@fenhongse715: ရွှေ၊ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များ အွန်လိုင်းမှ ရောင်းချမှုအား တားမြစ်၊ အောက်တိုဘာ ၂၆ ရက်မှစ၍ ဥပဒေအတိုင်း အရေးယူမည် ရန်ကုန်၊ အောက်တိုဘာ ၈၊ ၂၀၂၆ ဈေးကွက် တည်ငြိမ်ရေးနှင့် စားသုံးသူများ နစ်နာမှု မရှိစေရေးတို့အတွက် ရွှေ၊ ရွှေပါဝင်သည့် ပစ္စည်းများ၊ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များအား အွန်လိုင်းမှတစ်ဆင့် ရောင်းချခြင်းကို တားမြစ်ထားပြီး လိုက်နာခြင်း မရှိပါက လာမည့် အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရွှေ၊ ရွှေကြမ်း လက်ဝတ်ရတနာများ၊ ရွှေကြမ်းဖြင့် ပြုလုပ်ထားသည့် အနုပညာပစ္စည်းများနှင့် အသုံးအဆောင်များ ရောင်းဝယ်သည့် လုပ်ငန်းများအပြင် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များ ရောင်းချမှုအတွက် Online Sales မှတ်ပုံတင် လက်မှတ်များကို သက်တမ်းတိုးပေးခြင်း သို့မဟုတ် ခွင့်ပြုပေးခြင်း ပြုလုပ်မည် မဟုတ်ကြောင်း သိရသည်။ သို့သော်လည်း ကျောက်မျက် (သီးသန့်) ရောင်းချသူများအနေဖြင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လိုင်စင်နှင့်အတူ ရွှေ သို့မဟုတ် ရွှေပါဝင်သည့် ပစ္စည်းများ ရောင်းချခြင်း မရှိကြောင်း ဝန်ခံကတိပြုပါက အွန်လိုင်း မှတ်ပုံတင် ခွင့်ပြုပေးနေသည်။ အလားတူ ယာဉ်အပိုပစ္စည်း ရောင်းချသူများအနေဖြင့်လည်း မော်တော်ကား၊ မော်တော်ဆိုင်ကယ် ကိုယ်ထည်များ ရောင်းချခြင်း မဟုတ်ကြောင်း ဝန်ခံကတိဖြင့် လျှောက်ထားရမည်ဖြစ်သည်။ အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းများ ကြော်ငြာခြင်းကို ခွင့်ပြုထားသော်လည်း တိုက်ရိုက်ထုတ်လွှင့် ရောင်းချခြင်း (Live Sales) များကိုမူ ခွင့်ပြုမည် မဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ အွန်လိုင်းရောင်းချမှု မှတ်ပုံတင်များကို ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး စားသောက်ကုန်၊ အလှကုန်၊ ယာဉ်အပိုပစ္စည်း၊ FDA အသိအမှတ်ပြု ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ ဆက်သွယ်ရေး၊ ရုပ်သံနှင့် ကျောက်မျက် (သီးသန့်) ရောင်းချမှုများကိုမူ သတ်မှတ်ချက်များနှင့်အညီ ဆက်လက် ခွင့်ပြုပေးလျက်ရှိသည်။ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့် တင်ပြထားသည့် အချက်အလက်များနှင့် အမှန်တကယ် ရောင်းချမှု ကိုက်ညီရန် တာဝန်ရှိကြောင်း သတိပေးထားသည်။ #အွန်လိုင်းရောင်းချမှု #ရွှေနှင့်လက်ဝတ်ရတနာ #MyDay
ယောကြီးရေခဲမုန့် ရေခဲချောင်း🍨
Region: MM
Thursday 08 October 2026 14:27:17 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @fenhongse715, please go to the Tikwm
homepage.