@dhammathutalan: =========={ 🙏 }========= တကယ်စင်စစ် ဦးဇင်းတို့ စဉ်းစားကြည့်တယ် ပေါ့နော်။ ငါးပါးသီလကို ဖောက်ဖျက်တယ်ဆိုတာက တကယ်တမ်းက သတ္တလောကကြီးကို ဒုက္ခပေးတာ ပဲ။ တစ်နည်းအားဖြင့် ပိုပြီးတော့ ရင့်သီးတဲ့ စကားလုံး နှင့် ပြောရမယ်ဆိုရင် သတ္တလောကကြီးကို ဖျက်ဆီး ပစ်တာပဲ။ သူများအသက် သတ်တယ်။ ဒါက အသက်ကို တောင် ရန်ရှာတာနော်။ သတ္တဝါတိုင်း သတ္တဝါတိုင်း ကိုယ့်အသက်ကို မြတ်နိုးတယ်။ တစ်ခါ သူများပစ္စည်း ကို မတရားယူတယ်ဆိုတာလည်း အလွန်ဆိုးတယ်။ ပိုင်ဆိုင်မှုဆိုတာ လူသားတွေရဲ့ ဒုတိယအသက်လို့ တောင် ဟိန္ဒူဘာသာက ပြောတာပဲ။ အဲဒီပိုင်ဆိုင်မှုကို ဖျက်ဆီးတာနော်။ အိမ်ထောင်ရေး ဖောက်ပြန်တယ်။ ဒါ အလွန်အရေးပါတဲ့ သူတစ်ပါး လောကီချမ်းသာကို ဖျက်ဆီးတဲ့အတွက်ကြောင့် တစ်ဖက်သားမှာ အများ ကြီး စိတ်ဒုက္ခ ရောက်နိုင်တာပေါ့။ ဒီကိုယ်ကျင့်တရားငါးပါးသီလကို တစ်ခုချင်း စဉ်းစားကြည့်။ လိမ်ညာတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့ ယုံကြည်မှုကင်းမဲ့အောင် လုပ်လိုက်တာကိုး။ တစ်ဖက်လူက ကိုယ့်ကြောင့် သူတို့ရဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးသွားတယ်။ ကိုယ့်ပေါ်မှာ ကောင်းမြတ်တဲ့ စိတ် မထားနိုင်တော့ဘူး။ လိမ်မှန်းသိရင်လေ။ အရက် သေစာ သောက်စားမယ်။ ဒါက ပိုတောင် ဆိုးသေး တယ်။ အရက်သေစာ မူးယစ်ဆေးဝါးဟာ ဘယ် လောက်ဆိုးလဲဆိုတာ သိချင်ရင်သူတို့ကြောင့် ဖြစ်နေတဲ့ ဆင်းရဲမှုတွေ ပူလောင်မှုတွေကို စဉ်းစားကြည့်ပေါ့ ။ ငါးပါးသော ကိုယ်ကျင့်တရား ပျက်စီးတာကို သေ သေချာချာ စဉ်းစားမယ်ဆိုလို့ရှိရင် လောကကြီးကို ဖျက်ဆီးတာ၊ နှောင့်ယှက်တာ၊ ဒုက္ခပေးတာ။ ဒီလို မပြောနိုင်ဘူးလား။ အဲဒီလိုဆိုရင် ဦးဇင်းတို့ ဇနေတိ သဒိသံ ပါကံ ဆိုတဲ့ ဒေသတော်အရ တူသောအကျိုးကိုတော့ ရရှိမှာ ပဲ။ သူများ ဒုက္ခပေးတယ်ဆိုရင် ကိုယ် ဒုက္ခရောက် လိမ့်မယ်။ ကိုယ်ဒုက္ခမရောက်ဘဲနှင့် သူများကို ဒုက္ခ ပေးလို့ မရဘူး။ ဒါကို နားလည်ဖို့ လိုတယ်။ တချို့က သီလ စောင့်စည်းတယ်ဆိုတာကို အပေါ်ယံကြည့်ပြီးတော့ တစ်ဖက်သား သတ္တဝါတွေ အတွက်ပဲ ထိန်းသိမ်းတာလို့ ထင်နေကြတာရှိတယ်။ အဲဒါလည်း ဟုတ်တယ်။ ပိုပြီးတော့ နက်ရှိုင်းတာက ကိုယ့်အတွက်ကိုလည်း ကိုယ် ထိန်းသိမ်းတာ။ မထိန်း သိမ်းရင် သူတို့ကို ထိခိုက်စေသလို ကိုယ့်ကိုယ်ကို လည်း ထိခိုက်မယ်။ ကိုယ့်ကိုယ်ကို ထိခိုက်တာကျ တော့ လူတွေက မြင်နိုင်ခဲတယ်။ သစ္စာရွှေစည်ဆရာတော် အရှင်ဉတ္တမ သီလပါရမီတရားတော်မှ __________________________________ •မူရင်းရေးသားသူ/ •ဖြန့်ဝေသူအားလုံးဂါရဝပြုပါသည် •( #ဓမ္မသုတလမ်း )မှ •"#ဓမ္မဒါန အနေဖြင့်ပြန်လည်မျှဝေပါသည်။ •"ကောင်းမူ နေ့စဉ်ပြုပါ" •Copyဖြင့်သော်၎င်း •Share ဖြင့် သော်၎င်း •ပြန် လည်မျှဝေခြင်းဖြင့်။ • အမြတ်ဆုံးတရားကုသိုလ်ပြုနိင်ပါတယ်"✅ •🙏"သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ "🙏 •🙏"အလှူ အားလုံး ထဲတွင် • တရားအလှူသည် အမြတ်ဆုံးဖြစ်၏"🙏 •ဤ(ရုပ်/နာမ်-ခန္ဓာ)မှပြုခဲ့ရသော •ကောင်းမူအစုစုအား အားလုံးကိုအမျှဝေပါ၏✅ု •🙏 နတ်/လူ သာဓုခေါ်စေသော်။.....🙏 "ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု" •“နေရက်တိုင်းမှာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါ‌စေ” _________________________________

