@thirikyayhmone: ပူချိန်တွေပြင်းလာပြီဆိုတော့ 🚿 အပူငြိမ်းဖို့အတွက် ရေချိုးနည်းနှင့် ခေါင်းလျှော်နည်းကို 💧 အပူငြိမ်းဖို့အတွက် ဘာလုပ်ရမလဲဆိုတာ ဆရာကြီးက ပြောပြချင်ပါတယ်။ ရေကို စနစ်တကျ သုံးစွဲပါလို့ မှာချင်ပါတယ်။ ရေဟာ ဘာကို ငြိမ်းစေသလဲ။ အပူကို ငြိမ်းစေတာပါ။ ရေကို အထင်မသေးလိုက်ပါနဲ့လို့ ပြောချင်ပါတယ်။ ✨ ရှေးအခါက ပြောခဲ့တဲ့ စကားလုံးတစ်လုံးကို ဆရာကြီးက အခုဒီမေးခွန်းတွေ ပြန်ဖြေရင်း ပြန်ဖြေရင်းနှင့် တန်ဖိုး ပိုထားတတ်လာတယ်။ ဒီစကားလေးနော်။ “ဟယ် .. ရေတိမ်မှာ နစ်တာပဲ” လို့ ပြောတယ်နော်။ ရေတိမ်မှာ နစ်တယ်ဆိုတာ တကယ်တမ်းတော့ တင်စားပြီးပြောတာ။ ရေတိမ်မှာ နစ်တယ်ဆိုတော့ ဘယ်သေနိုင်ပါ့မလဲ။ ဥပမာ - ခြောက်လက်မလောက်ရှိတဲ့၊ လေးလက်မလောက်ရှိတဲ့ ရေတိမ်လေးထဲ နစ်လို့တော့ မသေနိုင်ပါဘူး။ 🌊 ပြောချင်တဲ့ အနှစ်သာရက ကိုယ့်အိမ်ထဲမှာ ရှိတဲ့ရေကို - ♦️ စနစ်တကျ မသုံးစွဲတတ်တာ ♦️ စနစ်တကျ မသောက်တတ်တာ 🥤 ♦️ စနစ်တကျ မချိုးတတ်တာ 🚿 ဒါကြောင့် အလကားရတဲ့ရေကို တန်ဖိုးနည်းတယ်ဆိုပြီး တန်ဖိုးလျှော့မတွက်ပါနှင့်။ တန်ဖိုးကို ချမတွက်ပါနှင့်။ အသုံးတည့်အောင် သုံးပေးပါလို့ ပြောချင်ပါတယ်။ 💡 ဘယ်လို သုံးရမယ်လဲဆိုတာလေး ပြောပြချင်တယ်နော်။ ဒါလေးက … “မသိရင် ကျယ်ပါတယ်။ သိရင် လွယ်ပါတယ်။ မသိသူက ကျော်သွားတာ၊ သိသူက ဖော်စားတာပေါ့။” 🌿 ဒါလေးတော့ ညွှန်းပြောချင်တယ်နော်။ “ရေမှ တစ်ပါး ဆေးမရှိ” လို့။ အဲဒီရေကို ဘယ်လို သုံးရမှာလည်းလို့မေးရင် ရေချိုးနည်းလေး ပြောပြပါမယ်။ ✨ 🚿 ရေချိုးနည်းလမ်း 👄 ပါးစပ်: ရေမချိုးခင် ရေကို ပါးစပ်ထဲမှာ ငုံမယ်။ ပြန်ထွေးထုတ်မယ်။ ဘာတွေ ပါသွားမယ်ထင်လဲ။ အပူတွေပါသွားမယ်။ 🌡️ သေချာခံစားကြည့်ရင် ရေကို ငုံပြီးတော့ ကိုယ့်ရဲ့လက်မောင်းတစ်နေရာ ပြန်ထွေးကြည့်လိုက်။ နည်းနည်းလေး ပူတယ်။ အဲဒါက ဘယ်ကပါလာတာလဲ? ခံတွင်းထဲက။ ဒါဆိုရင် ဒီလိုလေး လုပ်တာနဲ့ကို ဒေါ်ထွေးကြည်ရဲ့ ငယ်ထိပ် မခံမရပ်နိုင်အောင် ပူတယ်ဆိုတာ ပိုဆိုးသွားစရာ အကြောင်းရှိလား။ မုချ သက်သာသွားနိုင်သလား။ သက်သာသွားမှာပါ။ သာမန် သက်သာသွားမှာလား၊ မုချ သက်သာသွားမှာလားဆိုတော့ မုချ သက်သာသွားမှာပါ။ အကုန်အကျများလား။ မများပါဘူးနော်။ 👍 👁 မျက်စိ: ပြီးရင် လက်ခုပ်ထဲမှာ ရေလေး ထည့်မယ်။ မျက်လုံးလေးကို အဲဒီလက်ခုပ်ထဲမှာ ကျင်းပေးမယ်။ မှိတ်လိုက် ဖွင့်လိုက်ပေါ့။ မျက်လုံးထဲက အပူတွေ ပါသွားမယ်။ 👁️🗨️ 👃 နှာခေါင်း: အဲဒါလေးကို ပြီးပြီဆိုတော့မှ လက်ခုပ်ထဲ ရေလေးထည့်ပြီး နှာခေါင်းလေးထဲကို အသာလေးမော့ပြီး ထည့်လိုက်။ နှာသီးဆိုတာ နှာခေါင်းရဲ့ သုံးပုံနှစ်ပုံလောက်မှာ ရှိတယ်။ ဆိတ်ခွာ ပုံသဏ္ဌာန် ရှိတယ်။ အဲဒါလေး ထိပြီဆို မွှန်ထူသွားတာပဲ။ ပူနေတာကိုး။ ပူနေတဲ့ အိုးတစ်အိုးကို ရေနှင့် ပတ်ကြည့်။ ရှဲခနဲဆို ပူသွားတယ်။ ရေလေးသွင်း၊ တစ်ခါ ပြန်ညှစ်ထုတ် (၅) ကြိမ်စီလောက် လုပ်ပေးပါ။ 💧 👄 ပါးစပ်ကလည်း ငုံမယ်။ 👃 နှာခေါင်းကိုလည်း ရေလေးထည့်မယ်။ 👁 မျက်စိကိုလည်း ရေနဲ့ ပုတ်ခတ်၊ ပုတ်ခတ် လုပ်မယ်။ 👂 နား: ပြီးရင် နားထဲတော့ ရေသွားမထည့်နဲ့နော်။ ❌ နားထဲမှာ နားအုံ ရှိတယ်။ နားအုံကို ရေလေးနှင့် နည်းနည်းဆွတ်ပေးမယ်။ အဲသလို လုပ်ခြင်းအားဖြင့် အပူတွေ လျော့နေပြီ။ 👂 🚶 ကိုယ်ခန္ဓာ: ဒါတွေပြီးလို့ ခန္ဓာကိုယ်ကို ရေလောင်းတော့မယ်ဆိုလည်း အရမ်းမလောင်းလိုက်ပါနဲ့။ စနစ်တကျ ဘယ်ခြေထောက်ကို ရေအရင်လောင်းကြည့်ပါ။ 🦶 ပြီးရင် ညာဘက်လက်ကို လောင်းပါ။ 💪 သွေးတွေ အသားတွေ ရှိတယ်။ အရိုးတွေထဲ အပူလျှောက်လာမယ်။ သွေးတွေ သားတွေထဲ အပူစီးလာမယ်။ ဒါကြောင့်မို့ ခြေထောက်ကို ရေလောင်းလိုက်ရင် အပေါ်ကပူတာ သက်သာမယ်။ ဒါအပူတွေ အောက်ကို ဆင်းတာ။ မေးခွန်းလေးက မခံမရပ်နိုင်အောင် ပူနေတာဆိုတော့ အဲဒီအပူတွေ အောက်ကို တစ်ချက်လှည့်ပေးရမှာပေါ့နော်။ 🦶✨ 🚿 ခေါင်းလျှော်နည်း 🧴 ရေချိုးတာနှင့် ခေါင်းလျှော်တာအပေါ်မှာ တစ်ခုသတိထားရပါမယ်။ ခေါင်းလျှော်ပြီးမှ ဘယ်တော့မှ ရေမချိုးပါနှင့်။ ❌ ရေချိုးပြီးမှ ခေါင်းလျှော်ပါ။ 🧼✅ နောက်တစ်ခုက ရေချိုးခါနီးလေးမှာ ခြေဖဝါးကို ဆားပွတ်ပြီးမှ ရေချိုးပါလို့ မှာချင်ပါတယ်။ 🧂 ဆားက ဘာလဲဆို