ကယ်တင်နိုင်ခဲ့သည်။ 📌 အဆိုပါဖြစ်စဉ်သည် Nakhonping Hospital မှ အဖွဲ့အစည်းဆိုင်ရာ ဆက်သွယ်ရေးနှင့် မီဒီယာအဖွဲ့၏ ထုတ်ပြန်ချက်ကို အခြေခံထားခြင်းဖြစ်သည်။ Ref - Khaosod 📌 သတင်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် Tik Tok အကောင့်ကို + လေးနှိပ်ထားနိုင်ပါတယ်။ #ထိုင်းသတင်း #ကိုယ်ဝန်အဆိပ်တက် #foryou #fyp #fypシ

MYOKOOO
MYOKOOO
Open In TikTok:
Region: TH
Wednesday 07 October 2026 17:00:26 GMT
487897
20511
244
1305

Music

Download

Comments

win.theingi751
Win Theingi :
ကျမလဲစိတ်မကောင်းလိုက်ထာ မွေးမဲ့ရက်နီးလာပြီးဒီပို့မြင်တော့ 11လပိုင်းမွေးမဲ့အမေပါရှင့်😢🥺
2026-10-08 03:31:36
54
myat.phyu74
myat phyu :
ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာဘယ်လိုမျိုးလဲရှင့်
2026-10-08 04:35:12
11
wuttyihnin1995
Wutt Yi 🤰 :
သွေးပေါင်က ကျတယ် နည်းနည်းပင်ပန်းရင် မူးလဲ ချင်သလိုဖြစ်တတ်တာကရောရှင့်
2026-10-08 08:37:14
4
user5046013776190monlay
🍓Daw Yee Mon🍓 :
ကို့တုန်းက ကိုယ်ဝန်စိတ်တက်ပီး သားလေးကို၈လနဲ့အရေးပေါ်ခွဲလိုက်ရတယ် လူလဲဘာဆိုဘာမှမသိတော့ပဲသေလူလို သုံးရက်လောက်ဖြစ်နေတယ် ကို့မိသားစုကတော့မရတော့ဘူး ဆုံးရှုံးရတော့မယ်ပဲထင်ထားကျတာ...ကံကောင်းလို့ကလေးရောကျမပါ အသက်မဆုံးရှုံးခဲ့တာ ဆရာဝန်ကတော့ နောက်ထပ်ကလေးမယူဖို့ပြောတယ်..တကယ်ကြောက်စရာဖစ်ရပ်တစ်ခုပါ...
2026-10-08 03:21:20
12
khaing.khaing.mya47
Khaing Khaing Mya :
အိမ်ကတူမလေးလည်း၆လထဲကကိုယ်ဝန်အဆိပ်တတ်ပြီးခြေထောက်တွေရောင်တာမသေတာကံကောင်းဂရုစိုက်ကြပါရှင်
2026-10-08 13:56:44
0
chan.myae.chan.my21
Daw.Lay.Su🥰🥰 :
ဒုတိယကြိမ်ခွဲရမှာဆိုတော့တကယ်ကြောက်မိတယ်ဆေးခန်းသွားတိုင်းသွေးတိုးနေ10.လပိုင်20ရက်လောက်ခွဲရပြီ😌
2026-10-08 06:08:55
8
myo.myo.shane1
Myo Myo Shane :
ကိုယ်ဆို 6လထဲကနေခုချိန် ခြေထောက်တေ ဖောရောင်နေတာ အထိုင်များလို့ သွေးကျလို့ ရောင်တယ်ပြောကြတာ စိုးရိမ်ရလား
2026-10-08 13:44:34
4
shwe.poe.may76
🍒🍒SHWE POE MAY MAY🍍🍍 :
ကိုယ့်တုန်းကလည်း မွေးခါနီးမှအမြဲသွေးတိုး 170ပဲချိန်လိုက်ရင် သွေးပေါင်မကျရင်ဒီအပတ်ထဲခွဲရမယ်လုပ်တာ ဗိုက်နာပြီးရိုးရိုးမွေးသွားတာ မွေးတော့150 မွေးပြီးတာနဲ့ချက်ချင်းပုံမှန် 120/80ပြန်ဖြစ်သွားတာ ကိုယ်၀န်ဆိပ်တတ်ရင်ခြေထောက်တွေဖေါ်ယောင်မျက်နာကြီးကအန်းအန်းကြီး မနက်ကို ရေနွေးထဲသံပရာသီးတခြမ်းစိမ်သောက်တာတကယ်ထိရောက်တယ်
2026-10-08 05:58:26
5
nada.na937
Nada Na :
ညိမကကိုယ်ဝန်၄လကေျာ်ပါခြေတဖက်ထဲအကြောတက်သလိုဖစ်နေတာအဲတာဘာဖစ်တာလဲရှင့်ပြောပြကြပါအူးရှင့်သားဥိးကိုယ်ဝန်မို့အတွေ့ကြုံမရှိလို့ပါ🥰
2026-10-09 04:11:57
1
ei.kham.pwe
Ei Kham Pwe :
