@hlaing.kyi116: ဘေးနားမှာ ဘယ်သူမှ မရှိဘူးလို့ တွေးမလို့ ကြံတုန်းပဲ ရှိသေးတယ်၊ “ငါ သင့်အနားမှာ အမြဲတမ်းရှိတယ်လို့ ပြောတဲ့အသံ”ကို ကြားလိုက်ရတယ်။ ငါ့ကို ဘယ်သူမှလည်း ဘယ်သူကမှ မချစ်ကြဘူး၊ ဂရုမစိုက်ကြဘူးလို့ တွေးမလို့ ကြံတုန်းပဲ ရှိသေးတယ်၊ “ငါ သင့်ကို ထာဝရအတွက် ချစ်တာ၊ပါ၊ အမြဲတမ်း ဂရုစိုက်ပေးနေတယ်လို့ ပြောတဲ့အသံ”ကို ကြားလိုက်ရတယ်။ အကူအညီမဲ့နေလို့ ဘယ်သူမှ ငါ့ပြဿနာ တွေကို မမြင်ပေးကြဘူး၊ ဘယ်သူမှလည်း ငါ့အခက်အခဲကို နားမလည်ပေးကြဘူးဆိုပြီး တွေးမလို့ ကြံတုန်းပဲ ရှိသေးတယ်၊ “သင့်ပြဿနာတွေကို ငါမြင်တယ်၊ သင့်ပြဿနာတွေထက် ငါပိုကြီးမြတ်တယ် ဆိုတာ မသိဘူးလားဆိုတဲ့ ပြောတဲ့အသံ”ကို ကြားလိုက်ရတယ်။ ငါအသက်ရှင်တာ အလကားပါ၊ အကျိုးမရှိဘူးလို့ တွေးမလို့ ကြံတုန်းပဲ ရှိသေးတယ်၊ “သင်ဟာ ငါ့အသက်နဲ့ ရွေးဝယ်ထားတာ၊ အရာအားလုံးထက် သင်ဟာ တန်ဖိုးကြီး တဲ့သူ ဖြစ်တယ်လို့ ပြောတဲ့အသံ” ကို ကြားလိုက်ရတယ်။ ခုသိလိုက်ပါပြီ💌 “ကျွန်တော်အတွက် ထာဝရစိုးရိမ်ပေးတဲ့သူ၊ ကျွန်တော့်ကို ထာဝရအကူအညီပေးမယ့်သူ၊ ကျွန်တော့်ပြဿနာထက် ကြီးမြတ်တဲ့သူ၊ ကျွန်တော့်ကို သူ့အသက်နှင့်အမျှ ချစ်တဲ့သူ။ ကျွန်တော့်မှာ ရှိတယ်ဆိုတာ။ အဖရေ……. ✝️ကိုယ်တော် ကျွန်တော့်အတွက် ရှိနေသေး သရွေ့တော့ ကျွန်တော်ဟာ ပြည့်စုံတဲ့သူ၊ ✝️ကိုယ်တော် ကျွန်တော့်ဘက် ရပ်တည်နေ သေးသရွေ့တော့ ကျွန်တော်ဟာ အနိုင်ရတဲ့သူ၊ ✝️ကိုယ်တော် ကျွန်တော့်အတွက် ရှိနေသေး သရွေ့တော့ ကျွန်တော်ဟာ တန်ဖိုးကြီးတဲ့သူဆိုတာ ကျွန်တော် ဝန်ခံပါတယ်။ 💌တကယ်တော့ ကိုယ်တော်သာ ကျွန်တော့်ရဲ့အရာရာပါ👏

🐼 H 🐼
🐼 H 🐼
Open In TikTok:
Region: MY
Friday 09 October 2026 02:41:30 GMT
123
14
0
2

Music

Download

Comments

There are no more comments for this video.
To see more videos from user @hlaing.kyi116, please go to the Tikwm homepage.

Other Videos


About