အပူစုပ်တယ်။ ရေခဲမုန့်လုပ်တဲ့သူတွေဆိုရင် အပြင်မှာ ဆလင်ဒါကြီးတစ်ခု ရေခဲတွေ။ အတွင်း ဆလင်ဒါကြီးတစ်ခုထဲမှာတော့ ရေခဲမုန့်တွေပေါ့။ ဆလင်ဒါဆိုတာ အိုးကြီးနှစ်ခုပေါ့။ အတွင်းဆလင်ဒါကို ကလိကလှည့်နှင့် လှည့်ပေးတဲ့အခါ စလင်ဒါနှစ်ခုကြားက ရေခဲတွေ ချက်ချင်းပျော်တာပေါ့။ ပူတာကိုး။ အဲဒီတော့ အဲဒီအပူကို စုပ်နိုင်မှ ရေခဲချက်ချင်း မပျော်မှာမို့ ရေခဲပေါ် ဆားလေးတင်လိုက်တယ်။ ရေခဲပေါ် ဆားတင်လိုက်ရင် မပျော်တော့ဘူး။ ထွက်သမျှအပူ ဆားကစုပ်ယူတာကိုး။ 🧊🧂 နောင်သောအခါမှာ အပူတွေများတဲ့ခေတ်ကိုရောက်ရင် “ရေမှ တစ်ပါး ဆေးမရှိဘူး” တဲ့။ ရေကို တစ်နေ့ကို သာမန်ဖန်ခွက် (၅) ခွက်ကနေ (၇) ခွက်လောက်ထိ သောက်မယ်။ 🥛 ရေကို စနစ်တကျ ချိုးမယ်။ 🚿 ရေကို ငုံမယ်ဆိုရင် အပူအကြောင်းခံပြီးဖြစ်နေတဲ့ရောဂါတွေ ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ပျောက်မှာပါလို့ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ 🍃✨ အစာဝ၊ အနာကင်း၊ ဘယာရှင်း - ကြပါစေ။ 🙏🌿 Credit-ဆရာကြီးဦးရန်အောင်...... 🙏 #ကျန်းမာရေး #ရေချိုးနည်း #ခေါင်းလျှော်နည်း #အပူငြိမ်း #creatorsearchinsights 💚
Thiri Kyay Hmone
Region: US
Thursday 08 October 2026 11:11:53 GMT
Music
Download
Comments
San Gi Thar🌺🌻🌊 :
Thank you
2026-10-10 08:37:38
0
Ni Ni :
[Red heart][Red heart][Red heart]
2026-10-09 11:21:40
0
မောင် ရေခဲ(မော်ကျွန်းသား) :
ရေချိုးတဲ့အချိန်နာရီကလဲအဓိကကျပါတယ် နွေ 9 မိုး 10 နွေဘက်မှာ9နာရီဝန်းကျင်မှာရေချိုးပါ မိုးတွင်းဘက်မှာ10နာရီးဝန်းကျင်မှာရေချိုးပါအပူကင်းပြီးကျန်းမာရေးကော
2026-10-10 07:50:35
5
𝓢𝓸𝓮𝓣𝓱𝓲𝓗𝓲 :
Thanks you
2026-10-09 01:18:58
1
ChoCho :
ဆရာကြီးမိသားဆု သက်ရှည် ကျန်းမာလို့ စိတ် ချမ်းသာပါစေနော် သာဓုပါ ဆရာကြီး ရှင့်[ဆုတောင်း][ဆုတောင်း][ဆုတောင်း]
2026-10-09 12:13:22
9
user8770412498467 :
ဆရာကြီးကျန်းမာ
ပါစေ။
ပြည်သူကိုတိုင်းရင်း
ဆေးနည်းမျးဖြင့်
ဆက်လက်အကျိုးပြု
