@halen_ivanka: L ဆိုင်းဇီ ရဲ့ ဟိုတုန်းကလို သီချင်းကို အားလုံးသိကြပေမယ့် " ဘဝမှာ အိမ်ပြန်ချိန်တွေနောက်ကျမှာစိုး ..." ဆိုတဲ့စာသားကို ကျွန်တော်တို့ တကယ်နားလည်ခဲ့ကြရဲ့လား ... ကျွန်တော်တို့ဘဝတွေမှာ " အိမ်နဲ့တူတဲ့သူ " ဆိုတာ အနားမှာပဲ တကယ်ရှိနေကြပါတယ် ... ကိုယ့်ရဲ့ ကောင်းခြင်း ၊ ဆိုးခြင်း အရာရာကို မေတ္တာနှလုံးသားနဲ့ နားလည်ပေးနိုင်တဲ့သူ ... ကိုယ် ဝမ်းနည်းနေချိန်တိုင်း သွားရင်ဖွင့်လို့ရတဲ့သူ ... ကိုယ် စိတ်ရှုပ်နေတိုင်း သွားတိုင်ပင်လို့ရတဲ့သူ ... နွေရာသီမှာ ထီးတစ်လက်လိုဖြစ်ပေးရုံသာမက မိုးရာသီမှာ မိုးကာလေးတစ်ထည် ... ဆောင်းရာသီမှာ သိုးမွှေးမာဖလာလေးတစ်ထည်လို အမြဲနွေးထွေးမှုကို ခံစားစေမိတဲ့သူ ... အဲဒီလူဟာ ... မိသားစု မောင်နှမထဲကလည်း ဖြစ်ချင်ဖြစ်မယ် သူငယ်ချင်းလည်း ဖြစ်ချင်ဖြစ်မယ် ချစ်သူရည်းစားလည်း ဖြစ်ချင်ဖြစ်မယ် Online မှာ စကားပြောဖော်လည်း ဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် ... သူဟာ အိမ်နဲ့တူတဲ့သူ ပါပဲ လောကကြီးက မတရားဘူးဆိုတဲ့အတိုင်း မတရားမှုတွေကို ကျူးလွန်ကြသူတွေဟာ လောကကြီးထဲက လူတွေပါ ... ကိုယ့်အပေါ် အချိန်တိုင်း အမြဲတိုင်း အရာရာကောင်းပေးနေတဲ့ အဲ့လို အိမ်နဲ့တူတဲ့သူရဲ့ တန်ဖိုးကို ကြာလာလေ မြင်ဖို့ခက်လာလေလေ ... တန်ဖိုးထားပေးဖို့ ခက်လာလေလေ ဖြစ်တတ်ကြပါတယ် ... ငါ ဘယ်ချိန်ပြန်ပြေးသွား ပြေးသွား ဒီအိမ်လေးဟာ အမြဲတံခါးဖွင့်ထားမှာပါလေ ဆိုပြီး တန်ဖိုးထားဖို့ မေ့နေတတ်ကြတယ် ... ပြန်ပြီ လေးစားပေးရမှာတွေ မေ့နေတတ်ကြတယ် ... ပြန်ပြီး နွေးထွေးပေးသင့်တာတွေ မေ့နေတတ်ကြတယ် ... တကယ်တော့ ဒီအိမ်လေးဟာလည်း နှလုံးသားနဲ့လူပါပဲ အရာအားလုံးမှာ Limit ရှိသလို ကောင်းပေးနေသမျှအရာအားလုံးဟာလည်း မလေးမစားလုပ်ခံရဖို့ ၊ ပစ်ပယ်ခံရဖို့ ၊ တန်ဖိုးမထားခံရဖို့ မဟုတ်ခဲ့ကြပါဘူး ... ဒါကြောင့် " မက်မက်မောမောမုန်း " ရုပ်ရှင်ကားကြီးမှာ မုန်းဒါလီ အဖြစ်သရုပ်ဆောင်ထားတဲ့ မမေမီကိုကိုရဲ့ အိမ်နဲ့တူတဲ့သူဆီ နောင်တတွေနဲ့ အပြန်လမ်းမှာ L ဆိုင်းဇီ ရဲ့ ဟိုတုန်းကလို သီချင်းလေးကို မရမကအသုံးပြုခွင့်ဝယ်ပြီး သေချာအဓိပ္ပါယ်ရှိရှိ အသုံးပြုဖြစ်ခဲ့တယ် ... ဟိုတုန်းကလို သီချင်းလေးထဲက ကောင်မလေးကတော့ .... " မင်းအချစ်တွေကို နားလည်ခဲ့ပြီး