@yiweyiwehnit: ကျေးဇူးတော်လမ်း --------------------------. အသက်ကိုနောက်မှရှုမယ် ကော်ဖီကိုအရင်သောက်မယ် ငါ့ကိုယ်ငါအရင်ချစ်လည်း မင်းကိုချစ်တာ အရင်ဖြစ်ခဲ့တယ်။ ကိုယ့်ခါးကို မင်းဖက်ထားထား မင်းခါးကို ကိုယ်ဖက်ထားထား လမ်းဟာ သွားနေဖို့ပဲ။ မျက်နှာကို လေတိုးနေတာ ဘ၀အရသာ အလွမ်းအဆွေးမှာ မင်းမျက်နှာလည်း ဖြစ်မယ် ကိုယ့်မျက်နှာလည်းဖြစ်မယ် လေထဲ ဆံပင်တွေ လွင့်နေတာ လှတယ်။ လမ်းပေါ်တစ်နှစ်ပတ်လုံး သွားနေတာပဲ လမ်းပေါ်တစ်နှစ်ပတ်လုံး လူတွေ သေနေကြတာပဲ မသွားလို့မှ မဖြစ် အချစ်မှာ မရောက်လို့မှ မဖြစ်ပဲ။ လမ်းတစ်လမ်းမှာ အမည်မသိအုတ်ဂူ နောက်တစ်နေရာမှာ သစ်ခြောက်ပင် နည်းနည်းလွန်လာတော့ လမ်းတစ်ဖက်မှာ စိမ်းလန်းသော လယ်ကွင်း ငါလည်း ဆင်းကျန်ခဲ့လို့မှ မဖြစ်ဘဲ ။ မသာ ဆယ်ခေါက်လည်း လူဟာ ဘယ်မှမရောက်ဘူး။ အသည်းကွဲတယ်ဆိုတာကလည်း အသည်းရှိခဲ့လို့ပါပဲ အချစ်မှာ အခြား ဘာရှိရမှာလဲ ငါလည်း မသေအိမ်က မုံညင်းစေ့ပမာ ပျောက်နေတာကို ဘဝထဲမှာမရှာ အရိပ်ထဲမှာမနား အနီးဆုံးဘုရားကိုမဖူး လမ်းဟာ ရူးခါနေတာပဲ။ ကိုယ်အသက်ကြီးခဲ့ရင် ပင်လယ် တောင်တန်းနဲ့ နယ်မြို့လေးတစ်မြို့မှာ သွားနေမယ် ကိုယ်အသက်မကြီးခဲ့ရင်လည်း ကိုယ်ဟာ တစ်ပြားမှမလျှော့ ရန်ကုန်လမ်းပေါ်မှာပဲပေါ့။ လင်းနေမှ လူနေတယ် ထင်ယောင်မှားမိတယ် အမှောင်ထဲမှာလည်း ငြိမ်ငြိမ်လေး ကိုယ်နေတယ် အစကတည်းက မရောက်ခဲ့ရင် ဘယ်တော့မှလည်း မရောက် ကိုယ်လျှောက်နေတဲ့ လမ်းထက် လူဟာပိုမရောက် အိမ်အပြန်လမ်းတစ်လျှောက် အားလုံးနောက်ကျလည်း တစ်ယောက်ချင်းမှာ မိသားစုတစ်စုချင်းမှာ ခြေလမ်းညီညီစီလို့ မြို့အပြင်က အိမ်ထဲ လေယာဉ်ပျံတီထွင်နိုင်လည်း မပျံသန်းနိုင်ပဲ ပြန်လည်ဝင်ရောက်ပျောက်ကွယ်လို့ မိုးကုန်မှ မုတ်သုန်ရောက်လာတယ် ဆောင်းဦးရွက်ကြွေထဲ ကျွန်တော်တို့ တဖွဲဖွဲ လွဲသွားကြပုံရတယ်။ ဝေးကွာခြင်းက ပိုမြင်ရပြီး အတူတကွရှိခြင်းက ပိုကြားရတယ် အမြင်အကြားခြားနားနေတာလည်း အချစ်နဲ့ ဘ၀ပဲ မြင်သလောက်မကြား ကြားသလောက် မမြင် ပြင်ရင် ပျက်တတ်တယ်။ ရန်ကုန်ကို ငုံ့ကြည့်ဖို့ရာ ကိုယ့်မှာ ကဗျာပဲ ရှိတယ် ချစ်မေတ္တာကတော့ အမြဲဆန်းကြယ် တအံ့တဩ ငေးမောကြည့်ရတယ်။ စိုင်းဝင်းမြင့် #credit_to_owner_with_respect #KZT
Yiwe Yiwe
Region: MM
Friday 09 October 2026 11:15:30 GMT
Music
Download
Comments
𝓐𝓝𝔂𝓪𝓣𝓡𝓪.❶9❾➄ ( ͡° ͜ʖ ͡° :
မိုက်တယ် ကြိုက်တယ်
2026-10-10 01:23:11
1
Xorun🇯🇵✡☯ :
များများရေးပေးပါ☺ဒီလိုစာတွေအရမ်းကြိုက်လို့ပါဗျာ
2026-10-10 00:45:32
1
🇯🇵🇯🇵Mr.hran🇯🇵🇯🇵 :
အားပေးနေပါတယ်
2026-10-09 13:05:15
1
Soe Min Naing :
🥺🥺
2026-10-10 05:49:58
0
U Aung Aung :
🥰🥰🥰
2026-10-10 03:12:08
1
SHELOI KARASU :
🥰🥰
2026-10-10 01:12:36
1
To see more videos from user @yiweyiwehnit, please go to the Tikwm
homepage.