@lindahuynh512:

Linda Huynh
Linda Huynh
Open In TikTok:
Region: US
Friday 09 October 2026 04:28:19 GMT
1245
65
2
1

Music

Download

Comments

tammyyqu
TamTamne🫶🏼 :
Đẹp quá đi trời ơi
2026-10-09 06:16:45
0
To see more videos from user @lindahuynh512, please go to the Tikwm homepage.

Other Videos

ကိုယ့်ဘက်ကနေပြီး သူ့အပေါ် စိတ်ရော လူပါ နစ်မထားနိုင် ၊ မေတ္တာနဲ့အတူ သစ္စာပါ မပေးနိုင်ရင် … ဘယ်သူ့ကိုမှ ချစ်တယ်လို့ မပြောသင့်ဘူး ။ တစ်ဖက် လူအပေါ်  စေတနာတွေ ရက်ရက်ရောရော မရှိရင် လည်း ဆွဲမထားရဘူး ။ ကိုယ့်ဘက်ကနေပြီး အသွားပြန် ညီမျှတဲ့စိတ်နဲ့ ၊ ထပ်တူကျတဲ့ ချစ်ခြင်းမေတ္တာမျိုး မရှိပဲ … အချစ်ခံရတာကို ကြိုက်ရုံနဲ့ အခြားသူရဲ့ အချိန်တွေ ၊ energy တွေ ၊ ငွေတွေကို ညာမယူရဘူး ။  အဲတာတွေဟာ အကုသိုလ် များတဲ့အရာတွေ ဖြစ်တယ် ။ လူတွေဟာ အချစ်နဲ့ပတ်သက်လို့ စိတ်ဒဏ်ရာတွေပေးမိတာ ၊ ပူလောင်စရာတွေ လက်ဆင့်တာ ၊ သူ့များအသည်းနဲ့ ကစားတာတွေကို … အချစ်ရဲ့ သဘာဝပဲလို့ Normalize လုပ်ပြီး အကုသိုလ်ကို အကုသိုလ်မှန်းမသိ ဖြစ်နေတတ်ကြတယ် ။  လောကမှာ ကိုယ့်ကို နာကျင်အောင် အလုပ်နိုင်ဆုံးက ကိုယ်ချစ်ရတဲ့သူတွေဖြစ်တယ် ။ သူ့အပေါ် လွန်လွန်ကဲကဲထားမိတဲ့ စေတနာ ၊ မေတ္တာ နှင့် effort တွေက တစ်ခုခုဆိုရင် ကိုယ့်ကို နာကျင်စေတယ် ။ ဒါကြောင့် ကိုယ့်ကို ချစ်နေရသူအတွက်ကလည်း ကိုယ်ဟာ နာကျင်စေဖို့ အလွယ်ဆုံးပဲ ။ ကိုယ့်ဆီက စကားတစ် ခွန်း ၊ အပြုမူတစ်ခုကတောင် ကိုယ့်ကိုချစ်နေရသူအတွက်တော့ အသည်းခိုက်အောင် နာစေလို့ရတယ် ။ ဒါကြောင့် ချစ်ရတာရော ၊ အချစ်ခံရတာရောဟာ နှစ်ဦးနှစ်ဖက် မညီမျှရင် ကြောက်စရာပါ ။ ချစ်ပေးရတာဟာ ကုသိုလ်လို့ သတ်မှတ်ပြီး မျှော်လင့်ချက်မပါပဲ အဖြူထည်စိတ်လေးနဲ့ ချစ်နေတာမျိုးမဟုတ်ပဲ … ကိုယ့်အပေါ် တစ်ဘဝစာ စိတ်နှစ်ထားတဲ့သူ ၊ ကိုယ့်ဆီမှာ မျှော်လင့်ချက်ကြီးကြီးထားနေတဲ့သူကို နာကျင်စေတာဟာ အင်မတန် အကုသိုလ်များတဲ့အရာဖြစ်တယ် ။  ဒါကြောင့် ထပ်တူညီတဲ့ မေတ္တာမျိုးမပေးနိုင်ရင် ကိုယ့်လိုချင်မျက်စိနဲ့တော့ တစ်ဖက်လူကို အနားမှာ မထားရဘူး ။ လုံလုံလောက်လောက် မေတ္တာမရှိနိုင်သူအပေါ်ဆို ဘယ်သူကမှ သစ္စာတရား ၊ အလေးနက်ထားမှု နှင့် အချိန်တွေကို စိတ်လိုလက်ရမပေးနိုင်ဘူး မဟုတ်လား ။ ကိုယ်လည်း ပေးနိုင်မှာ မဟုတ်ဘူး ။  အဲဒီအရာတွေကို ကိုယ့်ဆီက မျှော်လင့်နေသူအတွက်တော့ အရာရာဟာ နာကျင်စရာတွေ ဖြစ်နေမှာပါ ။ သူကိုယ်တိုင်ပဲ တောင်းဆိူမှုတွေ များနေလို့လား ၊ သူ့ဖြစ်တည်မှုကပဲ လိုအပ်ချက်တွေရှိနေလို့များလားဆိုတဲ့ အားငယ်စိတ်တွေနဲ့ စိတ်ရောလူပါ လုံးပါးပါးနေလိမ့််မယ် ။ တကယ်တော့ ဖြစ်နေသမျှအရာရာဟာ သူ့ကို တကယ်မချစ်တဲ့ ကိုယ့်အနား နေနေမိလို့သာဖြစ်တယ် ။  