@bunny.phyoe15: ပြီးခဲ့တဲ့ရက်သတ္တပတ်ဟာ အိပ်မက်တစ်ခုလိုပဲ … ကျွန်တော်မန္တလေးကို (၃၀) ရက်နေ့မှာရောက်တယ် ရောက်တာနဲ့ကွင်းထဲတန်းသွားပြီးကျွန်တော့်အဖွဲ့သားတွေနဲ့တွေ့ meeting လုပ်ပြီးပွဲအတွက်လှုပ်ရှားကြတယ် … ညနေရောက်တော့ i1 ဆိုင်မှာနောက်နေ့ရောင်းမယ့် merchandise တွေရောက်လာတာ stock စစ် … ပြီးတော့ပရိတ္တဝါပြခန်းမှာ exhibition လုပ်ဖို့တိုင်ပင်ကြပြင်ဆင်ကြနဲ့ညမိုးချုပ် (၁) ရက်နေ့နဲ့ (၂) ရက်နေ့ နှစ်ရက်လုံးကတော့ မနက်ကနေညအထိဘာတွေလုပ်ဘယ်တွေသွားပြီးဘယ်အချိန်ထမင်းစားလိုက်လဲတောင်မမှတ်မိ ၊ rehearsal ကလည်းညနေ 5 to 9 အေးဆေးတိုက်ပြီးစောစောပြန်အိပ်မယ်လုပ်လိုက်တာ သီချင်းတိုက်ပြီးတော့ ညသန်းခေါင် … ဒါတောင်ကျွန်တော့်အဖွဲ့ကဆရာသမားတို့ကကွင်းထဲမှာမနက် (၄) နာရီထိမပြန်ရသေးဘူးတဲ့ … salute to my team 🫡 (၃) ရက်နေ့ကတော့ကျွန်တော့်ဘဝရဲ့အကြီးဆုံးအမှတ်တရတွေထဲကတစ်ခုပေါ့ … ငယ်ငယ်ထဲကသီချင်းဆိုချင်ခဲ့တဲ့ချာတိတ် … (၈)တန်း (၉)တန်းအရွယ်တုန်းက ရှိုးပွဲတွေသွားတဲ့အခါ စင်ပေါ်မှာဖျော်ဖြေနေတဲ့အဆိုတော်နေရာကနေစိတ်ကူးယဉ်ပြီး လူတွေကကိုယ့်သီချင်းကိုအားလုံးလိုက်ဆိုနေတဲ့ feel ကြီးကတော်တော်မိုက်မှာဆိုပြီးစိတ်ကူးယဉ်ခဲ့တဲ့ချာတိတ် … ကိုစိုင်းစိုင်းတို့ ကိုရဲလေးတို့တစ်ကိုယ်တော်ပွဲတွေသွားတဲ့အခါတိုင်းလည်း ဒီအဆိုတော်တစ်ယောက်တည်းကသူ့သီချင်းတွေအများကြီးကိုဒီတစ်ညတည်းမှာတင်ဆက်မှုအမျိုးမျိုးနဲ့ဆိုတာကိုလူတွေအများကြီးလာကြည့်တာ မိုက်လိုက်တာဆိုပြီးအားကျအိပ်မက်မက်ခဲ့တဲ့ချာတိတ် … ပြီးတော့ ဒီပွဲတွေအတွက်နေ့မအားညမနားကူညီပါဝင်ကြိုးစားခဲ့ကြတဲ့ အဖွဲ့သားတွေ ၊ artist တွေ ၊ technician တွေ ၊ အထွေထွေလုပ်သားတွေ လူပေါင်းရာကျော်ပါဝင်ပါတယ် … ဒီလူတွေအားလုံးကြောင့် Bunny Phyoe ကအဲ့ဒီ stage တွေပေါ်မှာကောင်းကောင်းမွန်မွန်ချောချောမွေ့မွေ့ဖျော်ဖြေနိုင်တာပါ … တန်ဖိုးထားကျေးဇူးတင်ရပါတယ် … ပွဲပြီးတဲ့ညကဆိုဟိုတယ်အခန်းထဲမှာ ကျွန်တော်တစ်ယောက်တည်း သေလောက်အောင်ပင်ပန်းနေပေမယ့် မနက် (၅) နာရီလောက်အထိအပျော်လွန်ပြီးအိပ်လို့မရခဲ့တာပါ … အားလုံးကိုကျေးဇူးပါလို့ထပ်ပြောပါရစေခင်ဗျာ။ (၄) ရက်နေ့ကတော့ ပရိတ္တဝါမှာ ပြပွဲစတာမို့ကျွန်တော်ခဏရောက်ဖြစ်ခဲ့ပါတယ် … ပရိတ္တဝါအဖွဲ့သားများဟာလည်း တကယ့်ကျေးဇူးတင်စရာပါ … ကျွန်တော်ဖျော်ဖြေပွဲနဲ့ရှူပ်ယှက်ခပ်ပြီးဘာမှသေချာမစီစဉ်နိုင်တဲ့အချိန် ကျွန်တော့် exhibition အတွက်ကျွန်တော့်ထက်တောင်အချိန်ပိုပေး ၊ စိတ်နှစ်ပြီးအကုန်စီစဉ်ပေးကြတာ … ပန်းချီကားတွေ ပစ္စည်းတွေပေးရုံကလွဲပြီး ကိုယ်တိုင်သေချာဝင်မကူပေးနိုင်တာအားနာစိတ်တောင်ဖြစ်ရပါတယ် … အထူးကျေးဇူးပါခင်ဗျာ။ ပြီးတော့ (၅) ရက်နေ့က triple star auto car showroom ပွဲသွားပြီးထပ်ဆိုခဲ့သေးတယ် 😂 (၆) ရက်နေ့မနက်ကတော့ BOSS stationery နဲ့ store visit တွေပတ် … ဆိုင်နေရာတွေရောက်တဲ့အခါတိုင်းမှာကျွန်တော်နဲ့တွေ့ဖို့နေပူကြီးထဲစောင့်နေကြတဲ့လူအုပ်ကြီးမြင်ရတာနဲ့မောဖို့လည်းမေ့ရင်းပျော်ရပါတယ် စီစဉ်ပေးတဲ့ BOSS ကိုရော ဆိုင်ရှင်မိသားစုများကိုရောလည်းကျေးဇူးပါ။ (၆) ရက်နေ့ညရောက်တော့ Bayin biscuits ရဲ့အစီအစဉ်နဲ့ lucky draw winner (၅) ယောက်နဲ့အတူ dinner စားခွင့်ရခဲ့ပါတယ် တိုက်တိုက်ဆိုင်ပါပဲ လူပျိုလှည့်တေး DVD ထွက်ပြီး Mandalay မှာ promotion လာလုပ်တဲ့ (၂၀၁၅) အောက်တိုဘာ (၆) ညကလည်းအဲ့လိုပဲ မန္တလေးပရိသတ်နဲ့ dinner စားဖြစ်ခဲ့တဲ့နေ့ဖြစ်ပါတယ် … (၁၁) နှစ်အကြာမှာမန္တလေးမှာပရိသတ်နဲ့တစ်ခါညစာတူတူထပ်စားရပြန်ပါတယ်။ မဲပေါက်တဲ့ (၅) ယောက်တော့မသိဘူး ကျွန်တော်ကတော့ပွဲနေ့ကအမှတ်တရတွေ အခက်အခဲတွေပြန်ပြောရင်း တော်တော်ပျော်ခဲ့ရပါတယ် ကျေးဇူးပါခင်ဗျာ။ (၇) ရက်နေ့ကမနက်ကတော့ BOSS stationery နဲ့တူတူဆိုင်တွေထပ်ပတ်ရင်း ချစ်စရာကောင်းတဲ့မန္တလေးပရိသတ်နဲ့အနီးကပ်ထပ်တွေ့ခဲ့ရပါတယ် ညနေလေဆိပ်တန်းဆင်းရမှာမို့ တစ်နေရာဆီမှာအချိန်အကြာကြီးမနေခဲ့နိုင်တာလည်းတောင်းပန်ပါတယ် … ဖြစ်နိုင်ရင်အယောက်စေ့နဲ့တွေ့ဆုံရင်းစကားလက်ဆုံကျချင်တာပါ … အခွင့်သာတဲ့အခါ သီချင်းဆိုတဲ့ရှိုးပွဲကြီးမဟုတ်ပဲ စကားပြောဓါတ်ပုံရိုက်နဲ့ အေးအေးဆေးဆေးတွေ့ဆုံပွဲအသေးလိုမျိုးလေးလည်းလုပ်ချင်ပါသေးတယ် … လုပ်ဖို့ကြိုးစားပါဦးမယ်ခင်ဗျာ … နေ့တစ်ဝက်မြို့ပတ်ပြီးလေဆိပ်တန်းဆင်းတော့လည်း လေဆိပ်ရောက်တဲ့အထိမန္တလေးရဲ့အချစ်ပေးခြင်းကမရပ်တန့်သေးပါဘူး … နေရာတိုင်း တွေ့တဲ့သူတိုင်းကလည်း ပွဲနေ့ကလာတဲ့အကြောင်း သူတို့ပူပေမယ့်လည်းအဆုံးထိကြည့်ခဲ့ကြောင်း ကျေနပ်ကြောင်း ပျော်ကြောင်းပြောပြကြတာတွေဟာ ကျွန်တော့်အတွက်တော့ဘာနဲ့မှလဲမရတဲ့ပီတိတွေပါ … ဒီစာစုတစ်ခုလုံးဟာ ဒီတစ်ပတ်အတွင်းမှာကျွန်တော်မန္တလာမြေပေါ်ရောက်ကတည်းကနေပြန်လည်ထွက်ခွါချိန်အထိ အင်မတန်ပင်ပန်းပေမယ့် ပျော်ရွှင်ခဲ့ရတဲ့နေ့ရက်တွေရဲ့အတိုချုံးအမှတ်တရဖြစ်ပါတယ် (မန္တလေးမှာလုပ်တဲ့ပွဲဖြစ်တဲ့အတွက်မန္တလေးကိုအဓိကရည်ညွှန်းရေးသားပေမယ့်လည်း ပွဲကိုတကူးတကလာကြည့်ကြတဲ့ အနယ်နယ်အရပ်ရပ်ကချစ်ရတဲ့သူများအားလုံးကိုလည်းမမေ့မလျော့ကျေးဇူးပါခင်ဗျာ) #BunnyOnTheMoon #Mandalay
Bunny Phyoe
Region: TH
Friday 09 October 2026 04:41:43 GMT
Music
Download
Comments
赵小雅🤍Pyae🤍 :
ဘာမှလာမပြောကြနဲ့တော့ အတိတ်ကအတိတ်ပဲ လူတိုင်းအမှားနဲ့မကင်းဘူး အပြစ်လိုက်ပြောနေတဲ့သူတွေကရော ဘယ်လောက်ဖြူစင်နေကြတဲ့သူတွေလဲ ရာနှုန်းပြည့် ကောင်းတဲ့သူဘယ်သူရှိလို့လဲ သူ့ကိုယ့်ရေးကိုယ်တာကသူ့ကိစ္စ သူ့အနုပညာကိုအားပေးတာကငါတို့ကိစ္စ bunny fanပဲ ဘာလာမပြောနဲ့သွား🤍
2026-10-10 13:09:04
2
Lily’s :
ခုထိ တုနိုင်းမဲ့နဲ့ပဲလား ကိုကို မကြိုက်ဘူးနော 😔
2026-10-09 05:01:32
25
May♊ :
အချစ်ဆုံးက ဘယ်သူလဲပြောအူး😂
2026-10-09 16:55:26
2
🌻jue jue🌻 :
သတင်းတွေမျိုးစုံထွက်နေတယ် အရင်ကဘာတွေပဲဖစ်ခဲ့ပါစေ အခုလက်ရှိလက်စွပ်ဝတ်ထားတဲ့ကိစ္စပဲသိချင်မိတယ်ယုန်ပေါက်လေး🐰🥺
2026-10-09 05:21:25
3
P’s T🐳 :
