@kbztainews: ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက် . တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ညမီးကြီး မီးပုံးပျံအဖွဲ့များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ယမ်းပစ္စည်းများကို စတင် ထုတ်ပေး လျက်ရှိကြောင်း သိရသည်။ . တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည့် ညမီးကြီး မီးပုံးပျံ ၆၈ လုံးအတွက် လိုအပ်သည့် ယမ်းပစ္စည်းများကို ယနေ့ အောက်တိုဘာလ ၈ ရက်မှစတင်၍ ၉ ရက်အထိ အဝေရာ မီးပုံးပျံကွင်းအတွင်း ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ . ထိုသို့ ထုတ်ပေးရာတွင် ရှမ်းပြည်နယ်အစိုးရမှ ထောက်ပံထားသော ယမ်းပစ္စည်း ၆ မျိုးကို စာရင်းပေးသွင်း ထားသည့် ပြိုင်ပွဲဝင် မီးပုံးပျံအဖွဲ့ ၆၈ ဖွဲ့လုံးအတွက် ရရှိအောင် ခွဲဝေပေးနေခြင်းဖြစ်ကြောင်း မီးပုံးပျံဒိုင် အဖွဲ့ဝင် ဦးတင်ဝင်း ထံက သိရသည်။ . “ယမ်းက ၄၃ ဖွဲ့အတွက်ပဲရပါတယ်။ ကျွန်တော်တို့က ၆၈ ဖွဲ့ အတွက် ခွဲထားပေးတာပါ။ ယမ်းလုံလောက် အောင် ဝေလို့ မရပါဘူး။ စာရင်းမပိတ်ခင် လာရောက်ပေးသွင်း ထားတဲ့ ၆၈ လုံးအတွက်တော့ ယမ်း ၆ မျိုးကို ပေးသွားမှာဖြစ်ပါတယ်။ တချို့အဖွဲ့တွေက ယမ်းကြိုစုထားတာ တွေရှိတာကြောင့် လိုအပ်နေတဲ့ အဖွဲ့တွေကို ပြန်ပြီးတော့ ရောင်းပေးစေချင်ပါတယ်” ဟု ဦးတင်ဝင်းက ပြောသည်။ . ပြိုင်ပွဲဝင် ညမီးကြီး မီးပုံးပျံအဖွဲ့များအတွက် တစ်ဖွဲ့လျှင် ပိုတက်ရှ် ၉ ဒသမ ၄ ကီလိုဂရမ်၊ ယမ်းစိမ်း ၃ ဒသမ ၁ ကီလိုဂရမ်၊ ကန့် ၁ ဒသမ ၂ ကီလိုဂရမ်၊ ဘေရီယမ် ၃ ဒသမ ၁ ကီလိုဂရမ်၊ စတော်ဒီယမ် ၁ ဒသမ ၂ ကီလိုဂရမ်နှင့် ငွေမင် ၄ ဒသမ ၄ ကီလိုဂရမ် နှုန်းဖြင့် ဖြန့်ဝေပေးနေခြင်းဖြစ်ပြီး မီးပုံးပျံအဖွဲ့များအတွက် လုံလောက်မှု မရှိနိုင်ကြောင်း သိရသည်။ . “ယမ်း ၆ မျိုးရတယ်။ အချိန် ၂၀ လောက် ရှိမယ်ထင်တယ်။ လောက်တာတော့ မလောက်ဘူး။ ရှာဝယ်ရ မှာပေါ့” ဟု ပြိုင်ပွဲဝင် ညမီးကြီးမီးပုံးပျံအဖွဲ့တစ်ခုမှ ခေါင်းဆောင် မီးဆရာက ပြောသည်။ . “ကျွန်တော်တို့ တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ အကုန်လုံးကို လာလည်စေချင်ပါတယ်။ ကျွန်တော်တို့ကတော့ နောက်ထပ် နှစ်တိုင်း ဆက်လုပ်သွားမှာပါ။ ရိုးရာပွဲဖြစ်တော့ လူငယ်တွေကိုလည်း လက်ဆင့်ကမ်းသွားမှာပါ” ဟု အဆိုပါ မီးပုံးပျံ အဖွဲ့ခေါင်းဆောင်က ပြောသည်။ . ၂၀၂၆ ခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အထိ တောင်ကြီးမြို့ အဝေရာမီးပုံပျံကွင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ညမီးကြီးမီးပုံးပျံ ၆၈ လုံး အပါအဝင် နေ့လွှတ်/ညလွှတ် မီးပုံးပျံအဖွဲ့ စုစုပေါင်း ၅၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် လွှတ်တင်ပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။ . https://shorturl.at/qU9RS . #KBZTai #Shan #Taunggyi #Tazaungdaing #Fireballoon .
KBZTai News
Region: MM
Thursday 08 October 2026 10:18:18 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @kbztainews, please go to the Tikwm
homepage.