@kosaijvz993: . "တစ်ယောက်နဲ့တစ်ယောက် နေ့တိုင်းစကားပြောနေရာကနေ တဖြည်းဖြည်း စကားနည်းလာတဲ့အချိန်တွေ ရှိတတ်တယ်... "မနေ့ကဆို မနက်နိုးတာနဲ့ စာတစ်စောင်ရောက်လာတယ်... "ဒီနေ့တော့ ကိုယ်က စောင့်နေမှ ရောက်လာတယ်...နောက်နေ့ကျတော့ စောင့်နေလည်း မရောက်တော့ဘူး... "အရင်က မေးမြန်းနေကျ စကားတွေ မေးမလာတော့ဘူး... "အရင်က အရေးကြီးခဲ့တဲ့ ကိုယ့်အကြောင်းတွေ မေးမြန်းစရာမလိုတော့သလို ဖြစ်လာတယ်... "ဖုန်းခေါ်သံတွေ တိတ်သွားတယ်...စာပြန်ဖို့ ကြာလာတယ်... "နောက်ဆုံးတော့ ကိုယ်ကပဲ “သူအလုပ်များနေလို့ပါ” ဆိုပြီး ကိုယ့်စိတ်ကို ကိုယ်တိုင် ဖြေသိမ့်နေရတော့တယ်... "တစ်ချို့ နှုတ်ဆက်ခြင်းတွေမှာ စကားလုံးမလိုဘူး...“သွားတော့မယ်” ဆိုတဲ့ စကားတစ်ခွန်းတောင် မပါဘူး... "တဖြည်းဖြည်း အဆက်အသွယ်နည်းလာတာစာမပြန်တော့တာ ဖုန်းမခေါ်တော့တာ... "အရင်လို စိတ်မဝင်စား တော့တာတွေကပဲ နှုတ်ဆက်သွားတဲ့ အမှတ်အသားတွေ ဖြစ်နေတတ်တယ်... "တစ်ချို့လူတွေက ဘဝထဲက ထွက်သွားချိန်မှာ တံခါးကိုတောင် အသံမပေးဘဲ ပိတ်သွားကြတယ်... "ကိုယ်ကတော့ တံခါးမပိတ်သေးဘူးထင်ပြီး... တစ်ဖက်က ပြန်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အချိန်တွေ ဆက်စောင့်နေမိတယ်... "နာကျင်စေခဲ့တာက သူတို့ထွက်သွားတာ မဟုတ်ဘူး... "ဘာကြောင့် ထွက်သွားခဲ့လဲဆိုတဲ့ အဖြေမရှိခြင်းက ပိုနာကျင်စေခဲ့တာ... "ကိုယ်က ဘာမှားခဲ့လဲ...ဘာတွေပြောင်းလဲသွားလဲ...ဘယ်အချိန်ကစပြီး သူ့အတွက် ကိုယ်က မလိုအပ်တော့တာလဲ... "အဲ့ဒီမေးခွန်းတွေကို ကိုယ်တစ်ယောက်တည်းပဲ ပြန်မေးနေရတယ်... "ဒါပေမယ့် အချိန်ကြာလာတော့ နားလည်လာတယ်... "လူတိုင်းက ကိုယ့်ဘဝထဲမှာ...ထာဝရနေဖို့ ရောက်လာကြတာ မဟုတ်ဘူး... "တစ်ချို့က သင်ခန်းစာတစ်ခု ပေးဖို့ တစ်ချို့က အမှတ်တရတစ်ခု ချန်ထားဖို့... "တစ်ချို့ကတော့...တိတ်တဆိတ် နှုတ်ဆက်သွားဖို့ပဲ ရောက်လာကြတာ... "အဲ့ဒီအချိန်မှာ ကိုယ်လုပ်နိုင်တာက သူတို့နောက်ကို အတင်းလိုက်ဖို့ မဟုတ်တော့ဘူး... "တစ်ချို့အဆုံးသတ်တွေမှာ အဖြေမရတာကိုလည်း အဖြေတစ်ခုအဖြစ် လက်ခံတတ်ဖို့ပါပဲ... "တကယ်တော့...လူတစ်ယောက်ရဲ့ ထွက်ခွာခြင်းဟာ အမြဲတမ်း စကားနဲ့ စတင်တာမဟုတ်ဘူး... "တိတ်ဆိတ်လာတဲ့ စကားတွေ ပျောက်ကွယ်လာတဲ့ အာရုံစိုက်မှုတွေ... "နည်းလာတဲ့ ဆက်သွယ်မှုတွေကပဲ တစ်နေ့နေ့မှာ ကိုယ့်ကို “ဒီအချစ်က ပြီးသွားပြီ” လို့ ပြောနေတတ်တယ်... "ဒါကြောင့် တစ်ချို့ နှုတ်ဆက်ခြင်းတွေဟာ... “သွားတော့မယ်” လို့ ပြောစရာတောင် မလိုဘူး... "စကားလုံးမလိုတဲ့ နှုတ်ဆက်ခြင်း'' တွေက တိတ်ဆိတ်မှုနဲ့ပဲ လမ်းခွဲသွားတတ်ကြတယ်... 📖 𝑲𝒐 𝑺𝒂𝒊 🖋️
📖 𝑲𝒐 𝑺𝒂𝒊 🖋️
Region: MM
Thursday 08 October 2026 23:52:41 GMT
Music
Download
Comments
Bunny Tales :
အမှန်ဘဲအရမ်းကိုတိတ်ဆိတ်စွာထွက်ခွါသွားပါတယ်ကိုယ်ကတော့မအားလို့နေမှာပါဆိုတဲ့စိတ်နဲ့ကိုယ်ဘက်ကအမြဲဘဲဆက်သွယ်တယ်တဖက်ကတော့အေးဆေးတိတ်ဆိတ်သွားတယ်
2026-10-09 02:22:39
1
လရိပ် :
ရငလထဲ့မှာဘာတေဖြစ်နေလည်းဆိုတာမသိပဲကိုယ့်အထင်နဲ့ဆုံးဖြတ်လိုက်တာလား🥰🥰🥰🥰🥰🥰
2026-10-09 01:52:44
1
Sun Sun :
တိတ်ဆိတ်စွာနဲ့ လမ်းခွဲသွားခြင်း..💔💔💔
2026-10-09 04:09:21
0
Ma Mu :
🌹🌹🌹အရာရာအဆင်ပြေပါစေရှင်
2026-10-09 01:34:17
1
လရိပ် :
ဘယ်သူကနုုတ်ဆက်ခြင်းလို့ဘယ်သူပြောလည်း
2026-10-09 01:51:19
1
♥♥♥ying ying♥♥♥chitmait :
🥰🥰🥰🥰🥰
2026-10-09 02:19:23
1
သီတာ၀င်း :
🥰🥰🥰
2026-10-09 01:12:56
1
winmar1? :
🥰🥰🥰🥰🥰🥰🥰🥰😅😅
2026-10-09 02:34:03
1
user52569917094108နန်နွယ် :
🥰🥰🥰
2026-10-09 00:08:22
2
To see more videos from user @kosaijvz993, please go to the Tikwm
homepage.