ကိုကိုယုန်ပေါက်လေးကို 7တန်း ကျောင်းသူဘဝမှာ ပထမဦးဆုံးလက်တွဲနှုတ်ဆက်ပြီး သဘောကျရခဲ့တာမို့ အများကြီးချစ်တယ် ကိုကိုယုန်ပေါက်လေးရေ🫶🏻❤️
2026-10-09 04:56:05
2
Z🦦 :
ဘာလို့လူပျိုကြီးလုပ်နေတာပါလိမ့်လို့ ဘယ်သူ့ယူရမှန်းမသိလို့လား ကိုကို
2026-10-10 04:34:40
1
itz_LYRA :
အကိုက tiktokမသုံးပါဘူးနော် fake accကြီးပါရှင်😭💕
2026-10-09 06:33:00
4
AyeAyeHnin(ခေတ်သစ်မြင့်မိုရ်) :
First year ဘဝထဲကဘယ်လိုပုံစံမှန်းမသိဘဲ သူငယ်ချင်းရဲ့ mp3နဲ့စနားထောင်ဖူးကတည်းက အသံလေးကြားပီး ရူးခဲ့ရတဲ့အချစ်ဦးကြီးပါ Show ပွဲတွေတခါမှမသွားဖူးပေမယ့် 2026သကြ်န်မှာ #Amarapuraicon မှာ#Bunnyphyo ပါတဲ့နေ့ကိုရွေးပီးလက်မှတ်ဝယ်ခဲ့တယ် အနီးကပ်တွေ့ခဲ့ရတယ် လက်လေးတောင်ကိုင်ခွင့်ရခဲ့သေးတယ် အခုလည်း Oct3ရက်နေ့ပွဲကို စရောင်းတဲ့နေ့ကတည်းက #Ayapay ကနေအလုအယက်ရအောင်ဝယ်ခဲ့တယ် ပွဲမရောက်သေးဖူး အရမ်းရင်ခုန်နေခဲ့တာ ပွဲနေ့တုန်းက 5ခွဲမှကွင်းထဲရောက်တော့ vip east နားက fullmoon counter နားလေးကနေ ရည်းစားလေးရယ် သူငယ်ချင်းတွေရယ်နဲ့ ကြည့်ခဲ့ရတယ် မောမှန်းလည်းမသိ ဖူး အောင်မြင်မှုကြီးကို ဘေးကနေကြည့်ပီး အားကျခဲ့ရတယ်ကျေနပ်ခဲ့ရတယ် “ကိုယ်တောင်ဒီလောက်ပျော်နေရင် #buunyသာဆို ဘယ်လိုနေမလဲ “နဲ့တွေးမိခဲ့တယ် ဘဝမှာ “အချစ်ဦးပွဲကို အချစ်ဆုံးနဲ့ ကြည့်ခဲ့ရတဲ့ feeling “လေး ပေးလို့ ကျေးဇူးပါ အချစ်ဦးရေ အခုလည်း အချစ်ဦးရေးထားတဲ့ စာလေးတွေဖတ်ပီး ရင်ထဲလည်းထိတယ် မျက်ရည်လည်း ကျမိတယ် ဆက်ပီးလည်း အများကြီး လင်းလက်တောက်ပပါစေ 🙏🙏🙏
2026-10-09 06:17:53
1
Ëmilÿ🌼🤍 :
တို့ကိုဘန်နီလေးပင်ပန်းနေပြီးပေါ့ ဒီနေ့လည်းမော်လမြိုင်မာဖျော်ဖြေရအုံးမာမို့လား လာတွေ့ချင်ပေမဲ့လည်းအချိန်မအားနေဘူးကိုဘန်နီရယ်
2026-10-09 23:21:53
1
BTSlover🇰🇷bunnyphyo love🇲🇲 :
ဟာကိုကိုbunny
2026-10-09 04:46:26
0
EstherY♊ :
