@mingalarnews: စနေ၊ တနင်္ဂနွေတွင် ဘန်ကောက် မြို့နယ် ၃ ခုနှင့် ခရိုင် ၂၃ ခု၌ ရေကြီးမှုနှင့် မြေပြိုမှု အန္တရာယ် သတိပေး ထိုင်းအမျိုးသား ရေအရင်းအမြစ်ရုံး (ONWR) က လာမည့် အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်အထိ စနေ၊ တနင်္ဂနွေ သီတင်းပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် ဘန်ကောက်မြို့နယ် ၃ ခု အပါအဝင် ခရိုင်ပေါင်း ၂၃ ခုတွင် ရေကြီးရေလျှံမှု၊ ရုတ်တရက် တောင်ကျရေကျဆင်းမှုနှင့် မြေပြိုမှု အန္တရာယ်များကို အထူးဂရုပြု စောင့်ကြည့်ကြရန် အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ 📍 အန္တရာယ်ရှိ၍ အနီးကပ် စောင့်ကြည့်ရမည့် ဒေသများ -ဘန်ကောက်နှင့် အလယ်ပိုင်း: ဘန်ကောက်ရှိ နောင်ခဲမ်း (Nong Khaem)၊ ဘန်ခဲ (Bang Khae) နှင့် ဘန်ဘွန် (Bang Bon) မြို့နယ် ၃ ခုအပြင် ဆမွတ်ဆာခွန် (Samut Sakhon) ခရိုင်။ -မြောက်ပိုင်း: နန် (Nan) ခရိုင်။ -အရှေ့ပိုင်း: ရယောင်း (Rayong)၊ ဂျန်ထဘူရီ (Chanthaburi) နှင့် တရတ် (Trat) ခရိုင်။ -အနောက်ပိုင်း: ဆမွတ်ဆွန်ခရမ် (Samut Songkhram)၊ ကန်ချနဘူရီ (Kanchanaburi)၊ ရာချ်ဘူရီ (Ratchaburi)၊ ဖက်ချ်ဘူရီ (Phetchaburi) နှင့် ပရာကျွတ်ခီရီခန် (Prachuap Khiri Khan) ခရိုင်။ -တောင်ပိုင်း: ခြွန်ဖွန်၊ ရနောင်း၊ ဆူရတ်ဌာနီ၊ နခွန်စီထာမရတ်၊ ဖန်င၊ ဖူးခက်၊ ကရာဘီ၊ တရမ်း၊ ဖတ်ထလုန်း၊ စတူး၊ ဆုန်းခလာ၊ ယလာ နှင့် နရာသီဝပ် စသည့် ခရိုင် ၁၃ ခု။ ⚠️ မြစ်ရေလျှံမှုနှင့် ဆည်ရေထိန်းသိမ်းမှု သတိပေးချက် -ဆည်ကြီးများ စောင့်ကြည့်ခြင်း: ရေသိုလှောင်ပမာဏ ၈၀ ရာခိုင်နှုန်းကျော် ရောက်ရှိနေသည့် ရေလှောင်တမံကြီးများကို အနီးကပ် စောင့်ကြည့်ရန် ONWR က ညွှန်ကြားထားသည်။ -မြစ်ရေလျှံနိုင်သည့် မြေနိမ့်ဒေသများ: ပရာချင်ဘူရီ (Prachin Buri)၊ ဆာချိုအင်ဆာအို (Chachoengsao)၊ ဆာခဲအို (Sa Kaeo) နှင့် ဂျန်ထဘူရီ (Chanthaburi) မြေနိမ့်ပိုင်းများတွင် မြစ်လက်တက်များမှ ရေလျှံထွက်နိုင်ခြေ ရှိနေသည်။ တာဝန်ရှိ အေဂျင်စီများအနေဖြင့် ရေဆင်းလမ်းကြောင်း ပညာပေးခြင်း၊ ရေဘေးကာကွယ်ရေး စက်ကိရိယာများ အသင့်ပြင်ထားခြင်းနှင့် ရေထုစီမံခန့်ခွဲမှုများကို စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားပါသည်။ Source;ThaiPBS #fyp #foryou #mingalarnews #ထိုင်းရောက်ရွှေမြန်မာ #ထိုင်းရောက်ရွှေမြန်မာ🇲🇲🇲🇲🇲🇲 #ထိုင်းသတင်း

Mingalar News
Mingalar News
Open In TikTok:
Region: TH
Thursday 08 October 2026 16:27:33 GMT
5617
201
2
36

Music

Download

Comments

eiphyu4487
Ei Phyu :
အားလုံးဘေးကင်းကြပါစေ🙏🙏🙏
2026-10-08 17:27:38
0
aung.hein.kyaw081
Reside paradise :
😳😳😳😳🥰🥰🥰🥰🥰🥰🥰
2026-10-09 04:21:14
0
To see more videos from user @mingalarnews, please go to the Tikwm homepage.

Other Videos


About