@hadisdmz1:

hadisdmz
hadisdmz
Open In TikTok:
Region: US
Thursday 08 October 2026 17:14:33 GMT
252
36
1
0

Music

Download

Comments

ayaz.atish.moughal
LV 1 4YAZ 👻ayaziqbalmo2021 :
❤️❤️❤️MAHSALLAH❤️❤️❤️
2026-10-08 17:19:19
0
To see more videos from user @hadisdmz1, please go to the Tikwm homepage.

Other Videos

လောင်းကစားဆိုတာ   နိုင်လျှင်စွဲ  ရှုံးလျှင်မဲ    နောက်ဆုံးတော့  ဘဝ  ပျက်တတ်တယ် လောင်းကစား နွံနစ်နေရင်  လုပ်ရမှာ တစ်ခုတည်း ရှိတယ်။ ရောက်တဲ့ နေရာမှာ ရပ်လိုက်ဖို့ပဲ။ တစ်သိန်းလား နှစ်သိန်းလား။ ငါးသိန်းလား သိန်းနှစ်ဆယ်လား တစ်ရာလား။ ဘယ်လောက် ပမာဏပဲ ဖြစ်ဖြစ် အဲ့ဒီနေရာမှာ ချက်ချင်း ရပ်လိုက်ဖို့ လိုပါတယ်။ ရှုံးထားတဲ့ ပိုက်ဆံတွေကို ပြန်ရအောင် ယူမယ် ဆိုပြီး ဆက်ဆော့နေတာဟာ ကျားခံတွင်းထဲက အစာကို မရ ရအောင် နှိုက်ထုတ်နေသလိုပဲ။ ပြန်ရဖို့ထက် ထပ်ဆုံးရှုံးဖို့ပဲ ရှိတယ်။ ရှုံးနေတဲ့ တစ်သိန်းကနေ နောက်ထပ် သိန်းတစ်ရာ၊ ငါးသိန်းကနေ ဘဝပျက်တဲ့ထိ  ကုန်းကောက်စရာ မရှိတဲ့ထိ  တခဏချင်းမှာ ဖြစ်ပျက်သွားနိုင်တယ်။ လောင်းကစား သဘာဝ စစချင်း နိုင်မယ်။ ကံကြောင့်ဖြစ်ဖြစ် လူက လှည့်စားလို့ ဖြစ်ဖြစ် ငွေတစ်ရာနဲ့ လောင်းကစားလုပ်ရင်  တစ်ထောင် ဖြစ်ကောင်း ဖြစ်လာနိုင်လိမ့်မယ်။ ကိုယ်က ဒါကို မက်မောပြီး ငွေများများနဲ့ ဆက်ဆော့တဲ့အခါ နောက်ပိုင်း ရှုံးနေရင်းနဲ့ နိုင်ဖို့ မပြောနဲ့ အရင်း ပြန်ရဖို့သာ  ဦးတည်ပြီး ဆော့ရပါလိမ့်မယ်။ လောင်းကစားနဲ့ ပတ်သက်ရင် နွံနစ်တယ်ဆိုတဲ့ စကားလုံး သုံးတာက အသင့်တော်ဆုံးပဲ။ ရုန်းထွက်မရအောင် နစ်တာမို့ပါ။ ပြန်ရမလား ပြန်ရမလားနဲ့ လိုက်နေရင်းကနေ စိတ်ကုန် လူပမ်းလာလိုက် နည်းနည်းပါးပါး ပြန်နိုင်လာတဲ့အခါ ပြန်စိတ်ပါလိုက်။ နိုင်တာက မဆိုစလောက် ဖြစ်လာရင် ဝက်ဝက်ကွဲ ရှုံးထားတာတွေ ပြန်ရဖို့  လမ်းစလေး ရလာပြီဆိုပြီး ဆက်ဆော့လိုက်နဲ့  သံသရာလည်နေတာ။ ကိုယ့်မှာရှိတာကုန်ရင်  သူများဆီက လိုက်ချေးရလား ဝန်မလေးတော့ဘူး။ ပုံမှန် အခက်အခဲ ဖြစ်သလို မဟုတ်ဘဲ  အရမ်းလိုနေတာမို့ ဇောတွေကပ် အိနြေ္ဒမရဖြစ်ပြီး  အရမ်းလည်း ရှက်ဖို့ကောင်းတာ  သွေးအေးတဲ့အချိန် သိလိမ့်မယ်။ အချိန်ပြည့် စိတ်တို စိတ်ဆတ် စိတ်ဓာတ်ကျပြီး လူမှုပတ်ဝန်းကျင်နဲ့ မိသားစုကိုပါ အနှောင့်အယှက် ဖြစ်လာတတ်တယ်။ လိမ်ဖို့ ဘတ်ဖို့ ဝန်မလေးတော့ဘူး။ စာရိတ္တတွေပါ ထိခိုက်လာတတ်တယ်။ လောင်းကစားဆိုတာ တခါတလေ ကံစမ်းရုံ အပျင်းပြေရုံ ပျော်ရွှင်စရာလေး တစ်ခုခုကို ငွေကြေးရင်းပြီး ဖန်တီးရုံလောက်ပဲ ကောင်းတယ်။ ချမ်းသာချင်လို့ လောင်းကစား သွားမလုပ်နဲ့  မရပါဘူး။ ရှိသမျှ အကုန် တက်တက်စင်အောင် ပြောင်ဖို့ပဲ ရာခိုင်နှုန်း အရမ်းများပါတယ်။ ကိုယ့်ပိုက်ဆံနဲ့ အပျော်မှ ရှာချင်တယ် ဆိုရင်  Shopping အေးအေးဆေးဆေး ပတ်မလား။ သူငယ်ချင်းတွေကို ဘီယာ လိုက်တိုက်ဦးမလား။ စုချင်ရင် ရွှေဝယ်ထားမလား  မိဘကို ကန်တော့ဦးမလား  အများကြီး လုပ်လို့ရတယ်။ အခုက ကိုယ့်လုပ်အားခနဲ့  သူတပါးကို လုပ်ကျွေးမိနေတာ။ ပျော်သလားဆိုတော့ မပျော်ရဘူး။ အိပ်ရေးပျက် စိတ်ဖိစီး မျက်လုံးကိုက် လူက မိုးလင်းလာလို့မှ ကျက်သရေမရှိ။ ကိုယ်ရည်ကိုယ်သွေးနဲ့ အချိန်တွေပါ ပေးဆပ်လိုက်ရတာ။ အကြံပေးချင်တာကတော့ လောင်းကစားကြောင့် အကြွေးပိနေလား။ ရပ်လိုက်ပါတော့။ အဲ့နေရာမှာတင် ရပ်လိုက်ပါ။ ပြန်လိုက်ယူဖို့ မကြိုးစားပါနဲ့တော့။ ဘယ်က ပိုက်ဆံနဲ့ ဆပ်ရမှာလဲလို့ မပြောခင် ဘယ်က ပိုက်ဆံနဲ့ ဆက်ဆော့မှာလဲလို့ ပြန်မေးပါ။ ငွေတွေ ရှာရှာလာပြီး တွင်းနက်ကြီးထဲ ပစ်ချနေတာတွေ တော်လိုက်ပါတော့။ အပိုဝင်ငွေလေး ရချင်လို့ ဆိုင်ကယ်လေး ဝယ်ချင်လို့ အမေ့ကို အိမ်ဆောက်ပေးချင်လို့ ဖုန်းလေး လဲချင်လို့ အကြောင်းမျိုးစုံနဲ့ လောင်းကစားနွံနစ်နေသူတွေ တကယ်ပဲ ရည်မှန်းချက် ပြည့်ပြီလား။ ပြည့်ဖို့ရော အလားအလာ ရှိလား ကိုယ့်အရင်းတောင် ကိုယ်ပြန်ရအောင် စိတ်ရောလူပါ ပင်ပန်းဆင်းရဲစွာ ဆော့နေရတယ်မလား။ အရာရာတိုင်းမှာ ထွက်ပေါက်ရှိပါတယ်။ အကြွေးရှိနေရင် အလုပ် နှစ်ဆလုပ်။ ဂိမ်းတောင် တစ်ညလုံး မအိပ်ဘဲ ဆော့နိုင်သေးတာပဲ။ ကြွေးရှင်တွေကို ပြေရာပြေကြောင်း တောင်းပန်ပြီး မရှောင်ပုန်းဘဲ ကောင်းကောင်းရင်ဆိုင်ပါ။ အချိန်တစ်ခုလောက် ရအောင် တောင်းပါ။ မိဘရှိရင် ကူညီပေးမယ့်သူရှိရင် အကူညီတောင်းပါ။ ကတိတည်ပါ။ အချိန်တစ်ခုအတွင်းမှာ ပြသနာတွေ ဖြေရှင်းနိုင်သွားပါလိမ့်မယ်။ ဆက်မမိုက်မဲချင်ဖို့ပဲ လိုတာပါ။ ရုန်းထွက်နိုင်ပါစေ။  နောက်ဆုံး မှတ်ထားဖို့က လောင်းကစားဆိုတာ   နိုင်လျှင်စွဲ  ရှုံးလျှင်မဲ နောက်ဆုံးတော့  ဘဝ  ပျက်တတ်တယ်။ #crd

About