အရမ်းပင်ပန်းသွားခဲ့ပါပီ bunnyလေးရေ နောက်လည်းဘာလုပ်လုပ်အမြဲထောက်ခံအားပေးနေပါ့မယ် bunny ဆီကနေလည်းဒီမန္တလေးကလူတွေက ရုန်းထွက်လို့မရသေးပါဘူး အရမ်းလွမ်းနေဆဲပါ ပွဲနေ့လေးကိုရော စာရေးကိရိယာဆိုင်တွေ ပတ်လိုက်ပြီး bunny မျက်နှာလေးကြည့်ခဲ့ရတဲ့နေ့တွေကို ဘယ်တော့မှမမေ့ပါဘူ ကျန်းမာရေးဂရုစိုက်ပါ🐰❣️
2026-10-09 14:43:58
2
Keely-☘️ :
bunnyက Libraများလားဟင်
2026-10-10 11:25:27
0
꧁_𝐀𝐤𝐤𝐡𝐚𝐫𝐚♡ :
ပုသိမ် မဆင်းဘူးလားဉီးဘန်ရေ တွေ့ချင်တယ်ယို့🥺😢
2026-10-09 11:19:46
1
lunea :
ကိုကိုရေနားလိုက်ပါအုံးနော်
2026-10-09 05:36:12
0
July-July :
စိတ်ရောလူပါပင်ပန်းသွားပြီမလို့ အားရပါးရနားလိုက်ပါဦးရှင့် congratulations ပါ ကိုဘန်နီရေ 🥰❤️
2026-10-09 05:28:49
1
🍀𝓔𝓪𝓲𝓷𝓽 𝓚𝔂𝓪𝓵𝓼𝓲𝓷🍀♈ :
5ရက်နေ့ကပြင်ဦးလွင်ဖူရှင်းမာ နေ့လည်စာစားတာပါ🤭🥰
2026-10-10 06:10:24
0
花 :
Congratulations KoKo
2026-10-09 04:51:17
0
🌹🌹Wai💗💗💗 :
အချစ်ရဆူံးးးး
2026-10-09 13:21:24
0
HayMannHtun :
ပွဲလာခဲ့တယ်နော် ကလေးနှစ်ယောက်အမေကိုက သူ့အဖေနဲ့ထိန်းခိုင်းထားပီး လာအားပေးတာနော် ညီမနှစ်ယောက် အရမ်းကြိုက်တဲ့ ငယ်ကတဲက အားပေးခဲ့တဲ့အဆိုတော်မို့
2026-10-09 12:13:19
0
赵美花 :
နောက်လည်း မန်းလေးမှာ ပွဲတွေ လာလုပ်ပါဦးရှင် တိုက်တိုက်ဆိုင်ဆိုင် ဒီလမှာ အလုပ်ပြန်ဝင်လိုက်ရလို့ တစ်မြို့လုံး ပတ်လိုက်ချင်ပေမယ့် မလိုက်ခဲ့ရသူပါ 🥺 ပွဲနေ့ကတော့ 12 ခွဲလောက်ကနေ ပွဲအပြီးထိ သီချင်းတွေ အကုန်နီးပါး တစ်ဝကြီး လိုက်အော်ဆိုခဲ့ပါတယ်ရှင် 🥰
2026-10-09 12:27:35
0
× :
ပြောတော့ဒါက Acc အစစ်မဟုတ်ဘူး🤔
2026-10-10 14:51:05
0
🐸Yoon Yoon Mommy🐸 :
အရမ်းလွမ်းပီး သတိရနေတာတော့ ယုံပေးပါနော်🥺မန်းလေးသူတွေနဲ့ နီးနီးကပ်ကပ် တွေ့ခဲ့ရလို့ အရမ်းချစ်ခဲ့ရပါတယ်
2026-10-09 15:45:01
0
Shinn Nay Aung :
❤️❤️❤️❤️❤️
2026-10-09 14:55:25
0
Arizona K🤍 :
လပ်ယူ
2026-10-09 12:44:41
0
🌻ဒေါ်ရီရီစိန်🌻ဟီလာထ😂 :
2026-10-10 01:00:57
0
To see more videos from user @bunny.phyoe15, please go to the Tikwm
homepage.