@dr.shwe.zin.win: 🥺♦️♦️ခွဲခန်းဝင်ခါနီး ကြောက်စိတ်လွန်ကဲရင် ခန္ဓာကိုယ်မှာ ဘာတွေဆက်ဖြစ်လာနိုင်လဲ 🏥 “ခွဲခန်းဝင်ခါနီး ကြောက်လွန်းလို့ ရင်တွေတုန်နေတယ်၊ ခွဲရင် နာမလား၊ မေ့ဆေးပေးပြီး ပြန်မနိုးလာရင်ရော…” စသဖြင့် ခွဲစိတ်ဖို့ စောင့်နေရတဲ့အချိန် ဒီလိုအတွေးတွေ ဝင်လာတတ်ပါတယ်။ ကြောက်တာဟာ သဘာဝပါနော်။ ကိုယ်အားနည်းလို့ ဖြစ်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကြောက်စိတ်အရမ်းများလာတဲ့အခါ စိတ်ထဲမှာတင်မဟုတ်ဘဲ ခန္ဓာကိုယ်မှာပါ ဒီလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ 🔎 ဘာတွေဖြစ်လာနိုင်လဲ? ကြောက်စိတ်ကြောင့် ခန္ဓာကိုယ်က adrenaline လို စိတ်ဖိစီးမှုဟော်မုန်းတွေ ထုတ်ပေးတဲ့အခါ— ▪️ နှလုံးခုန်မြန်ပြီး ရင်တုန်လာနိုင်တယ်။ ▪️ သွေးပေါင် ခဏတာ တက်လာနိုင်တယ်။ ▪️ လက်တုန်၊ ချွေးထွက်၊ ပျို့ချင်လာနိုင်တယ်။ ▪️ အသက်ရှူမြန်လာပြီး မူးဝေတာ ဖြစ်နိုင်တယ်။ ▪️ ညဘက် အိပ်မပျော်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ရင်ဘတ်အောင့်တာ၊ အသက်ရှူအရမ်းခက်တာ၊ မေ့လဲတာရှိရင်တော့ “ကြောက်လို့ပဲနေမှာပါ” ဆိုပြီး မထားပါနဲ့။ ဆရာဝန်ကို ချက်ချင်း ပြောပြပါ။ 💛 ကြောက်စိတ်လျော့ဖို့ ဘာလုပ်လို့ရလဲ? ၁။ “အရမ်းကြောက်နေတယ်” ဆိုတာ ပြောပြပါ။ တင်းခံပြီး ဖုံးထားစရာ မလိုပါဘူး။ “ဒေါက်တာ၊ မေ့ဆေးပေးမှာကို အရမ်းကြောက်နေပါတယ်” “ခွဲပြီး နာမှာကို စိုးရိမ်နေပါတယ်”ဆိုပြီး ကိုယ်ကြောက်နေတဲ့အချက်ကို သေချာပြောပြရင် ခွဲစိတ်ဆရာဝန်နဲ့ မေ့ဆေးဆရာဝန်က သေချာရှင်းပြပေးပြီး လိုအပ်တဲ့အကူအညီ ပေးနိုင်ပါတယ်။ -ကြောက်စိတ် အလွန်များသူတွေအတွက် ဆရာဝန်က အခြေအနေအလိုက် စိတ်ငြိမ်စေတဲ့ဆေးကို စဉ်းစားပေးနိုင်ပါတယ်။ -ကိုယ့်သဘောနဲ့ အိပ်ဆေး၊ စိတ်ငြိမ်ဆေး ထပ်သောက်တာတော့ မလုပ်ပါနဲ့နော်။ ၂။ မသိတာတွေကို မေးပြီး သိအောင်လုပ်ပါ။ “မေ့ဆေးနဲ့လား ?ထုံဆေးနဲ့ လား? “ခွဲခန်းဝင်တာ ကြာနိုင်လား? “ခွဲပြီးနောက် နာကျင်မှုကို ဘယ်လိုသက်သာအောင် လုပ်လို့ရနိုင်လဲ? စသဖြင့် ကိုယ့်ကုသမှုအကြောင်း နားလည်ထားတာက စိတ်ပြင်ဆင်ဖို့ အထောက်အကူ ဖြစ်ပါတယ်။ ၃။ အသက်ကို ဖြည်းဖြည်း ရှူကြည့်ပါ။ ပခုံးကို လျှော့ထားပြီး နှာခေါင်းကနေ သက်သောင့်သက်သာ ရှူသွင်းပါ။ ပြီးရင် ဖြည်းဖြည်း ရှူထုတ်ပါ။ အသက်ရှူလေ့ကျင့်ခန်းနဲ့ စိတ်ဖြေလျော့နည်းတွေက စိုးရိမ်စိတ်ကို လျော့စေနိုင်ပါတယ်။ ၄။ ကိုယ့်စိတ်ကို တည်ငြိမ်စေတဲ့အရာလေးတွေ လုပ်ပါ၊ တရားမှတ်တာ၊ ဆုတောင်းတာ၊ ယုံကြည်ရတဲ့ မိသားစုဝင်နဲ့ စကားပြောတာ လုပ်နိုင်ပါတယ်။ ကိုယ့်ကို ပိုကြောက်စေတဲ့ ခွဲစိတ်မှုဗီဒီယိုတွေကို ထပ်ခါထပ်ခါ ကြည့်မနေပါနဲ့နော်။ 🌷 ခွဲခန်းဝင်ဖို့ ပြင်ဆင်တယ်ဆိုတာ ခန္ဓာကိုယ်ကိုပဲ ပြင်ဆင်ရတာ မဟုတ်ပါဘူး။ စိတ်ကိုလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။ “မကြောက်နဲ့” လို့ ကိုယ့်ကိုယ်ကို အတင်းဖိအားပေးမယ့်အစား— “ငါကြောက်နေတယ်။ ဒါကို ဆရာဝန်ကို ပြောပြပြီး အကူအညီတောင်းလို့ရတယ်” လို့ သိထားပါနော်။ ခွဲစိတ်ဖို့ စောင့်နေတဲ့ မိတ်ဆွေ၊ မိသားစုဝင်ရှိရင် ဒီစာလေး မျှဝေပေးထားပါနော်။ 💛 #drshwezinwin #ကျန်းမာပျော်ရွှင်အသက်ရှည်