ဓမ္မသုတလမ်း
ဓမ္မသုတလမ်း
Open In TikTok:
Region: MM
Thursday 08 October 2026 06:23:57 GMT
2328
358
10
6

Music

Download

Comments

pankar05
Messi pankar :
🙏🙏🙏
2026-10-08 14:48:11
0
dr.no.no007
Dr No No KaungMon clinic,Dawei :
တင်ပါ့ဘုရား🙏🙏🙏
2026-10-08 11:57:18
0
eimyat9542
eimyat9542 :
မှန်ပါဘုရား🙏
2026-10-08 08:25:21
1
tin.tin.htwr
🍀🍀Tintin Htwe🧐💫👻👻 :
တင်ပါ👏👏👏
2026-10-08 12:44:50
0
mhemchantheik
kaung myat kyaw :
🌺🙏🙏🙏
2026-10-08 08:07:50
0
usoemin2248
ယဥ်စိုး :
[Pray][Pray][Pray]
2026-10-08 06:48:42
0
thant.zin.oo2755
(စိတ်၏စေရာ)သံသရာခရီးသည် :
🙏🙏🙏
2026-10-08 06:36:51
0
ayezinmar793
Ayezinmaroo🌻🌹🌷🌺 :
🥰🥰🥰
2026-10-08 06:35:50
0
yadanar83107
🧚Yadanar One🧚 :
🙏🙏🙏
2026-10-08 06:26:23
0
zayarhtila
Zayarhtila82 :
🙏🙏🙏
2026-10-08 12:34:22
0
To see more videos from user @dhammathutalan, please go to the Tikwm homepage.

Other Videos


About