@zayartbz7news: မလေးရှားရောက် မင်းအောင်လှိုင်က ပြည်ပရင်းနှီးမြှုပ်နှံသူ မရှိဖြစ်နေသော သားဖြစ်သူ၏ ရတနာပုံမြို့သစ်စီမံကိန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ပြန် ၊ တရုတ် ၊အိန္ဒိယ၊ ရုရှား အပါအဝင် နိုင်ငံခြားတိုင်းပြည်များက ရတနာပုံမြို့သစ်စီမံကိန်းကို လုံး၀ စိတ်မဝင်စား ရန်ကုန်၊ အောက်တိုဘာ ၈ မလေးရှားရောက် မင်းအောင်လှိုင်က ပြည်ပရင်းနှီးမြှုပ်နှံသူမရှိဖြစ်နေသော သားဖြစ်သူ အောင်ပြည့်စုံ ၏ ရတနာပုံမြို့သစ်စီမံကိန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ မလေးရှားရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် အကြမ်းဖက် မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံ ဦးစီးလုပ်ကိုင်နေသော ရတနာပုံမြို့သစ်စီမံကိန်းတွင် မလေးရှား လုပ်ငန်းရှင်များအနေဖြင့် လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။ မင်းအောင်လှိုင်သည် အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဗီယက်နမ်၊ ထိုင်းတို့သို့ ရောက်ရှိချိန်ကလည်း သားဖြစ်သူ၏ ရတနာပုံမြို့သစ်စီမံကိန်းတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့သော်လည်း မည်သူကမှ လာရောက် ရင်းနှီးမြုပ်နှံခြင်းမပြုကြသောကြောင့် မလေးရှားလုပ်ငန်းရှင်များကို လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။ မင်းအောင်လှိုင်က ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကို ပြင်ဦးလွင်မြို့ အနီးတဝိုက်တွင် ဖွင့်လှစ်ထားကြောင်း၊ စီမံကိန်းဧရိယာ ၂၈၀၀ ဟတ်တာကျော် (၇၀၀၀ ဧက) ခန့် ကျယ်ဝန်းသည်အတွက် အိုင်တီလုပ်ငန်းသစ်များနှင့် ဆော့ဖ်ဝဲရေးသားသည့် ကုမ္ပဏီများအတွက် ရုံးခန်းများအပြင် High-Tech Zone သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေမည့် နည်းပညာနှင့်ဝန်ဆောင်မှု အခြေပြုထုတ်လုပ်မှုဇုန်များပါဝင်ကြောင်း၊ မြန်မာနိုင်ငံအတွက် အစိုးရဝန်ဆောင်မှုများကို ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ ဉာဏ်ရည်တု (AI) အသုံးချမှုများ၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ စီးပွားရေးဝန်းကျင် ဖော်ဆောင်ရေးများတွင် စိတ်ပါဝင်စားသည့် မလေးရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ပြောဆိုသည်။ အထူးသဖြင့် မလေးရှားနိုင်ငံ၏ Electrical and Electronics Semiconduction Machinery and Equipment နှင့် Digital Technology ကဏ္ဍများသည် ရှိပြီးသားအတွေ့အကြုံနှင့် မြန်မာနိုင်ငံ၏ ထုတ်လုပ်မှု၊ လုပ်သားအင်အားနှင့် ဈေးကွက်အခြေခံတို့ကိုပေါင်းစပ်ပြီး Assembly၊ Component Manufacturing Technical Training နှင့် Technology Transfer လုပ်ငန်းများကို ပူးပေါင်းဖော်ဆောင်နိုင်မည့် အလားအလာများရှိကြောင်း၊ ထိုသို့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းထက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကိုပါ တစ်ပြိုင်နက်တည်းဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ ထို့ကြောင့် Malaysian technology companies များနှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၊ နည်းပညာသင်တန်းကျောင်းများ နှင့် ပုဂ္ဂလိကလုပ်ငန်းများအကြား Internship၊ Vocational Training Technical Certification နှင့် Skills Development Program များကို ပူးပေါင်းဖော်ဆောင်နိုင်ကြောင်း ပြောဆိုသွားသည။ "ရတနာပုံမြို့သစ်စီမံကိန်းက ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပေမယ့်လည်း အဲဒီစီမံကိန်းကို နိုင်ငံခြားကနေ လာပြီး ရင်းနှီးမြုပ်နှံတာတော့ အခုထက်ထိ မရှိသေးပါဘူး။ အဲဒါကြောင့် ဘယ်နိုင်ငံကိုပဲ သွားသွား ဒီစီမံကိန်းကို ချပြ ဖိတ်ခေါ်နေတာပါ" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရတနာပုံမြို့သစ်စီမံကိန်း ခေါ် New Mandalay Resort City စီမံကိန်း ကို ပြန်လည် အကောင်အထည်ဖော်နေခြင်းဖြစ် သည်။ ရတနာပုံမြို့သစ်စီမံကိန်းတွင် အောင်ပြည့်စုံက အိမ်ရာစီမံကိန်းအပြင် မြို့သစ်စီမံကိန်းတစ်ခုလုံး၏ ရေ၊မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ခွင့်နှင့် လုပ်ပိုင်ခွင့်ရရှိထားသည်။ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးရှိ မြေဧက ၁ သောင်းတွင် ရတနာပုံမြို့သစ်စီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် ပြနလည်စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဆက်လက် အကောင် အထည်ဖော်ရန် ကြိုးပမ်းနေစဉ် ရပ်ဆိုင်းခဲ့ကြောင်း၊ NLD အစိုးရက အထက်မြန်မာပြည် အစိမ်းရောင်နှင့် နည်းပညာဖွံ့ဖြိုးရေး ဗဟိုပြု အပန်းဖြေဝန် ဆောင်မှုမြို့သစ် ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ စီမံကိန်းကို စတင်ခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ပြန်လည် ရပ်ဆိုင်းခဲ့ကြောင်း သိရှိရသည်။ ယခုအခါ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်းကို ပြန်လည် စတင်ခိုင်းနေပြီး ဆောက်လုပ်ရေးဝန်ကြီး ဦးဆောင်သော အဖွဲ့ဝင် ၁၂ ဦးပါ ရတနာမြို့သစ်စီမံကိန်း ကြီးကြပ်မှု ကော်မတီကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းစီမံကိန်းတွင် စစ်တပ်နှင့်နီးသော ခရိုနီများ လုပ်ကိုင်ခွင့်ရရှိမည

