@teadasuukyi08: လူမိုက်တွေများပီး လူတော်တွေမရှိတဲ့ တိုင်းပြည်မှာ တပါးသူ အပေါ် ငဲ့ညှာမှု့ ဆိုတာ ရှားပါး ပစ္စည်းတစ်မျိုး ဖြစ်လာခဲ့ပါပြီ အမေ။ မေတ္တာ နဲ့ ငြမ်းဆင်ပြီး ထမ်းတင်ပေးနေပေမဲ့ ဂဏန်း၊ပုတ်သင် ဝါးပင် လို လူမျိုးတွေကြောင့် မေတ္တာ စိတ်တွေ ပျက်ခဲ့မိတယ်။ လူခြင်း အတူတူပဲလေ ဆိုတဲ့ စိတ်နဲ့ လူကောင်းစိတ်လေး မွေးပေးပြန်တော့ တစ်လေးတစ်စား ဆက်ဆံရမဲ့ အစား လမ်းဖယ်ပေးဖို့ပဲ ဇွတ် အတင်း အော်နေတတ်ကြတယ်။ ကောင်းချင်ရင်တောင် ကောင်းဖို့ မဖြစ်နိုင်တဲ့ လူ့အတိုင်းအဝိုင်းကြားမှာ အမေ့သားလည်း လူတော်လူကောင်း ဖြစ်ဖို့ မလွယ်လှတော့ ဘူး အမေ။ ငွေပေးနိုင်မှ အလှူမြောက်တယ်လို့ထင် အစာကျွေးနိုင်မှ ဒါန မြောက်တယ်လို့ ထင်လာတတ်တဲ့ ခေတ်ကြီးထဲမှာ မေတ္တာ ဆိုတာ ဆေးဖက် မဝင်တော့ပါဘူး...။ လေးဘက်မျက်နှာကိုကြည့်တော့လည်း တောင်းသမှု့နဲ့ ပြည့်နေတဲ့ လူတွေကြီးပဲ အမေ။ လိုချင်သူတွေက များနေပီး ပေးလိုသူက မရှိသလောက်ရှားလာတယ်။ ဘာသာ တရားကို ဦးငဲ့ကြည့်တော့လည်း သိပ့်မထူးဘူး အမေ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ပါပဲ...။ အလိုကြိုက်လိုက်ခါ ဟောတဲ့ တရားတွေ များလာတော့ ဘုရားစကားတွေကို အချို့က အမှားလို့ မြင်လာတတ်ကြပီ။ သင်္ကန်းတာ ရုံထားပေမဲ့... သီလတော့ မလုံဘူး အမေ...။ ငွေရှိမှ လူရာဝင်တဲ့ ယနေ့ခေတ်မှာ သားတို့လို လူငမွဲရဲ့ စကားတွေက သူတို့နားထဲ မကြား ကြတော့ဘူး အမေ။ "ဘုရားသလောက်ပါတယ်" ဘုရားပေါပြီး တရားမရှိတဲ့ ဒီနိုင်ငံမှာ ကြာလာရင် ဒေဝရတ် က ဘုရားစင်စစ် ဧကန် ဖြစ်တော့မယ် အမေ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ🙏 ဓမ္မံ သရဏံ ဂစ္ဆာမိ🙏 သံဃံ သရဏံ ဂစ္ဆာမိ🙏 🌻ရွှေညာမြေ🌻ကိုနိုင်✍ ( အညာကြယ်တစ်ပွင့်) #🌻ရွှေညာမြေ🌻ကိုနိုင်✍ #foryoupage #မူရင်းစာရှင် #🌻shwenyarmyae🌻konaing✍ #စာတို
🌻ရွှေညာမြေ🌻ကိုနိုင်✍Official
Region: MM
Thursday 08 October 2026 13:37:37 GMT
Music
Download
Comments
🌻ရွှေညာမြေ🌻ကိုနိုင်✍Official :
အဆင်ပြေသလို နှစ်သက်သလို ပြန်သုံးနိုင်ပါတယ်ဗျ
2026-10-08 13:40:19
0
M 🚚C 🚚 W 🚚 :
ပြန်သုံးခွင့်ပြုပါဗျာ 🥰🥰
2026-10-10 09:28:33
1
🥰𝓚𝓸 𝓖𝔂𝓲🥰 :
မဂ်လာပါ
2026-10-09 15:11:13
1
K p g Lashio :
စာသားလေးအရမ်းကြိုက်တယ်
2026-10-09 10:14:39
1
Soe Htike :
🙃🙃:စာသားလေးတွေကြိုက်လို့ပြန်သုံးခွင့်ပြုပါအူးဗျ
2026-10-09 12:20:37
1
Zaw Win Maung :
🥰🥰မဂ်လာ ပါ ကိုနိုင်ရေ အဲ့တီးလုံးသံကြားရရင် အကြိမ်ကြိမ်အခါခါဓားနဲ့ထိုးခံရသလိုခံစားရတယ်ဗျာ စာသားတွေကလည်းကောင်းတော့ဖက်ပြီးငိုမိတယ်ဗျာ ကိုနိုင်ပြောသလိုပါပဲ မေတ္တာ တရားဆိုတာလူတိုင်းမက်မောတဲ့အရာပါ ဒါပေမယ့် လူတချို့က သူကပဲလိုချင်ခဲ့တာပါ ပေးဖို့ကြတော့ဝန်လေးနေတက်ကြတယ် ရေခံမြေခံမကောင်းရင်ကိုယ့်ဘက်ကဘယ်လောက်ပဲ ကြိုးစားပြီးမေတ္တာပန်းတွေစိုက်နေပါစေ မေတ္တာ ပန်းတွေမပွင့်လန်းဘူးကိုနိုင်ရေ အစစ အရာရာ အဆင်ပြေစေ သတိရ တယ် 😭😭😭😭😭😭💔💔💔💔💔💔💔💔💔💔💔
2026-10-09 08:51:17
1
🇲🇲Htet .Gyi🇲🇲 :
ပြန်ဆုံပါရစေ
2026-10-10 08:39:20
1
Kyaw Myo Htet :
တော်တယ်ကွာ
2026-10-08 13:44:17
1
🌼 Naing Ye Win 🌼 :
စာသားလေးကြိုက်လို့ပြန်သုံးခွင့်ပြုပါခင်ဗျ🥰
2026-10-11 02:50:53
0
Pi NAW KHAM 🙃🙃 :
စာသားလေးတွေကြိုက်လို့ပြန်သုံးခွင့်ပြုပါအူးဗျ
2026-10-09 01:18:17
1
HtweLin Aung :
🥰🥰🥰
2026-10-08 14:09:59
1
🧚♂️Htun Htun💫&🤴official👰 :
🙏🙏🙏
2026-10-08 16:01:50
1
To see more videos from user @teadasuukyi08, please go to the Tikwm
homepage.