@than.tun.aung364: “ညတိုင်း အိပ်ရာအောက်မှာ ပုန်းပြီး ‘ငါ့အမေ မနက်ဖြန် သေပြီထင်တယ်’ ဆိုတဲ့ ကြောက်ရွံ့မှုနဲ့ အိပ်ခဲ့ရတယ်…” 💔 UFC ရဲ့ ပါးစပ်ကြမ်း ဘာမဆို ဒဲ့ပြောတတ်တဲ့ Sean Strickland ရဲ့ နောက်ကွယ်မှာ ဘယ်လို ခါးသီးလှတဲ့ ငယ်ဘဝ အတိတ်တွေ ရှိခဲ့လဲဆိုတာ သိပြီးကြပြီလား? 🤔 လူအများစုက Strickland ကို “ပါးစပ် စည်းမစောင့်တဲ့သူ” လို့ ထင်ကြပေမဲ့ သူ့ရဲ့ ငယ်ဘဝကတော့ တကယ့်ကို အမှောင်ထုအတိပါပဲ။ သူဟာ ငယ်စဉ် ကလေးဘဝကတည်းက အရက်စွဲနေတဲ့ အဖေအရင်းရဲ့ ရိုက်နှက် နှိပ်စက်မှုကို အမြဲတမ်း ခံခဲ့ရတာပါ။ သူ့အဖေဟာ သူ့မိခင်ကိုရော သူ့ကိုပါ သတ်ပစ်မယ်ဆိုပြီး ညတိုင်း ခြိမ်းခြောက်လေ့ ရှိပါတယ်။ အဖေဖြစ်သူက အမေရဲ့ လည်ပင်းကို ညှစ်ပြီး သတ်ဖို့ ကြိုးစားနေချိန်မှာ Strickland က ဂစ်တာနဲ့ အဖေ့ခေါင်းကို ရိုက်ခွဲပြီး အမေဖြစ်သူကို ကယ်ထုတ်ခဲ့ရတဲ့အထိ ငယ်ဘဝမှာ ငရဲလို ခံစားခဲ့ရသူပါ။ ဒီလို ငယ်စဉ်ကတည်းက ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာ (Trauma) တွေ၊ အကြမ်းဖက်မှုတွေကြောင့် Strickland ဟာ စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ထိခိုက်ခဲ့ရပေမဲ့ သူ့ကို ကယ်တင်ပေးခဲ့တာကတော့ MMA ပါပဲ။ ကြိုးဝိုင်းထဲမှာ သွေးနဲ့ချွေး ဒဏ်ရာတွေကြား ရုန်းကန်ရင်းနဲ့မှ သူဟာ သူ့ရဲ့ ဒေါသတွေကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ငယ်စဉ်က ခံခဲ့ရတဲ့ အမှန်တရားမဲ့မှုတွေကြောင့် Strickland ဟာ ဘယ်သူ့ကိုမှ မဖား၊ ဘယ်မီဒီယာကိုမှ မကြောက်ဘဲ အမှန်တရားလို့ သူထင်တာကို ဘာမဆို ဒဲ့ပြောပြတတ်တဲ့ စရိုက်တစ်ခု ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။ အခုလည်း မီဒီယာတွေရဲ့ မီးမောင်းထိုးမပြမှုကို မကျေနပ်လို့ "မြန်မာနိုင်ငံနဲ့ ဆူဒန်မှာ ဖြစ်နေတာတွေကိုကျ မင်းတို့ ဘာလို့ ပါးစပ်ပိတ်နေတာလဲ" ဆိုပြီး ကမ္ဘာ့ Celebrity တွေကို ဒဲ့ဆော်လိုက်တာပဲ ဖြစ်ပါတယ်… 🔥 Strickland ရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူ့ရဲ့ ပွင့်လင်းလွန်းတဲ့ စရိုက်ပေါ် မြန်မာ MMA ဖန်တွေရော ဘယ်လို မြင်ကြလဲခင်ဗျာ…? 👇 #creditstotheowner #knowledgesharing #thantunaung (k.s)#fyp #ငယ်ဘဝအမှန်တရား
Ko Than Tun Aung(k.s)
Region: MM
Thursday 08 October 2026 03:23:33 GMT
Music
Download
Comments
min min :
🥰
2026-10-08 06:45:27
1
hsamoosheeshee :
စိတ်ထား မှန်ကန်တဲ့ ရဲ့ရင့်တဲ့ လူတယောက်ကိုတွေ့ဖူးပြီ UN လို စောက် လေးစယးမှုမရှိတြဲ အဖွဲ့အစည်းရေ ရှင်ဖို့တော့မမြင်ဖူး
2026-10-08 06:37:11
1
Nwe🌹 :
👌👌👌
2026-10-08 06:13:50
1
To see more videos from user @than.tun.aung364, please go to the Tikwm
homepage.