@fenhongse715: ပုဇွန်တောင်၌ ပုံးကားခေါင်းအတွင်း မြွေဝင်ရောက်၍ ယာဉ်မောင်းအား ကိုက်မိ၊ တိရစ္ဆာန်ဥယျာဉ်မှ မြွေဆရာများနှင့် ကူညီရေးအသင်းများ ပူးပေါင်းဖမ်းဆီးပေးခဲ့ရ ရန်ကုန်၊ အောက်တိုဘာ ၈၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၅၄) လမ်းထိပ်တွင် ရပ်နားထားသည့် ပုံးကား၏ ဦးခေါင်းအတွင်းသို့ မြွေတစ်ကောင် ဝင်ရောက်ကာ ယာဉ်မောင်းဖြစ်သူအား ကိုက်မိသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ လွန်ခဲ့သည့် အောက်တိုဘာလ ၇ ရက် နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်မောင်းဖြစ်သူမှာ မြွေကိုက်ခံရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ ဆေးကုသမှု ခံယူနေရသည်။ တစ်ချိန်တည်းမှာပင် ကားအတွင်း ကျန်ရှိနေသည့် မြွေအား ဖမ်းဆီးနိုင်ရေးအတွက် "ပူတူးနှင့်ဘော်ဒါများ"၊ "ဒီဃာယု" နှင့် "ကျီတော် (လောကဟိတာဝဟ)" လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ မြွေဆရာများအား အကူအညီတောင်းခံခဲ့သည်။ ထို့နောက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ မြွေဆရာများနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ ကားဦးခေါင်း ဒက်ရှ်ဘုတ် (Dashboard) အတွင်း ရောက်ရှိနေသည့် မြွေအား ထွက်လာအောင် ဆောင်ရွက်ကာ ဘေးကင်းစွာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးရမိသည့် မြွေမှာ "ခွေးမြွေဟောက်" (အဆိပ်မရှိသော မြွေအမျိုးအစား) ဖြစ်ပြီး ပြင်းထန်သည့် အန္တရာယ်ဖြစ်စေနိုင်သော အဆိပ် မရှိကြောင်း သိရှိရသည်။ #ပုဇွန်တောင် #မြွေကိုက်မှု #မြွေဖမ်းဆီးရေး #လူမှုကူညီရေး #MyDay
ယောကြီးရေခဲမုန့် ရေခဲချောင်း🍨
Region: MM
Thursday 08 October 2026 12:02:05 GMT
Music
Download
Comments
shinthantaung880 :
ခွေးမြွေဟောက်ဆိုတာခုမှကြားဖူးတာငါတယောက်ထဲလား
2026-10-08 12:56:58
92
Win Zaw myo :
ခွေးမြွေဟောက်ဆိုတော့ မြွေဆေးရော ခွေရူးဆေးရော နှစ်မျိုးလုံးထိုးရတော့မှာပေါ့ 😁😁😂😂😂
2026-10-08 13:43:52
18
Μÿâ🍀 Πëąř£🍀 Țĥãw€(Offical)🍀 :
ခွေးမွေဟောင်ဆိုတာဘာလဲ
2026-10-08 12:31:02
13
ဗျူဟာမှူးကြီး-သုခစံ :
အဲ့ဒီမြွေ တိရိစ္ဆာန်ဥယျာဉ်မှာ တသက်တကျွန်းကျပြီ။
2026-10-08 13:46:54
5
ko thet :
ခွေးမြွေဟောက် ဆိုတာ မြက်ရှေားထက်သေးတယ် သူကိုက်ရင် အဆိပ်မမှီဘူး မြွေဟောက်ထက် အဆိပ်ပြင်တယ်
2026-10-08 15:36:23
2
Ko Myo :
ပုံးကားဆိုတာ ဘာလဲ
2026-10-09 00:38:55
0
JuE YaDaNar HlainG ♡🐾 :
မြွေတော့ထောင်ကျပြီ
2026-10-08 18:24:03
1
ko kyaw96 :
ခွေးတပိုင်းမြွေတပိုင်းပါ😅😂
2026-10-08 13:11:13
7
pisces :
မြွေတစ်ကောင်ဖမ်းဖို့ကို လူစုံတက်စုံနဲ့ပါလား😂
2026-10-08 17:15:24
1
Suzy :
ခွေးမြွေဟောက်ကဘာကြီးလဲ ငါ့ပြကြပါဦးး🥺 ဘာမြွေလဲ
2026-10-09 05:27:25
1
Than Than Yee :
ပူလွန်းရင်မြွေတွေ ထွက်လာတတ်တယ်။သတိရှိကြပါ။
2026-10-08 13:28:47
6
Daw Wai :
ခွေးမြွေဟောက်က အကြီးဆုံးကလက်သန်းလုံးလောက်ပဲရှိတာ လည်ပင်းမှာအမဲရစ်နဲ့သူ့ကိုထိမှခုန်းပီးကိုက်တာ အဆိပ်မရှိပါဘူး
2026-10-09 03:20:43
1
Kyaw Zay Ya :
တိ ချစ်သူများအား လျှို့ဝှက်စွာ လက်ဆောင် ပေးသင့်ပါကြောင်း အကြံပြု့ပါသည်
2026-10-08 14:55:05
1
Sai Thein Than wai :
မြွေပြေးတဲ့ ဆေးတွေဘာတွေထုတ်နိုင်ရင်ကောင်းမယ် မြွေဆို အသံကြားတာနဲ့တင် ကြောက်
2026-10-09 03:20:19
1
Hnin si :
ခွေးမြွေဟောက်မမြင်ဘူးသေဘူး ငါ့တို့လည်း ပြထားအုံး စိတ်ညစ်ပါတယ် ဟယ် 😳
2026-10-08 15:30:14
2
green leaf :
ရေးပုံအရဆိုရင်ငန်းစောင်းဖြစ်မယ်
2026-10-09 01:07:03
1
Kyaw Kyaw :
ခွေးမြွေဟောက်မကြားဘူးဘူး
2026-10-08 22:47:52
1
Ko Myo :
ဘာကားအမျိုးအစားလဲဟ
2026-10-09 00:39:34
0
BK.7 :
ဒီမျိုးစိတ်အခုမှကြားဖူးတယ်
2026-10-08 13:59:01
1
Myint Mo :
2026-10-08 14:10:06
1
ဦးဦး :
ခွေးမြွေဟောက်ဆိုတာ ခွေးနဲ့မြွေဟောက်နဲ့အတူတူကိုက်တာပြောတာလား
2026-10-09 06:43:25
0
khin😊 :
ခွေးမြွေဟောက်ဆို ဆေးတောင်မမှီဘူး
ကြက်ဥ ဂိုးမြွေ ဒါမှမဟုတ်ရေမြွေပါ
2026-10-09 05:46:05
0
ko naing oo :
မနေ့က ကြားတာ ကြက်ဥခိုးမြွေလို့တော့ ပြောတယ် ဟ
2026-10-09 04:52:07
0
Yan paing :
အာမခံရပြီပေါ့ကွာ😁
2026-10-09 05:43:14
0
ပန်း ကလေး :
ဟင်🥺🥺🥺🥺
2026-10-08 14:32:56
0
To see more videos from user @fenhongse715, please go to the Tikwm
homepage.