@jos.meja.lopez:

José Mejía Lopez
José Mejía Lopez
Open In TikTok:
Region: MX
Thursday 08 October 2026 13:41:55 GMT
153
16
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @jos.meja.lopez, please go to the Tikwm homepage.

Other Videos

အောက်တိုဘာ ၁၂၊ ၂၀၂၆။   မန္တလေးမြို့မှာ ခရီးသည်က အိုးဝေသမားကို တိုက်ခိုက်ပြီး ယာဥ်လုယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က အောက်တိုဘာ ၁၁ ရက် ညနေ ၆ နာရီခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းရှိ မနော်ရမ္မံကစားကွင်းကနေ ခရီးသည် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ အမျိုးသားတစ်ဦးရဲ့ အိုးဝေသုံးဘီးယာဥ်ကို ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၆ လမ်းနဲ့ ၆၉ လမ်းထောင့်ကို လိုက်ပို့ဖို့ ငှားရမ်းခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အဆိုပါနေရာကို ရောက်တဲ့အခါ အိုးဝေသမားကို ခရီးသည်အမျိုးသားနဲ့ အမျိုးသမီးက ကျင်စက်တွေ၊ ဝက်အူလှည့်တွေနဲ့ ဝိုင်းထိုးကာ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၂၊ ၂၀၂၆။ မန္တလေးမြို့မှာ ခရီးသည်က အိုးဝေသမားကို တိုက်ခိုက်ပြီး ယာဥ်လုယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က အောက်တိုဘာ ၁၁ ရက် ညနေ ၆ နာရီခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းရှိ မနော်ရမ္မံကစားကွင်းကနေ ခရီးသည် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ အမျိုးသားတစ်ဦးရဲ့ အိုးဝေသုံးဘီးယာဥ်ကို ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၆ လမ်းနဲ့ ၆၉ လမ်းထောင့်ကို လိုက်ပို့ဖို့ ငှားရမ်းခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အဆိုပါနေရာကို ရောက်တဲ့အခါ အိုးဝေသမားကို ခရီးသည်အမျိုးသားနဲ့ အမျိုးသမီးက ကျင်စက်တွေ၊ ဝက်အူလှည့်တွေနဲ့ ဝိုင်းထိုးကာ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ "အသေကို ဝိုင်းထိုးကြတာပြောတယ်။ အိုးဝေလည်း လုခံရသလို ပိုက်ဆံအိတ်လည်း ပါသွားတယ်"လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ တိုက်ခိုက်ခံရတဲ့ အိုးဝေသမားကို ဆေးရုံကြီးပို့ဆောင်ထားပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ နီးစပ်သူတွေက ဆိုပါတယ်။ ညပိုင်းမှာတော့ လုသွားတဲ့ အိုးဝေကို ပြည်ကြီးတံခွန်မြို့နယ်ထဲက ထိန်ကုန်းလမ်းဆုံမှာ ပြန်လည်တွေ့ရှိခဲ့ပြီး လုယက်သူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။ #မန္တလေး #အိုးဝေ

About