@zayartbz7.1: လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့်ပျူစောထီးများက နေ့ခင်းအချိန် လူငယ်များကို ကားဖြင့် ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီး ရန်ကုန်၊အောက်တိုဘာ ၉ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့်ပျူစောထီးများက နေ့ခင်းအချိန် ရပ်ကွက်များနှင့်နေအိမ်များပေါ်သို့ ဝင်ရောက်ကာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများနှင့် ဖမ်းဆီးခံလူငယ်တချို့၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါ် ပျူစောထီးများနှင့် ခရိုင်ထွေအုပ်အဖွဲ့က လွိုင်လင်မြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ ပင်လုံမြို့ပေါ်သို့ ဝင်ရောက်ကာ နေအိမ်များ၊ ရပ်ကွက်များသို့ လှည့်လည် တွေ့မြင်သမျှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။ "၊လွိုင်လင်ခရိုင်အတွင်းမှာ စစ်တပ်က ဖွဲ့ပေးထားတဲ့ အပြာကောင်တွေက နေ့ခင်းအချိန်ကို နေအိမ်နဲ့ ရပ်ကွက်တွေထဲအထိ ဝင်ဆွဲတာ။ ငိုတဲ့သူက ငို၊ ပြေးတဲ့သူက ပြေးနဲ့ ၀ရုန်းသုန်းကားပဲ" ဟု အဆိုပါဖြစ်စဉ်ကို သိရှိထားသော သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ဩဂုတ်လအတွင်းမှစတင်၍ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အစား ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များအားလုံး ထိန်းချုပ်စီမံခန့်ခွဲ လွှဲပြောင်းပြီးနောက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမို ဆိုးရွားလာနေကြောင်း တောင်ကြီးမြို့နယ်မှ တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ "မြို့နယ်တုန်းက ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ကွက်ဆိုတော့ ငွေနဲ့ ညှိလို့ရသေးတယ်။ ခရိုင်ကိုလည်း လွှဲပေးလိုက်ရော လမ်းမှာတွေ့ရင် လမ်းမှာဆွဲတယ်။ ရပ်ကွက်တွေနဲ့ နေအိမ်ပေါ်အထိ တက်ပြီးလည်း ပေါ်တာဆွဲတယ်။ ရပ်ကွက်ကလည်း ခရိုင်က ဆင်းဖမ်းတာကို ကြိုမသိဘူး။ အဲဒီတော့ ပြေးချိန်မရတော့ အကုန်ပါကုန်တယ်။ လွတ်တဲ့လူတွေက ရပ်ဝေး ပြေးမှ လွတ်တာ" ဟု တောင်ကြီးမြို့နယ်မှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ယခုအောက်တိုဘာလအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၉ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။@Zayar TBZ 5 @ZayarTBZ 7 News #ပြည်တွင်းသတင်း #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #မြန်မာသတင်းများ #ပြည်သူများဘေးကင်းကြပါစေ #zayartbz
ZayarTBZ 7.1News🍉
Region: TH
Friday 09 October 2026 06:47:34 GMT
Music
Download
Comments
Mai Love Tea :