Dr. Shwe Zin Win
Dr. Shwe Zin Win
Open In TikTok:
Region: MM
Wednesday 07 October 2026 23:58:21 GMT
10060
1460
170
63

Music

Download

Comments

moe.htet.yan0
တေးသံရှင်းးးမိုးထက်ယံးး :
ပျော်ရွှင်မူတွေပိုင်ဆိုင်နိင်ပါစေညိမ
2026-10-31 11:56:13
0
sttp475
🍎🍒STTP47 :
2026-10-31 13:42:53
0
u.kyi.soe922
U Kyi Soe :
ကြောက်စိတ်ကိုမောင်းထုပ်လိုက်ပါ
2026-10-30 14:36:35
0
khinmaungaye104
u Lay Gyi :
ကောင်တယ်သမီးရယ်အဲ့ဒါတွေသိထားတော့ဖြေသိမ့်လို့ရတာပေါ့လူမမာလဲအားရှိတာပေါ့အချစ်အတွက်စိတ်မကောင်ဖြစ်မဲ့အစားလူမမာများအတွက်အဲလိုအားစေလေတွေရေးပီးတင်စမ်းပါ
2026-10-28 09:14:55
0
win.tun3801
wintun :
2026-10-27 13:17:30
0
lin.zaw1799
Lin Zaw :
ယုံကြည်မှု့ရှိရမယ်လေ
2026-10-28 14:12:18
0
user8879694626661
user8879694626661 :
🥰🥰🥰🥰🥰
2026-10-27 18:46:29
0
user4031569548183
လွင်ပြင် :
2026-10-29 16:55:53
0
ko.ye1257
Ko Ye :
အရမ်လှတ.်🥰🥰🥰
2026-10-28 08:37:43
0
ayemayhmb7o
Mg kyi :
မင်္ဂလာပါ
2026-10-28 01:46:49
0
user1015092704420
မြတ်မင်း :
🤍🩶🤍
2026-10-08 00:15:47
0
kosailin42
Ko Sai Lin :
ချစ်စရာလေးကွာ
2026-10-25 03:58:24
0
kokaung6447
Ko Kaung6447 :
ဆရာမမကြောပ်ပါနဲ့
2026-10-26 14:41:16
0
wana4260
WaNa :
ခန္ဓာရှိရင် ဝေဒနာ ဆိုတာရှိတယ် စက္ကန့်လေးလို့ဘဲ ထင်လိုက်ပါ အာတင်းပါ ကြောက်တတ်ရင် နှစ်ခါ စဉ့်စားကြည်နော် ကလေးရေ ဖိုက်တင်
2026-10-27 15:05:57
0
min.hein.khant833
U Aye Cho Oo (Tarmwe) :
2026-10-25 06:28:34
0
moe.htet.yan0
တေးသံရှင်းးးမိုးထက်ယံးး :
မဂ်လာပါညိမ
2026-10-31 11:55:12
0
win.tun3801
wintun :
2026-10-27 13:17:42
0
kosailin42
Ko Sai Lin :
❤️❤️❤️❤️❤️❤️❤️❤️
2026-10-25 03:57:48
0
kyaw.min.oo.official
Kyaw :
စိတ်အသိကိုထိမ်းချုပ်လိုက်ပါစိတ်ဟာစိုးရိမ်ပါပန်မူကြောင့်သာဖြစ်တယ်စိတ်သတ္တိလေးမွေးလိုက်ပါငါလုပ်နိုင်ရမာ်ဆိုသောအသိပါ
2026-10-22 08:01:35
0
kyaw.min.oo.official
Kyaw :
ထုံဆေးမေ့ဆေးကြောင်သိသာတော့လည်းအနာအကျင်မရှိပါဆေးပြယ်ရင်တော့နာတော့မှာလေ
2026-10-22 08:03:18
0
sttp475
🍎🍒STTP47 :
2026-10-31 13:42:57
0
min.min.tun1021
Min Min Tun :
ထုံဆေးထိုးပေးလိုက်ပါ ဆရာမရယ်
2026-10-24 14:39:51
0
yukoko42
Yu Ko Ko :
🥰🥰🥰
2026-10-22 13:58:29
0
kosoe8982
Ko Soe :
❤️❤️❤️
2026-10-22 10:03:40
0
user39979450380275
စေတ နာ :
ပြောပြ မ
2026-10-08 00:26:07
0
To see more videos from user @dr.shwe.zin.win, please go to the Tikwm homepage.

Other Videos


About