@farida12428:

farida12
farida12
Open In TikTok:
Region: ID
Friday 09 October 2026 03:17:14 GMT
0
0
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @farida12428, please go to the Tikwm homepage.

Other Videos

အရင်လူနဲ့ နှစ်တွေအများကြီး တွဲခဲ့ဖူးတဲ့ မိန်းကလေးမျိုးဆို ရှောင်သင့်တယ်လို့ ငါပြောချင်တယ်။ ဘာလို့လဲ သိလား…မင်းက သူ့အပေါ် ဘယ်လောက်ကောင်းပေးပေး၊ ဘယ်လောက်ဂရုစိုက်ပေးပေး၊ သူလိုချင်တာတွေ ဖြည့်ဆည်းပေးပြီး သူ့အတွက် အရာရာပေးဆပ်ခဲ့ရင်တောင် တစ်ခါတလေ မင်းမသိလိုက်တဲ့ လိုအပ်ချက်လေးတစ်ခုကြောင့် မင်းဟာ လူဆိုးတစ်ယောက်ဖြစ်သွားနိုင်တယ်။အဲ့ဒီအချိန်မှာ မင်းကို ထားခဲ့ပြီး ဖောက်ပြန်သွားခဲ့တဲ့ အရင်လူကတောင် သူ့အပေါ် ကောင်းခဲ့ဖူးတဲ့သူ၊ သူ့ကို နားလည်ပေးခဲ့တဲ့သူ၊ သူ့အတွက် အရာရာလုပ်ပေးခဲ့တဲ့သူအဖြစ် ပြန်ဖြစ်သွားတတ်တယ်။မင်းပေးခဲ့တဲ့ မေတ္တာတွေ၊ မင်းစွန့်လွှတ်ခဲ့ရတဲ့ အရာတွေ၊ မင်းတိတ်တိတ်လေး မျိုသိပ်ခဲ့ရတဲ့ နာကျင်မှုတွေကတော့ ဘယ်သူ့အတွက်မှ အရေးမပါတော့ဘူး။တကယ်တော့ လူတစ်ယောက်ရဲ့ အတိတ်ကို မင်းပြိုင်လို့မရဘူး။ ဘာလို့လဲဆိုတော့ မင်းမရှိခဲ့တဲ့အချိန်က အမှတ်တရတွေကို မင်းဖျက်ပစ်လို့မရသလို၊ မင်းပေးတဲ့မေတ္တာနဲ့ သူ့ရဲ့အတိတ်က ခံစားချက်တွေကိုလည်း အစားထိုးပစ်လို့မရဘူး။တချို့မေတ္တာတွေက ပေးတိုင်း ပြန်ရမယ်လို့ မထင်နဲ့။ ကိုယ်က အကောင်းဆုံးပေးဆပ်ခဲ့ပေမဲ့ ကိုယ်ရသင့်တဲ့ တန်ဖိုးထားမှုကိုတောင် ပြန်မရနိုင်တဲ့အချစ်တွေ ရှိတယ်။ မိန်းကလေးတစ်ယောက်ဟာ တကယ်ချစ်မိပြီဆိုရင် သူ့မိဘတွေကိုတောင် အံတုပြီး သူချစ်တဲ့သူဘက်က ရပ်တည်ပေးနိုင်တယ်။ မိသားစုရဲ့ သဘောမတူမှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေ၊ ဘယ်လောက်ခက်ခဲတဲ့ အခြေအနေမျိုးပဲဖြစ်ဖြစ် သူချစ်တဲ့သူအတွက် ရင်ဆိုင်ရဲတယ်။ဒါပေမဲ့ အဲဒီလို ရင်ဆိုင်ခဲ့ဖူးတဲ့သူတစ်ယောက်ရဲ့ နှလုံးသားထဲမှာ အရင်လူအတွက် နေရာလွတ်တစ်ခု ကျန်နေသေးရင်တော့ မင်ဘယ်လောက်ကြိုးစားကြိုးစား မင်းရဲ့ကြိုးစားမှုတိုင်းက သူ့အတိတ်နဲ့ နှိုင်းယှဉ်ခံရနိုင်တယ်။ဒါကြောင့် အရင်လူရှိဖူးတာကို မကြောက်နဲ့။ အရင်လူကို မမေ့နိုင်သေးတဲ့သူနဲ့ ကိုယ့်ဘဝကို မတည်ဆောက်မိဖို့ပဲ သတိထား။မင်းကို တကယ်ချစ်တဲ့သူဟာ မင်းကို အရင်လူနဲ့ နှိုင်းယှဉ်နေမှာမဟုတ်ဘူး။ မင်းပေးတဲ့မေတ္တာကို တန်ဖိုးထားမယ်၊ မင်းရဲ့ကြိုးစားမှုကို အသိအမှတ်ပြုမယ်၊ မင်းမပြည့်စုံတဲ့အချိန်မှာတောင် မင်းကို နားလည်ပေးဖို့ ကြိုးစားမယ်။ ဘာလို့လဲဆိုတော့ အချစ်ဆိုတာ အတိတ်ကလူတစ်ယောက်ကို အနိုင်ယူပြဖို့ ပြိုင်ပွဲတစ်ခုမဟုတ်ဘူး။ လက်ရှိကိုယ်ချစ်တဲ့သူနဲ့ အနာဂတ်ကို အတူတည်ဆောက်သွားဖို့ပဲ ဖြစ်တယ်။ကိုယ့်ရဲ့အချစ်ကို သက်သေပြဖို့အတွက် တခြားတစ်ယောက်ရဲ့ အရိပ်အောက်မှာ တစ်သက်လုံး ရပ်နေစရာမလိုဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။ ကိုယ့်ကို မရွေးချယ်နိုင်သေးတဲ့သူအတွက် ကိုယ့်ဘဝတစ်ခုလုံးကိုမပေးဆပ်လိုက်ပါနဲ့❤️ Crd #fyp

About