ဒါတွေကအတော်ဆိုးတဲ့လုပ်ရပ်တွေပဲ ဒီအတိုင်းသာဆက်သွားရင်ပျက်ကိန်းစိုက်ပြီ
2026-10-09 09:43:54
28
အူဝဲ :
မင်းမဲ့တိုင်းပြည်
2026-10-09 10:48:51
3
Hom :
ပြည်သူတွေဘဝကအားကိုးစရာမရှိ ရှေ့ဆက်ပိုဆိုးလာစရာပဲရှိတယ် အဲ့စစ်မှုထမ်းတွေဆိုတာ လူတစ်ယောက် လူတစ်စုအတွက်အသက်ပေးဖို့သပ်သပ်စတေးခံထားတာ ရှေ့တန်းကိုပို့ပီး ပြန်ရောက်လာတဲ့သူဆိုတာနည်းနည်းပဲရှိတယ်
2026-10-09 10:29:16
8
ဧရာတိုင်းသားကိုချစ် :
အာဏာရူးလူတစ်စုကလုပ်သမျှခံနေကြရတဲ့ငါတို့ပြည်သူတွေဘဝ
2026-10-09 09:31:27
22
ဝင်းကြည် :
ရင်ကွဲရပါတယ်
2026-10-09 10:54:03
1
Sai Sai :
ကြည့်ရတာစိတ်မအေးချမ်းဘူး😳😳😳
2026-10-09 10:49:24
1
Z :
ကြည်ပီရင်တွေကွဲရပါတယ်ငါသမီးလးတာဆိုသနားလိုက်တာခလေးရယ်စိတ်မကောင်းဖစ်ရပါတယ်😳
2026-10-09 10:39:29
8
M :
ကိုယ်ချင်စာတရားမရှိဘူး🥺🥺
2026-10-09 10:55:30
2
_Mg Bhone Myat :
နိုင်ငံတကာအဖွဲ့အစည်းတွေကဒါတွေမသိရော့လေသလား
2026-10-09 08:26:51
3
MOON :
အတော်လေးသရုပ်ပြတ်ပါတယ်
2026-10-09 10:41:26
1
လူပျိုကြီး :
များရှယ်ပေးကြပါအပေါ်ကပြောတာနဲ့မြေပြင်အခြေနေသိဖို
2026-10-09 09:30:18
4
Kairo :
စစ်မှုထမ်းအမည်တပ်ပီး ပေါ်တာဆွဲနေတာ
2026-10-09 09:30:31
2
🫶RYAN🫶 :
သိတယ် တရုတ်နဲ့ ရုရှားကရှေ့ကပိတ်နေလို့
2026-10-09 10:26:25
1
ဦးမင်းနိုင် 5/တပုန်း :
မတရားသဖြင့်ကွာအာဏာရူးအုပ်ချုပ်နေသ၍ပြည်သူတွေခံစားနေရတယ်
2026-10-09 10:30:52
1
Oo myint zay :
ပြည်သူတွေဘဝကကြေကွဲရပါတယ်
2026-10-09 11:05:29
0
သားသား :
ကြည့်ကြကညြ့်ကြ
2026-10-09 09:50:42
1
Maung :
ဒီလိုလူတေကတိုင်းပြည်အုပ်ချုပ်ချင်ကြ
2026-10-09 09:05:03
1
T :
အဲ့လိုမတရားတေပါ
2026-10-09 08:20:38
0
🏆chan.myae🏆 :
တိုင်လို့ရတယ်ဆိုတဲ့လူတွေဘယ်ပျောက်လဲဗျ🥺
2026-10-09 10:58:36
0
Daw Swe :
လူယုတ်မာတွေရှိနေသ၍တိုင်ပြည်မအေးချမ်းနိင်ပါဘူးကွယ်
2026-10-09 10:58:32
0
Thu Zar :
ငါ့သားလေးဆိုတဲ အတွေးလေးနဲတင်
ရင်တွေနာရပါပြီ
2026-10-09 11:03:16
0
Myo Maung Maung :
မင်းမဲ့တိုင်းပြည်ပဲ
ဘယ်မလည်းပြည့်သူ့အတွက်ခံစားကိုယ့်ထမင်းကိုယ်စားနေတာလည်းမရတဲ့တိုင်းပြည်
2026-10-09 11:05:39
0
Thiri😇🥰 :
တစ်အာမုန်းရွန်တာအဲလို့တွေပြည်သူတွေကိုဒုခပေရင်အမေစုလက်ထက်တုန်းကဒီလို့မတစ်အာလုပ်လို့မရဘူ
2026-10-09 10:58:41
0
kurayami♥╣[-_-]╠♥ :
မဲပေါက်ရင်ခေါ်ခံထိမှာဘဲ မိသားစုနှစ်ယ ောက်တည်းရှိတယ်အဖေအိုအမေအိုရှိတယ်ဆို အယူခံဝင်လို့ရပါတယ်
2026-10-09 10:58:38
0
U Thant Zaw :
ဟ အဲ့နားကလူတွေဘာလုပ်နေကြလဲ
2026-10-09 09:13:37
0
To see more videos from user @zayartbz7.1, please go to the Tikwm
homepage.