နိုင်ပါစေ။
2026-10-09 04:58:49
14
Daw Maw Maw Cho :
ကျေးဇူးတင်ပါတယ်ဆရာကြီးယခုလို့ရှင်ပြတာကျေးဇူးတင်ပါတယ်..ဆရာကြီး..ကျမ်မာပါစေသက်ရှည်ပါစေ
2026-10-08 22:27:25
6
m_for madi :
ဆရာကြီးနေကောင်းကျမ်းမာပါစေ
2026-10-10 08:21:45
2
Manjiro toko :
ကျေးဇူးကြီးပါတယ်ဆရာကြီးရှင့် ဆရာကြီးတို့မိသားစုအားလုံးကျန်းမာချမ်းသာပါစေရှင့်
2026-10-10 14:24:20
1
boborara@ :
ခြေထောက်ဆားပွတ်ပြီးရင်ရေချိုးလို့မရဘူးပြောကြလို့ ရေမချိုးခင်ဆားပွတ်လို့ရတာလားရှင့်
2026-10-09 13:15:55
3
Ma Thin Thin :
ဆရာကြီးကျန်းမာပါစေ[Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming]
2026-10-09 13:13:35
5
မျိုးမင်းဆက် :
ကျေဇူးပါဆရာကြီး
2026-10-09 02:34:51
4
linlin91835306871 :
ကျေးဇူးပါရှင်ဆရာ[ဆုတောင်း][ဆုတောင်း][ဆုတောင်း]
2026-10-09 08:38:47
3
Mg Mg Swe :
ကျေးဇူးတင်ပါတယ်
2026-10-09 05:24:43
2
cherry :
ကျေးဇူးပါဆရာကြီးရှင့်
2026-10-09 04:24:28
3
😊 :
ဆရာကြီးပြောသလိုအမြဲချိုးပါတယ်ရှင်သိပ်ကိုအဖိုးတန်တဲ့စာလေးတေမို့သိမ်းထားပါတယ်ရှင်ဆရာကြီးလဲကျမ်းမားသက်ရှည်ပါစေရှင်
2026-10-09 00:13:01
5
umyo9 :
🙏ကျေးဇူးတင်ပါတယ်ခင်ဗျ🙏
2026-10-08 23:26:49
2
Aye Kham Sein :
ဆရာကျန်းမာပါစေ
2026-10-09 03:16:52
3
moe moe :
ကျေးဇူးပါ
2026-10-08 22:29:18
4
Khin Htar Nwe🍓🍓🍓 :
ကျေးဇူးပါဆရာ
2026-10-09 04:51:55
1
Thida Zaw :
🙏🙏🙏ကျေးဇူးတင်ပါတယ်ဆရာကြီး
2026-10-09 06:11:43
1
ချစ်လင်းခန့် :
ဆရာကြီးနဲ့တကွမိသားစုတွေသက်ရှည်ကျန်းမာပြီးကိုယ်စိတ်နှံလုံးကျန်းမာကြပါစေ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-10-09 14:52:43
1
user8192950183032 :
ကျေးဇူးပါ
2026-10-09 03:16:46
1
ငယ်ငယ် :
ကျေးဇူးပါရှင်
2026-10-09 06:03:00
1
🌺Chit Thu🌺 :
ပြန်တင်ခွင့်ပြုပါ
2026-10-09 15:04:20
1
To see more videos from user @thirikyayhmone, please go to the Tikwm
homepage.