အခုတော့ မင်းရှေ့ကို ..." ဆိုပြီး သူ့ဘဝမှာ အိမ်နဲ့တူတဲ့သူ ရဲ့တန်ဖိုးကို တကယ်နားလည်သွားတဲ့အချိန် နောင်တတွေနဲ့ အပြေးလေးပြန်သွားတဲ့အချိန်မှာ " ဘဝမှာ အိမ်ပြန်ချိန်တွေနောက်ကျမှာစိုး ... " ဆိုပြီး နောင်တတွေနဲ့ စိုးရိမ်ခဲ့ရတယ် ကျွန်တော်တို့ရော စိုးရိမ်သင့်နေပြီလား ... တကယ် နောက်ကျချိန်ရောက်နေပြီလားဆိုတာ သေချာတွေးဖို့ လိုနေပါပြီ ... " အချိန်တန် အိမ်ပြန်တယ် အတွေးနဲ့ နောက်ကျမှ ငိုစရာတွေကို မတွေးရဲ ..." ဆိုတဲ့အတိုင်းပဲ ကျွန်တော်တို့ရော ဘယ်ချိန်ပြန်ပြန်ရပါတယ်ဆိုပြီး ဒီအိမ်လေးရဲ့ မေတ္တာတွေကို မလေးမစားလုပ်မိနေကြပြီလား ... " တဖြည်းဖြည်းနဲ့ အိမ်အပြန်လမ်းပေါ် ကိုယ့်နှလုံးသားမှာ ခံစားရလာ ... " ဆိုတဲ့အတိုင်း ကိုယ်ကိုယ်တိုင် တကယ်ခံစားရမယ့်အဖြစ်မျိုးကို ကိုယ်တိုင် တကယ်လုပ်မိနေကြပြီလား ... အိမ်နဲ့တူတဲ့လူတစ်ယောက်ဆီကို နောင်တတွေနဲ့ပြန်ကြရတဲ့ အိမ်အပြန်လမ်းဟာ နောက်ကျမသွားဖို့လိုပါတယ် ... နောင်တရတဲ့တစ်နေ့ကျမှ ဒီအိမ်လေးဆီ ကျွန်တော်တို့ပြန်ရောက်ကြတဲ့အခါ ... ကိုရွှေထူးရဲ့ " တံခါးဖွင့်ထားပါတယ် " သီချင်းနဲ့ ပြန်ကြိုဆိုနေရင်တော့ ကောင်းပါတယ် ... ကိုမျိုးကြီးရဲ့ " မလာပါနဲ့ " သီချင်းနဲ့ ပြန်ကြိုဆိုရင်တော့ ကျွန်တော်တို့ဟာ အိမ်ပျောက်သူဘဝရောက်ရပါလိမ့်မယ် ... ဘဝမှာ အိမ်နဲ့တူတဲ့သူ ပျောက်ဆုံးသွားရတာဟာ ... အိမ်ပျောက်သူ ဖြစ်သွားရတာဟာ ... အတော့်ကိုမှ နာကျင်စရာကောင်းလှပါတယ် ဒါကြောင့် အချိန်မနှောင်းခင်မှာ ကိုယ့်ဘဝရဲ့ အိမ်နဲ့တူတဲ့သူတွေကို သေချာတန်ဖိုးထားတတ်ကြပါစေ .... ကိုယ်ကိုယ်တိုင်ကလည်း တစ်ဖက်လူအတွက် အိမ်နဲ့တူတဲ့သူ အဖြစ် ပြန်ရှိပေးနိုင်ကြပါစေ ... အိမ်ပျောက်သူ ဘဝကို မရောက်ရှိဖို့ အချိန်မှီနိုင်ကြပါစေလို့ တောင်းဆုပြုရင်း ... --------------------------- #fyp #tiktok #viralvideo #crd

Zyn
Zyn
Open In TikTok:
Region: MM
Friday 09 October 2026 01:13:02 GMT
17425
2131
2
142

Music

Download

Comments

etkyt34
KʏT :
ပြန်တင်လို့ရလားရှင့်
2026-10-09 01:49:27
1
.happy20268
Ariel2007 :
🥺🥺🥺🥺🥺
2026-10-09 07:34:09
0
To see more videos from user @halen_ivanka, please go to the Tikwm homepage.

Other Videos


About