ကိုယ်ဝန်ဆိပ်တတ်တယ်ဆိုဆာ ခြေလက်ဖောယောင်တာကိုပြောတာလား ကျွန်မလဲ မမွေးခင်ဖောယောင်နေတာ
2026-10-08 04:28:09
2
nang.ma.kee598
nang.ma.kee598 :
ဘယ်ဆေးရုံလဲ
2026-10-08 00:45:10
4
y.yti0
အရာရာခေတ်သစ် :
ကျွန်မလည်းမွေးခန်းခဲကိုယ်၀န်အဆိပ်တတ်သွေးတိုးတာ190ထိတိုးတာတော်သေးတယ်ဘာမှမဖစ်လို
2026-10-08 05:04:22
3
thandar.linn509
shay🎼🎶(ရှေး) :
အော်ငါကြတော့လည်းမီးတွင်းထဲမှာတောင်ယောကျာ်းရဲ ့အကြိမ်ကြိမ်ရိုက်နှက်ခြင်းကိုခံနေရတဲ ့ဘဝပါလား၄၅ရက်တောင်မပြည့်သေးဘူး😭😭😭
2026-10-08 06:52:08
3
aliceyang1314
ᘛ⁐̤ᕐᐷ 𝒀𝒂𝒎𝒊𝒏 ♓️👸 :
စိတ်မကောင်းလိုက်တာ ကိုယ်တွေလည်း အာ့လိုမို့ ကလေးစောမွေးလိုက်ရ 🥺
2026-10-09 01:42:20
1
yin.yin.wai2
Yin Yin Wai :
ကိုယ့်မှာလည်းရောဂါအခံနဲ့ စိတ်ပူလိုက်တာ ကိုယ်ဝန်ဆောင်ထားရတာ
2026-10-09 01:35:17
1
thetmyat955
🐑 ငယ်... 🐑 :
မိခင်မေတ္တာကြီးမာတယ်ဆိုတာဒါဘဲအသက်နဲ့ရင်းပြီးယောကျာ်းရဲ့သွေးသားကိုယ့်ရဲ့မျိူးဆက်ကိုလူ့လောကကြီးထဲခေါ်လာခဲ့တယ်
2026-10-08 07:22:35
3
zay.lwintun3
Ŝhwę Wâr Ñwę Wiñ (ရွှေဘိုသူ)🍎 :
ကျမလဲ 6လပြည့်ပြီ ခြေထောက် နိုပ်လိုက်ရင် ချိုင့်ဝင်သွားတာ ဘယ်လို လုပ်ရမလဲ
2026-10-08 14:23:58
1
yoonmaymaythan7
Yoon May :
ကိုယ်တွေတုန်းက ကိုယ်ဝတ်ဆိပ်တတ်ပီး ခွဲခန်းထဲထိ အပေါ်သွေး ၁၇၀ ထိရှိတာ. မူးပီးသတိလစ်သလိုတွေဖြစ်နေတာ. ဘုရားအာရုံပြုပီး အဂ်ုလိမာလသုတ်ပဲ ရွတ်နေခဲ့တာ.ကလေးငိုသံကြားမှပဲ စိတ်ချနိုင်ခဲ့တာ.
2026-10-08 10:18:45
3
aye.thidar043
aye thidar🤰မေမေဗိုက်ခလေး🤰 :
စိတ်မကောင်းလိုက်တာ😥
2026-10-08 07:05:40
1
u.htay20
U Htay :
ထပ်သူ စိတ်မကောင်ပါဘူဗျ
2026-10-08 12:16:15
1
seinnnu4
စိမ်း🍏🍏 :
ကျမလဲ38နဲ့ကိုယ်ဝန်အဆိပ်တက်လိုအရေးပေါ့်ခွဲမွေးလိုက်ရတာမွေးပြီးတော့လဲနှလုံးမှာသွေးသွားခဲ့နေလို့ဆေးရုံမှာ16ရက်ကျတယ်တက်ရတာကလေးကကျန်းမာရေးကောင်းတယ်3ရက်ဆိုဆင်းရတယ်ကလေးကအမေကမကောင်းလိုမဆင်းရတာဒီနေဆေးဝယ်ရတာတစ်သိန်းကျော်သတိထားကျပါကိုယ်ဝန်ဆောင်မေမေတို့ကိုယ်ဝန်နဲ့တက်စားတွေအရမ်းမစားပါနဲ့ကျမကိုမှာလိုက်တယ်ဆရာဝန်ကနောက်ကလေးဆိုမိခင်ရောကလေးရောအသက်သူတို့အာမမခံဘူးတဲ့ကျမလဲသားဦးမွေးထားထား
2026-10-09 06:14:58
1
user6152920407306
စုပုံချစ် :
ကိုယ်ဝန်ဆိပ့်တက်တာအရမ်းကြောက်ဖို့ကောင်းပါတယ်ကျွန်မကိုယ်တိုင်ပဲ
2026-10-08 13:43:28
1
user633446253
Ko Khant :
ကိုယ်တွေလည် တစ်နစ် ပြည်တော့မယ်။ ကိုယ်ဝင်ဆိတ်တက်ပိ ကလေးဆုးံသွာတာ
2026-10-08 13:38:35
1
khaing04673
khaing :
ဘယ်ကလဲ
2026-10-08 11:47:33
1
user2739130765609
Forever chitthu :
စိတ်မကောင်းလိုက်တာ
2026-10-08 06:54:06
1
To see more videos from user @myokooo.21, please go to the Tikwm homepage.

Other Videos


About