@nansandikyaw5: ခုခေတ်မှာ..အိမ်ထောင်ရေးဖောက်ပြန် သူတွေများလာလို့..နည်းနည်းလေးတော့ ရေးကြည့်ပါရစေ...။ ဖောက်ပြန်သူတွေရဲ့..style တွေက တစ်ပုံစံတည်း....။ ပထမအချက်...ဘယ်လောက်ပဲ သက်သေတွေ့တွေ့..မဟုတ်ပါဘူးလို့.. ဘူးခံငြင်းမယ်...။ ဒုတိယအချက်..သူတို့အပြစ်တွေကို ဖုံးကွယ်ဖို့အတွက်..မဟုတ်ဘဲနဲ့..သံသယ တွေတအားဝင်နေတယ်လို့..အိမ်ကမိန်းမ ကို..စွပ်စွဲမယ်...။ တတိယအချက်..အိမ်ကမိန်းမကို ရန်လိုမယ်..။အိမ်မှာနေရတာစိတ်ညစ်တယ် လို့..ရန်ရှာမယ်..။ဖုန်းဆက်ရင်..ဖုန်းပိတ် ထားမယ်...။အိမ်ပြန်နောက်ကျမယ်...။ စတုတ္ထအချက်...ငြင်းမရလို့... ပေါ်သွားခဲ့ရင်တော့..သူတို့ဖောက်ပြန်ရ တာဟာ..အိမ်ကမိန်းမကအိမ်မှုကိစ္စ မကျွမ်းကျင်လို့တို့..ပျင်းလို့တို့..ယောကျ်ား ကိုနှိမ်လို့တို့..သံသယတွေတအားများနေ လို့တို့..အိမ်မှာနေရတာနားပူလို့တို့.... သူတို့အပြစ်တွေကိုဖုံးကွယ်ဖို့အတွက်... အိမ်ကမိန်းမကို..လူဆိုးကြီးအဖြစ်ပုံသွင်း ကြလိမ့်မယ်...။ ဖောက်ပြန်ခံရတဲ့..မိန်းမတွေ ကတော့..အချို့က..အပူမီးတွေဝိုင်းပြီး ဗေဒင်ဆရာဆီရောက်ကြ..ယတြာတွေ ချေကြ...။အချို့က..မယားငယ်ဆီသွားပြီး ရန်တွေ့ကြ..အချို့ကျခြေထောက်ဖက်ပြီး တောင်းပန်ကြ...မစားနိုင် မအိပ်နိုင်တွေ ဖြစ်ပြီး..တငိုငို တရယ်ရယ်..တမှိုင်မှိုင်.. တတွေတွေ တွေနဲ့..အဲ့ဒီအချိန်မှာ... ကိုယ့်ကိုယ်ကိုယ်တောင်..ဘာမှန်းမသိအောင်ကို..အရူးမီးတွေဝိုင်းခဲ့ကြရတယ်..။ ဖောက်ပြန်တဲ့ယောကျ်ားကတော့.. မယားငယ်နဲ့..အပြင်မှာပျော်လို့ပါးလို့...။ ဘယ်လောက်..ရင်နာစရာကောင်းလိုက်တဲ့.. မယားကြီးရဲ့..ဘဝတွေလည်းလို့လေ...။ ပြောချင်တာက..ကိုယ့်ကိုအလို မရှိတော့လို့..မချစ်တော့လို့..ထားခဲ့တဲ့ လူတစ်ယောက်အပေါ်..ဘာလို့များ အောက်ကျခံပြီး..ဖက်တွယ်နေတော့မှာ လဲ....။ဖြစ်ခဲ့သမျှအရာအားလုံးကို... ခွင့်လွှတ်ပြီးပြန်ပေါင်းသင်းရလောက် အောင်လည်း..မနုံချာပါနဲ့..။တစ်သက်လုံး သံသယတွေနဲ့..စိတ်မချမ်းမြေ့တဲ့..ဘဝ တစ်ခုကို..မဖြတ်သန်းချင်ပါနဲ့...။ လွှတ်ချပစ်လိုက်ပါ..။ရင်ထဲပေါ့ပါး သွားပါလိမ့်မယ်...။သစ္စာမရှိသူ တစ်ယောက်အတွက်..မျက်ရည်တစ်စက် တောင်..ပေးဆပ်ဖို့မတန်ပါဘူး...။ သူမှ..ကိုယ့်အပေါ်စိတ်မရှိတော့ တာ...။လိုက်ဖမ်းဆွဲနေလည်း..အပိုပဲပေါ့။ ယနေ့မှစ၍..သင်သွားလိုရာ သွားနိုင်ပြီဆိုပြီး..အခြားတစ်ယောက်ဆီ ရေစက်ချလှူလိုက်တာက..အကောင်းဆုံး။ ကိုယ်သာဆို..အဲ့လိုလုပ်မှာ..🤣။ crd to original writer Apãrūtã

Apārūtā
Apārūtā
Open In TikTok:
Region: MM
Friday 09 October 2026 08:28:58 GMT
22995
1390
89
124