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Thursday 08 October 2026 06:17:25 GMT
54365
2381
16
103

Music

Download

Comments

kalaykim7
kalaykim7 :
😂😂
2026-10-08 11:55:00
1
lahus426
Khing myat min :
သူသွားလာနေတာသူမိသားစုအတွက်ပါ
2026-10-08 08:15:41
0
ashin.kawanda
AShin Kawanda :
ပြဿနာပွေလီရှုပ်ထွေးနေတာ ဘယ်သူကလာလုပ်ရဲမလဲ ခေါ်ရဲတာအံသြ
2026-10-08 09:52:21
0
userzdpfs1inpo
user95256394196 :
2026-10-08 10:28:31
0
u.htay.win7210
🍒U Htay win🍒 :
ဆက
2026-10-08 07:10:22
0
kyu.kyu5607
Kyu Kyu :
သွာလေရာမှာမိသားစုစီးပွားရေးအတွက်လာမြုတ်နံကြဖို့လောက်ဖိတ်ခေါ်နေတာရှက်လဲမရှက်🥺🥺
2026-10-08 07:56:11
1
t.m.h4274
U Tin Maung Htay. (bgle) :
သူတောင် ဒီနေရာမှာ မသေချာတာ ဘယ်သူရ ယုံမှာလည်း
2026-10-08 08:52:59
0
van.a811
Van A :
သူများမျက်ရည်တွေနဲ့တည်ဆောက်မယ့်စီးမံကိန်းကအောင်မြင်မယ်ထင်လား?
2026-10-08 08:15:07
0
zawzawwin0560
Tiger :
ဟျောင့်အကောင်းတွေအများကြီးရှိတဲ့အထဲကမှမဟုတ်တာကိုဘာလို့ရွေးပြောတာလဲကွနိုင်ငံသားခြင်းရင်းနှီးဖို့အလုပ်အကိုင်အခွင့်အလမ်းတွေကိုပူးပေါင်းဆောင်ရွက်ဖို့မြန်မာနိုင်ငံသားတွေကိုစောင့်ရှောက်ပေးဖို့တွေပါတာကိုတလုံးမှမပြောပဲမဟုတ်တာကိုရွေးပြောတယ်ဆိုတော့.မင်းတို့ကမြန်မာနိုင်ငံကိုဘာဖြစ်စေခြင်တာလဲ
2026-10-08 08:18:48
0
user38790455326173
ဌေးဌေး :
🥰🥰🥰
2026-10-08 08:04:07
0
user6934651713903
တောသားများစုစီးရာ😆🥰 :
😅😅😅
2026-10-08 07:53:42
0
aunglin.aunglin788
Aunglin Aunglin :
😁😁😁
2026-10-08 06:34:43
0
user4477923983
user4477923983 :
🥰🥰🥰
2026-10-08 06:58:05
0
zarmeal8
zarmeal :
[Tears of joy][Tears of joy][Tears of joy]
2026-10-08 07:13:35
0
user36674446007531
user36674446007531 :
😻😻😻
2026-10-08 06:23:30
0
myolynn91
myolynn91 :
😁
2026-10-08 11:41:15
0
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About