@thant.zin.tun1981: အားတွေ အများကြီးထည့်လိုက်ရင် အားကုန်သွားပြီး တစ်နေကုန် မလုပ်နိုင်ဘူး... ဒါကြောင့် အားကိုလိုသလောက်ပဲ ချွေတာသုံးဖို့ လိုပါတယ်... တစ်ချိန်လုံး သတိရှိနေချင်စိတ်ကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်... မှန်ကန်တဲ့ အားထုတ်မှုက ဒါကို ဆိုလိုတာပါ၊ စွဲမြဲမှုရှိဖို့ပါ၊ အားထည့်တဲ့ ဝီရိယမျိုးမဟုတ်ဘဲ အချိန်တိုင်းသိနေဖို့ လိုအပ်သလောက်ပဲ အင်အားကို သုံးသင့်ပါတယ်... ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချမှတ်ထားပါ၊ လက်မလျှော့ပါနဲ့၊ တစ်နေကုန် စွဲစွဲမြဲမြဲလုပ်ပါ... သတိရှိနေတဲ့ အလေ့အကျင့်ဖြစ်နေဖို့ ကျင့်ယူရပါမယ်၊ အလေ့အကျင့်ဖြစ်ဖို့ အမြဲလုပ်နေရပါမယ်... အစမှာ သတိကရှိလိုက် / မရှိလိုက် ဖြစ်နေမယ်... ဆက်ပြီး စွဲစွဲမြဲမြဲလုပ်ပါ၊ သတိရတိုင်းလုပ်နေပါ... မေ့သွားမယ်၊ သတိပြန်ရမယ်၊ ဆက်လုပ်မယ်... လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ် တိုင်းမှာ ကိုယ့်ကိုယ်ကို သိနေဖို့ လိုပါတယ်... လဲလျောင်းပြီး အားထုတ်တဲ့အခါ အိပ်ပျော်မသွားအောင် စိတ်ကိုလေ့ကျင့်ပေးရပါမယ်... ဒီအခြေအနေမှာ ခန္ဓာကိုယ် မတ်နေဖို့ အားမလိုတဲ့အတွက် စိတ်က သိနေဖို့လောက်ပဲ အားတွေကို သုံးရပါမယ်... အရမ်းသက်သာသွားရင်လည်း အိပ်ပျော်သွားလိမ့် မယ်... လှဲပြီး အားထုတ်တဲ့အခါ အားကို လိုသလောက်ထည့်ပြီး မှန်မှန်ကန်ကန် အားထုတ်နေသလားဆိုတာ မကြာခဏ စစ်ဆေးပေးပါ... သက်သောင့်သက်သာသိနေပါစာအုပ်မှ ဖတ်ရှုကူးယူပူဇော်ဖော်ပြပါသည်။ ဆရာတော်တေဇနိယ(ရွှေဥမင်)
Thant Zin Tun
Region: MM
Thursday 08 October 2026 11:15:54 GMT
Music
Download
Comments
ခင်စံပယ်နှင်း :
မှန်မှန်ကန်ကန်ဆုံးမစာကို
လေးလေးစားစားလိုက်နာရမယ်
ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းနေတာပါ
2026-10-08 12:37:41
1
Ko Latt :
[အသည်းနီ][အသည်းနီ][အသည်းနီ]
2026-10-08 11:28:07
1
Thant Zin Tun :
🙏🙏🙏
2026-10-08 11:29:03
1
May Su :
🙏🙏🙏
2026-10-08 12:48:46
0
TT ToeToe :
🙏🏻🙏🏻🙏🏻🙇🙇🙇
2026-10-08 12:02:21
1
Yu 🍀 :
[Pray][Pray][Pray]
2026-10-08 14:04:44
0
Dhamma Theingi :
🌹🌼🌸🏵️🌹🙏🙏🙏🌹🏵️🌸🌼🌹
2026-10-08 15:58:20
1
To see more videos from user @thant.zin.tun1981, please go to the Tikwm
homepage.