@anon.anonlay: အရင်တုန်းက ပျော်ရွှင်မှုဆိုတာ လူအများကြီးနဲ့ စည်စည်ကားကားဖြစ်ရမယ်၊ စိတ်လှုပ်ရှားစရာကောင်းပြီး ထူးခြားရမယ်လို့ ထင်ခဲ့တယ်။ ကိုယ်ဝယ်ချင်တာတွေ အကုန်ဝယ်နိုင်ရမယ်၊ ကိုယ်သွားချင်တဲ့နေရာ အကုန်သွားဖူးရမယ်၊ သူများထက် ကိုယ့်ဘဝ ပိုကောင်းနေရမယ်။ အဲဒီလိုဖြစ်မှပဲ ကိုယ်ကြိုးစားခဲ့တာတွေ အလကားမဖြစ်ဘူးလို့ ခံစားရတယ်။ ဒါပေမဲ့ အခုချိန်ကျမှ သိလာတာက ... တကယ်တော့ ပျော်ရွှင်မှုဆိုတာ တစ်ခါတလေ သိပ်တိတ်ဆိတ်ပါတယ်။ တစ်နေ့လုံး အလုပ်ရှုပ်ပြီး ပင်ပန်းလာလို့ အိမ်ပြန်ရောက်တဲ့အခါ ထမင်းစားပြီးပြီလား လို့ မေးမယ့်သူတစ်ယောက် ရှိတာ။ မိသားစုအားလုံး ဘေးကင်းကျန်းမာနေတာ။ သားသမီးတွေ တဖြည်းဖြည်း ကြီးပြင်းလာတာကို ကိုယ်တိုင် မြင်နေရတာ။ ကိုယ်က တစ်ခါတလေ ခါးနာတယ်၊ ပခုံးနဲ့ လည်ပင်းတွေ တင်းတတ်တယ်။ ဒါပေမဲ့ ထမင်းကို ကောင်းကောင်းစားနိုင်သေးတယ်၊ ညဘက်လည်း ကောင်းကောင်းအိပ်နိုင်သေးတယ်။ တခြားသူရဲ့ဘဝနောက် ကိုယ် ပြေးမလိုက်တော့ဘူး။ တခြားသူရဲ့ဘဝက ကိုယ့်ထက် ကောင်းလို့ဆိုပြီးလည်း အားကျ မနာလိုဖြစ်မနေဘူး။ အရင်တုန်းက ကိုယ်လိုချင်တာ သိပ်များ တယ်။ အခုတော့ ကိုယ်ပိုဂရုစိုက်တာက တော်ရုံဆိုရပြီ... အဆင်ပြေရုံဆို ရပြီ" ဆိုတာပါ။ လုံလောက်ရုံရှိတဲ့ ဝင်ငွေ၊ အဆင်ပြေရုံရှိတဲ့ ဘဝ၊ ကိုယ့်ကို စိတ်ရင်းနဲ့ ခင်မင်တဲ့ သူငယ်ချင်းနည်းနည်း၊ ကိုယ့်အရှိကို အရှိအတိုင်း နေထိုင်လို့ရတဲ့ နေရာလေးတစ်ခု... ဒါတွေကလည်း ပျော်ရွှင်မှုဖြစ်တယ်။ ငယ်ငယ်တုန်းက ဘဝကို ပိုကောင်းလာအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ လူလတ်ပိုင်းအရွယ် ရောက်လာမှ အရာအားလုံးကို ဘဝထဲထည့်ထားဖို့ မလိုဘူး။ တချို့အရာတွေကို ကိုယ့်ဘဝထဲကနေ လွှတ်ချထားလိုက်မှ ကိုယ်ပိုင်ဆိုင်ထားတာတွေဟာ ကိုယ်ထင်တာထက်တောင် များမှန်း တဖြည်းဖြည်း နားလည်လာပါတယ်။ #နိုင်းနိုင်းစနေ #fypシ #🍀

Another Day
Another Day
Open In TikTok:
Region: MM
Thursday 08 October 2026 14:24:18 GMT
706
82
1
3

Music

Download

Comments

user758536679
Myat lay pann :
🥰🥰🥰
2026-10-08 17:37:30
0
To see more videos from user @anon.anonlay, please go to the Tikwm homepage.

Other Videos


About