Music

Download

Comments

kharthat209
🍁YU🍁 :
အကြိမ်ကြိမ်အခါခါ ရေစက်ချလှူပါတယ် အသစ်ကနေပြန်စမယ်တဲ့ ကြောက်နေပါပီလို့ ကလေး၂ယောက်နဲ့အေးချမ်းနေပါပီ လွှတ်ချနိုင်ခဲ့ပီ 🥰
2026-10-23 03:52:19
18
kokon9444
Ko Ko :
နုပျိုမှု့တွေသန်မာမှု့တွေပေးဆပ်ပြီးမှထားခဲ့တော့ခံပြင်းစိတ်ကြောင့်ခဏတာတုန်လှုပ်ရူးသွပ်သွားတာပါ
2026-10-31 11:46:50
1
user3279709465198
𝕸𝖆𝖞𝖐𝖆𝖌𝖞𝖊𝖊(ဂျစ်တူး) :
မျက်ရည်လည်းမကျဘူး နောက်တစ်ယောက်ကိုကျေးဇူးရှင်လို့ သတ်မှတ်ပြီး ကွာပစ်လိုက်တယ်။နောက်လူသာမပေါ်လာရင် တစ်သက်လုံး လူကောင်းထင်နေဦးမှာ
2026-11-05 03:48:28
3
ko.win.aung301
Ko Win Aung :
မိန်းမတွေလည်း ဖောက်ပြန်ကြတယ်နော် တစ်ဖက်သက်မရေးပါနဲ့ ခံပြင်းလို့ပါ😭
2026-10-27 12:55:36
2
userchit392
Chelsa :
စာသားလေချပေပါနော်
2026-10-10 08:01:45
3
monica.san.yu.mon25
သမီးနှစ်ယောက် မေမေ (မို့မို) :
သင်သွားလိုရာသွားနိုင်ပြီ ဆိုပြီးတော့ကို တကယ်နှုတ်ဆက်ခဲ့တာပါ။
2026-10-22 07:10:02
9
user1938226210666
Lady 007 :
ကန်ပါထုတ်ပစ်တာ၊ အေးရော၊ ရေစက်ချနေရင် ရေကုန်မှာစိုးလို့
2026-10-28 10:01:01
5
ayemartun007
အကျိ :
သင်တန်းတက်ထားရသလားမှတ်တယ်အတူတူဘဲ
2026-10-22 08:05:17
5
aprilmoe3236
ချည် :
ပူဆွေးမနေဘူး ဘယ်ဗေဒင်ဆရာစီမှမသွားဘူးပိုက်ဆံကုန်တာပဲအဖတ်တင်မယ်.ဖောက်ပြန်ချင်တဲ့သူကအကြောင်းအမျိုးမျိုးပြပီးဖောက်ပြန်မှာပဲ.မွေးလာတဲ့မိဘရဲ့ဗီဇပါလာတာ.ဘယ်လိုမှပြန်ပီးပြင်ပေးလို့မရဘူး
2026-10-28 02:01:40
2
nadicho1990
moe(SM) :
အချက်တွေကအကုန်မှန်တယ်ဟ😂😂😂အကုန်လုံးအဲ့အတိုင်းပဲလုပ်တာ😊😁😊
2026-10-25 08:48:35
3
copy3985
Nawy EiKyaw kyae :
ဪသူ့အတွက်ဒုသနသောအကုသိုလ်တွေကြီးလွန်းလို့လက်လွှတ်ပေးခဲ့တာလေးလတောင်ကျော်ခဲ့ပီလေ
2026-11-01 12:38:24
2
lea.lea.win07
Lea lea win :
ဘယ်သူပဲ ဖောက်ပြန် လွှတ်ပေးလိုက်ကြပါ ဘယ်တော့မှ မငိုကြပါနဲ့ ပိုင်ဆိုင်မှုတွေကို ရအောင် ယူထားကြပါ 🤔🤔🤔
2026-10-22 13:45:58
3
sumyat4350
++𝓼𝓾 𝓶𝔂𝓪𝓽(လှိုင်သာယာသူဗျ :
အကုန်လုံးရေးထားတာကို ့အိမ်ထောင်ရေးရဲ့အဖြစ်ပျက်နဲ့တပုံစံထဲတူနေလို့
2026-10-26 09:45:50
2
susandar9024
စုစံ :
မျက်ရည်ကသူ့အလိုလိုကိုကြတာ ထိန်းလို့ကိုမရတာ
2026-10-24 07:50:31
1
hanni.win614
Hanni Win :
အရမ်းမှန်
2026-10-22 10:40:09
1
nan.cherry.oo79
Nan cherry Oo :
၊၊👍
2026-10-22 06:44:24
1
matheint7279
@ သိမ့် ✨ :
ပြန်တင်ပရစေ[Heartwarming][Heartwarming]
2026-10-22 05:41:49
1
maw.maw.lay711
Maw Maw :
အမှန်ပါဘဲ
2026-10-24 08:48:57
1
dawshwemee3
ဒေါ်ရွှေမီး :
စာသားလေးယူမယ်နော်
2026-10-23 13:08:35
1
aye.aye.thin31
Aye Aye Thin :
right
2026-10-19 08:18:09
1
mm918454
M&M :
အမှန်ဘဲ
2026-10-22 02:03:01
1
thin.thin.soe310
သင်းသင်း :
ဟုတ်က့ဲပါ
2026-10-22 14:25:39
1
zinzinoo055
Marina :
အမှန်ပဲ
2026-10-24 08:51:07
1
naweoopann
👑Crystal Su👑 :
ကောင်းလေစွ
2026-10-23 01:56:13
1
To see more videos from user @nansandikyaw5, please go to the Tikwm homepage.

Other Videos


About