@tinmaung90: ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့ ဥပါသကာမှန်ရင် ရတနာသုံးပါး၏ ပြင်ပ အရာတွေကို အလေးအမြတ်မပြုအပ်ဘူး။ ရတနာသုံးပါးရဲ့အပြင်ပမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေကို… နံပါတ် (၁) မိမိကိုယ်ကို အပ်နှင်းလှူဒါန်းခဲ့လျှင်… နံပါတ် (၂) ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာအဖြစ်နဲ့ ဆည်းကပ်ခဲ့လျှင် နံပါတ် (၃) ကိုးကွယ်အားထားရာအဖြစ် ဆရာအဖြစ်နဲ့ ရည်ညွှန်းပြီး မိမိကိုယ်ကို တပည့်အဖြစ်နဲ့ ခံယူဆောက်တည်ခဲ့လျှင် နံပါတ် (၄) အလွန်အမင်းရိုသေစွာ ရှိခိုးခဲ့လျှင် မူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလိုပျက်တယ်။ ဒီလိုပျက်စီးနည်းသည် "သာဝဇ္ဇ" အပြစ်ရှိတဲ့ သရဏဂုံ ပျက်စီးနည်း ဖြစ်တယ်။ အပြစ်ရှိတဲ့ ပျက်စီးနည်းဆိုတာ ဘာကို ပြောတာလဲ။ "သော စ အနိဋ္ဌဖလော ဟောတိ" နောင်တစ်ချိန်မှာ မကောင်းတဲ့ အကျိုးလည်း ရနိုင်တယ်တဲ့။ ရတနာသုံးပါးရဲ့ အပြင်ဘက်က ဖြစ်တဲ့ ဆူးလေနတ်ကြီးတို့ ဘာတို့ပေါ့။ အဲဒီနတ်တွေကို အလွန်အမင်း ရိုသေစွာ ရှိခိုးလိုက်သည်နှင့် တစ်ပြိုင်နက်တည်း မူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။ ရွှေတိဂုံဘုရားမှာ ပန်းတွေ လှူတယ်။ ရေချမ်းတွေ လှူတယ်။ လှူပြီးလို့ စေတီတော်ကို ရှိခိုးပြီးတာနဲ့ ဟိုဘက်လှည့်ပြီးတော့ နတ်ကို ရှိခိုးလိုက် တာနဲ့ မူလဆောက်တည်ထားတဲ့ သရဏဂုံ သည် အလိုလိုပျက်စီးသွားတယ်။ မိမိတို့ရဲ့ အင်မတန် အဖိုးတန်နေတဲ့ သရဏဂုံကို မပျက်စီးစေသင့်ဘူ။ အသိ အလိမ္မာလေးနဲ့ စောင့်ရှောက်သင့်တယ်။ မင်းကြီးတို့ မင်းကလေးတို့ကို သွားပြီး ကိုးကွယ်ဆည်းကပ်ခဲ့လျှင်… အလွန်အမင်း ရိုသေစွာ ရှိခိုးခဲ့လျှင်လည်း မူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။ ပျက်စီးရုံတင် မဟုတ်ဘူး။ သူက "သာဝဇ္ဇော" အပြစ်လည်း ရှိတယ်။ နောင်တစ်ချိန်မှာ မကောင်းတဲ့ အကျိုးလည်း ရနိုင်တယ်။ ဒီ မင်းကြီး မင်းကလေးဆိုတဲ့ ဟာတွေသည် ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေလား ပြန်ဆန်းစစ်ကြည့်ပါ။ မင်းကြီးတို့ မင်းကလေးတို့ ဝင်လာပြီ ဆိုလို့ရှိလျှင် သူတို့ ဘာလုပ်သလဲ။ အရက်သောက်တယ်။ ကလည်း ကတယ်။ ဒီလို အရက်သောက်နေတဲ့ ပုဂ္ဂိုလ်တွေကို မိမိတို့က ကိုးကွယ်ဆည်းကပ်ပြီ ဆိုကြပါစို့။ မိမိအဆင့်က အရက်သမားကို ကိုးကွယ် ဆည်းကပ်တဲ့အဆင့် ရောက်မသွားဘူးလား။ အလိုလို ရောက်သွားတယ်။ နောက်တစ်ခု ဒကာကြီးတွေ စဉ်းစားကြည့်စမ်းပါ။ ဘုန်းကြီးတို့ မြန်မာပြည်မှာ ကျေးရွာပေါင်း နှစ်သောင်းကျော် ရှိတယ်လို့ ဆိုတယ်။ နတ်တော် ပြာသို ဝန်းကျင်လောက် ရောက်လာပြီ ဆိုလို့ရှိရင် မြန်မာပြည်ရဲ့ အလေ့အထအရ ကျေးရွာတိုင်းလိုလိုမှာ နတ်ပွဲဆိုတာ ရှိတတ်ပါတယ်။ ကျေးရွာနှစ်သောင်းကျော် ရှိတော့ တစ်နေ့ တစ်နေ့မှာ ပျမ်းမျှခြင်းနှုန်းနဲ့ တွက်မယ် ဆိုလျှင် ဆယ်ရွာ­မှာ နတ်ပွဲတစ်ပွဲလောက် တော့ ရှိနိုင်ပါတယ်။ ဆယ်ရွာမှာ နတ်ပွဲတစ်ပွဲနှုန်းဖြင့် ကျေးရွာပေါင်း နှစ်သောင်းကျော် ဆိုတော့ တစ်နေ့မှာ နတ်ပွဲပေါင်း နှစ်ထောင်ဝန်းကျင်လောက် ရှိမယ်။ နတ်တော် ပြာ­သိုဝန်းကျင်လောက် ပြောတာပါ။ ဒီတော့ တစ်နေ့မှာ နတ်ပွဲပေါင်း နှစ်ထောင်လောက်ရှိတော့ … ဟို­နတ်ပွဲမှာလည်း မင်းကြီး မင်းကလေးကို ပင့်ပြန်ပြီ၊ ဝင်ပူးပြန်ပြီ။ ဒီနတ်ပွဲကလည်း မင်းကြီး မင်းကလေး ပင့်ပြန်ပြီ။ ဝင်ပူးပြန်ပြီ။ မင်းကြီးမင်းကလေးက ဝင်ပူးလာပြီဆိုလို့ ရှိလျှင် အချိန်ကလည်း နည်းနည်းပေးရဦး မယ်။ အရက်သောက်ဖို့ အချိန်ကလည်း ပေးရသေးတယ်လေ။ ကဖို့ ခုန်ဖို့ ဓားမြှောက်ပြဖို့ အချိန်ကလည်း ပေးရသေးတယ်။ ဒီတော့ နတ်ပွဲတစ်ပွဲကို သူက ငါးမိနစ်လောက် အချိန်ပေးမယ် ဆိုရင်ပေါ့ … သူ တစ်နေ့တစ်နေ့မှာ ကနိုင်တာ တစ်နာရီမှာ နတ်ပွဲ တစ်ဆယ့်နှစ်ပွဲ ရ­မယ်။ တစ်နေ့့မှာ နတ်ပွဲတွေက များသောအားဖြင့် နံနက် ၈-နာရီမှ ည ၄-နာရီ၊ ၅-နာရီအထိပဲ က,တော့၊ ဆယ်နာရီပဲ ထားပါတော့။ တစ်နေ့ ဆယ်နာရီဆိုတော့ နတ်ပွဲပေါင်း တစ်ရာ့နှစ်ဆယ်။ အခုဟာက နတ်ပွဲပေါင်း တစ်နေ့တစ်နေ့ ပျှမ်းမျှအားဖြင့် နှစ်ထောင်ကျော်နေတော့ သူပေးနိုင်တဲ့အချိန်က တစ်နေ့ နတ်ပွဲပေါင်း တစ်ရာ့နှစ်ဆယ်လောက်အတွက်ပဲ ရှိတယ်။ ဟိုနတ်ပွဲကလည်း မင်းကြီး မင်းကလေး ပူးပြန်ပြီ။ ဒီနတ်ပွဲကလည်း မင်းကြီး မင်းကလေး ပူးပြန်ပြီ။ အဲဒါ ဝင်ပူးနေတာတွေ အကုန်လုံး မင်းကြီးမင်းကလေး ဟုတ်,မဟုတ် ဆိုတာက တော့ စဉ်းစားဖို့ မလိုဘူးလား။ လိုနေပါတယ်။ ဒါကြောင့် အနီးစခန်း ဆရာတော်ဘုရား ကတော့ သူ့ရဲ့တရားတစ်ပုဒ်ထဲမှာ သူက ဘယ်လိုပြောထားသလဲ။ “လူ့လောကမှာ အလိမ်ခံလူတန်းစားက အမြဲတမ်းရှိတယ်။ လိမ်မည့်လူသာ လိုတာ"တဲ့။ လိမ်မည့်သူကသာ ကျကျနနလိမ်။ အလိမ်ခံ လူတန်းစားက အမြဲတမ်း ရှိပြီးသားဖြစ်တယ်။ ဒါက ဒကာကြီးတွေ တော်တော်လေး လေးလေးနက်နက် စဉ်းစားဖို့ ကောင်းတယ်။ ဒီလောက်တောင် အဆင့်နိမ့်နေတဲ့ ပုဂ္ဂိုလ် တွေကို ဘုရားနဲ့ တန်းတူထားပြီးတော့ အိမ်မှာ ကိုးကွယ်ဆည်းကပ်နေကြတယ်။ အဲဒီလို ကိုးကွယ်ဆည်းကပ်ကြတဲ့အထဲမှာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတစ်ချို့လည်း ပါနေကြပြန်တယ်။ သူတို့ကနေ ရှေ့ဆောင်ပြီးတော့ မင်းကြီး မင်းကလေးကို ကိုးကွယ်ဆည်းကပ်တယ်။ ဆည်းကပ်လိုက်တော့ သူက ဘာအမိန့်ထုတ်သလဲ။ သူ့ကျောင်းထဲ ဝက်သား မသွင်းရဘူး။ ဘာဖြစ်လို့လဲ။ မင်းကြီး မင်းကလေး မကြိုက်လို့။ သူက ဘုရားမကြိုက်တဲ့ အလုပ်ကျတော့ သူရဲရဲလုပ်တယ်၊ အဝတ်ကတော့ သာသနာ့ ဝန်ထမ်း ရှင်ရဟန်း။