အဲတာကြောင့် … လုံလောက်တဲ့ မေတ္တာမထားနိုင်သူကို မျှော်လင့်ချက်တွေ မပေးမိစေနဲ့ ။ စိတ် နှစ်ထားမိတဲ့သူဟာ ရယ်အောင် ၊ ငိုအောင် လုပ်နိုင် သလို ၊ စိတ်ရောလူကိုပါ သေအောင်လည်း သတ် နိုင်တယ် ။ ပြည့်ပြည့်ဝဝ မချစ်မနှစ်သက်ပဲ ဟန်ဆောင်လိမ်ညာပြီး ချစ်စကားပြောတာဟာ အကုသိုလ် လုပ်ရပ်ဖြစ်တယ် ။ ကိုယ့်အတွက် စေတနာထားရလောက်အောင် မြတ်နိုးမှုမျိုး မဟုတ်ရင် တစ်ဖက်လူရဲ့ နာကျင်မှုတွေ ၊ သံသယတွေ ၊ စိတ်မချမှုတွေကို အပိုအလုပ်တွေလို့ ထင်နေတတ်တယ် ။ တကယ်ချစ်ရသူအတွက် serious ဖြစ်နေလည်း … ကိုယ့်အတွက်တော့ အာရုံနောက်စရာကိစ္စထက် မပိုတာမျိုးပေါ့ ။  ကိုယ့်ကို ချစ်နေရသူရဲ့ ရင်ထဲ ဝင်မကြည့်ပဲ gaslighting တွေလုပ်ပြီး နာကျင်စေတာ ၊ တစ်ဖက်လူက စောင့်မျှော်နေမှာကို သိရက်နဲ့ ဖုန်းမခေါ် ၊ စာမပို့နိုင်ပဲ အပြင်မှာ ပျော်ပါးစားသောင်နေတာတွေဟာ တကယ်တော့ ငရဲယူနေခြင်းသာဖြစ်တယ်။  ကိုယ့်အတွက် ဘာမဟုတ်တဲ့အရာလို့ သဘောထားတာတွေ ၊ ကိုယ့်အချိန်ကိုယ်ပိုင်တယ်ဆိုပြီး တစ်ဖက်လူအတွက် ထည့်မတွေးပဲ စိတ်ပူစေတာတွေဟာ .. အချစ်ရေး အကုသိုလ်တွေသာဖြစ်တယ် ။ အဆုံးထိ လက်တွဲဖို့ စိတ်မကူးပဲ … တစ်ဖက်လူရဲ့ ငယ်ရွယ်မှုတွေ ၊ potential တွေ ၊ အချိန်ကောင်းတွေကို စိတ်လိုလက်ရ ဖျက်စီးပစ်တာတွေဟာလည်း သိပ်ဆိုးတဲ့ အကုသိုလ်လုပ်ရပ်တွေဖြစ်တယ် ။ အစတည်းက စိတ်မနစ်ထားသူအတွက် စွန့်လွှတ်မှုဟာ ပေါ့ပါးနိုင်ပေမဲ့ …. အဆင်သင့်မဖြစ်ခင်အချိန်မှာ မျှော်လင့်ချက်တွေ ရိုက်ချိုးပြီး ထားခဲ့ခံရတာဟာ ဘဝရဲ့ အရာရာပါ ။  ဒါကြောင့် အချစ်ရေးမှာ အကုသိုလ်တွေ ရှိနေတတ်တာကို သတိမူဖို့ လိုအပ်ပါတယ် ။ အဲဒီအရာတွေနဲ့ ကင်းဝေးချင်ရင်တော့ စိတ်ရောလူပါ နှစ်ပြီး အပေးယူမျှမျှ ထပ်တူကျတဲ့သူမဟုတ်ရင် ချစ်တယ်မပြောဖို့ ၊ မျှော်လင့်ချက်မပေးဖို့သာ ဖြစ်တယ် ။ Healthy relationship ဆိုတာ နှစ်ဦးနှစ်ဖက်က ထပ်တူညီစွာ ချစ်ကြပြီး အရာရာဟာ အတင်းကြိုးစားနေစရာမလိုပဲ အလိုလို လွယ်ကူနေတာမျိုးကို ဆိုလိုတာဖြစ်တယ် ။ အဲလိုမှ မဟုတ်ပဲ တစ်ဖက်လူက … တစ်ဖက်စောင်းနင်း သည်းခံရ ၊ လိုက်ညှိရနေတာဟာ ချစ်ခြင်းအယောင်ပြထားတဲ့ ဝဋ်ကြွေးတွေသာ ဖြစ်တယ် ။ အဲဒီလို ဝဋ်ကြွေးမျိုးဆိုရင် ကိုယ်လည်း မယူနဲ့ … သူများလည်း မပေးမိပါစေနဲ့ ။  ကိုယ်ပြုသည့်အတိုင်း ကိုယ့်ဆီပြန်လာမှာဖြစ်ပြီး ..  ဝဋ်တွေဟာ အချိန်မရွေး ပဲ့တင်လာတတ်တာ ဖြစ်တယ် ။ သူစိမ်းလူကို နာကျင်စေရင်တောင် ဝဋ်ဟာ ခွင့်မလွှတ်သေးတာပဲ … ကိုယ့်ကို ချစ်နေရသူ ၊ ကိုယ့်အတွက် မေတ္တာထားသူကို နာကျင်စေရင်  ဘယ်လောက်တောင် အကုသိုလ်များမလဲ တွေးဆကြည့်နိုင်ခြင်းဖြင့် … မျှော်လင့်ချက်အမှားတွေ ပေးတတ်တဲ့ လိမ်ညာသူဘဝကနေ ရုန်းထွက်နိုင်ကြပါစေ ..  ။  #TharHtwe  #အချစ်နှင့်ဘဝရဲ့ညီမျှခြင်း  #book  #foryoupage

About