စောတင်မောင်ခင်
စောတင်မောင်ခင်
Open In TikTok:
Region: MM
Wednesday 07 October 2026 23:47:15 GMT
7192
692
29
32

Music

Download

Comments

uth687
uth :
ဘုန်းဘုန်း ဘုရားသိကြားမင်းတို့သာသနာစောင့်နတ်မင်းကြီးလေးပါးတိုကိုမေတ္တာပို့ရှိခိုးရင်ကောငရဲကြီးပါသလားအရှင်ဘုရား
2026-10-08 06:43:20
0
hla.win4090
Hla Win :
right 👍👍👍
2026-10-08 05:15:23
0
shin.thant.phyu477
Shin Thant Phyu :
2026-10-08 07:01:26
0
meemee.yyn
Mee Mee :
သရဏဂုံသုံးပါးကိုဘဲယုံကြည်ဆည်းကပ်အားထားရာဟူ၍ ရှစ်ခိုးကန်တော့ပါတယ်ဘုရား ဆရာတော်ဘုရားအားရိုသေစွာဦးတင်ပါတယ်ဘုရား🙏🙏🙏🙏🙏
2026-10-08 07:38:14
0
kyz3689
KYZ :
2026-10-08 12:26:23
0
cho.phone19
Cho Pyone :
တင်ပါ ဘုရား ဘုန်းဘုန်း
2026-10-08 00:47:01
0
white87559
WHITE :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰ကျေးဇူးပါ🥰🥰🥰
2026-10-07 23:52:40
0
nan.aye.swe
Nan Aye Swe :
သရဏဂုံ၃ပါးထက်မြတ်သောအရာမရှိပါ သာသနာကိုအကျိုးပြုသောဆိုင်ရာသိုက်နန်းရှင်ကိုသာအမျှဝေပါ၏😌🥰
2026-10-08 04:37:37
0
ruby338887
RUby.😉😉 :
သရဏဂုံသုံးပါးမှအပ ကျန်တာတွေမရှိခဲ့ပါ
2026-10-08 05:40:55
0
cho.cho2572
cho cho :
🙏🙏🙏
2026-10-08 01:55:49
0
user227851513422
နန်းသီရိကို :
🙏🙏🙏🙏🙏🙏🙏🙏🙏
2026-10-08 02:14:11
0
utheinwin1963
ကိုသိန်းဝင်း(ရွှေခြံမြေ) :
🙏🙏🙏🙏🙏
2026-10-08 16:11:27
0
shoonlaewin248
Shoon Lae Win :
2026-10-08 15:33:48
0
myint.mt51
myint mt :
🙏🙏🙏🙏
2026-10-08 01:40:07
0
user4812986980329
user4812986980329 :
အဒါ တွေမလုပ်ပဲ အရက် သောက်ပါက ပျက်ပါသလား
2026-10-08 11:53:37
0
xphyo.777
xphyo 777 :
🙏🙏🙏
2026-10-08 18:19:26
0
shweyoe403
Shwe Yoe :
🙏🙏🙏🙏🙏
2026-10-08 16:37:04
0
kyawgyi40123
❤️Kyaw❤️ :
🙏🙏🙏
2026-10-08 14:09:32
0
user608460709
aung🤔🤔🤔💸💸 :
🙏🙏🙏
2026-10-08 13:46:35
0
sandar.aung659
Bo San :
🙏🙏🙏
2026-10-09 01:56:22
0
user813272753965
Mg Kyaw :
🙏🙏🙏
2026-10-08 11:32:42
0
simee.kwet
Simee Kwet :
🙏🙏🙏
2026-10-08 08:12:30
0
pigg82911
Pigg :
🙏🙏🙏🙏🙏
2026-10-08 07:09:57
0
user4248204017850
🙏🙏 :
@👍👍👍🥰🥰🥰🥰🥰
2026-10-08 06:07:29
0
thu.zar93017
Thu.Zar :
[Like][Like][Like]
2026-10-08 01:26:25
0
To see more videos from user @tinmaung90, please go to the Tikwm homepage.

Other Videos


About