@kozinlatt2: ပျဉ်းမနား လယ်ဝေး ပွဲဖြစ်နေကြရတာ မြင်လို့ ဝင်ပြောအုးမယ်ဗျာ ကျနော်က ဧည့်သည်ပ့ါ ကျွန်တော်ကတော့ ပျဉ်းမနားက ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူပွဲတော်ကိုပဲ သဘောကျတယ်။ ❤️🙏 နေပြည်တော်၊ ပျဉ်းမနားကို မရောက်ဖူးခင်ကတည်းက နှစ်ကျိပ်ရှစ်ဆူပွဲတော်အကြောင်း ကြားဖူးနေခဲ့တယ်။ တစ်နေ့နေ့တော့ ကိုယ်တိုင်ရောက်ဖူးချင်တယ်၊ ကိုယ်တိုင်ပါဝင်ဆင်နွှဲကြည့်ချင်တယ်လို့လည်း စိတ်ကူးခဲ့ဖူးတယ်။ အသိမိတ်ဆွေတွေကလည်း ပွဲတော်ကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ကြတယ်။ နောက်ပိုင်း အလုပ်အကိုင်အကြောင်းကြောင့် ပျဉ်းမနားကို ပြောင်းရွှေ့ရောက်ရှိလာတဲ့အခါ ပွဲတော်အကြောင်း ပိုသိလာရတယ်။ ကိုယ်တိုင်လည်း ပါဝင်ဆင်နွှဲခွင့်ရလာတယ်။ ပွဲတော်ရဲ့ စည်ကားမှု၊ ပျော်ရွှင်မှုနဲ့ ရိုးရာဓလေ့တွေကို မြင်တွေ့ခံစားရတော့ တကယ်ကို သဘောကျမိတယ်။ ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူပွဲတော်ဟာ ကျွန်တော့်အတွက် သဘောကျစရာကောင်းတဲ့ ပွဲတော်တစ်ခု ဖြစ်လာခဲ့တယ်။ အခုတော့ ပျဉ်းမနားနဲ့ လယ်ဝေးကြားမှာ ပွဲတော်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေကြတယ်။ လယ်ဝေးဘက်မှာ စပွန်ဆာအင်အားကောင်းတယ်၊ ပိုက်ဆံသုံးနိုင်တယ်၊ နာမည်ကြီးအဆိုတော်တွေ ငှားနိုင်တယ်၊ လှည့်လည်ဖျော်ဖြေရေးကားတွေနဲ့လည်း စည်စည်ကားကား ကျင်းပကြတယ်။ ပျဉ်းမနားဘက်မှာတော့ စပွန်ဆာနည်းတယ်၊ ဖျော်ဖြေရေးကားနည်းတယ်၊ နာမည်ကြီးအဆိုရှင်တွေလည်း သိပ်မပါကြဘူး။ ဒီလိုကွာခြားမှုတွေကြောင့် ပျဉ်းမနားဘက်က လူတချို့ မကျေနပ်ဖြစ်ကြတာလည်း ရှိတယ်။ အဲမှာ ကျနော့် စိတ်ဝယ်မှာလည်း နည်းနည်း မဝာင်မကျ ဖြစ်မိတာပေါ့... ကျနော့်တွက် ပွဲတော်ကို ဘယ်သူက စတင်ခဲ့တယ်၊ ဘယ်သူက ဘယ်သူ့ပွဲတော်ကို ယူသုံးတယ်ဆိုတာထက် ကျွန်တော့်အတွက်တော့ ကိုယ်တကယ်သဘောကျတဲ့ ပွဲတော်မှာ ကိုယ်တိုင်ပါဝင်ဆင်နွှဲခွင့်ရတာက ပိုအရေးကြီးတယ်။ ဒါပေမဲ့လယ်ဝေးမှာ ဘယ်လောက်စည်စည်ကားကား၊ ဘယ်လောက်နာမည်ကြီးတဲ့ အဆိုတော်တွေ ပါပါ၊ ကျွန်တော်ကတော့ ပျဉ်းမနားရဲ့ နှစ်ကျိပ်ရှစ်ဆူပွဲတော်ကိုပဲ သဘောကျတယ်။ ပျဉ်းမနားမှာ ရှိတာလေးကိုပဲ ကြည့်မယ်။ ဖျော်ဖြေရေးကားနည်းလည်း ကြည့်မယ်၊ နာမည်ကြီးအဆိုတော် မပါလည်း ကြည့်မယ်။ မရှိရင်တော့ အိမ်ပြန်အိပ်မယ်။ ဒါပေမဲ့ လယ်ဝေးကိုတော့ သွားမကြည့်ဘူး။ ဒါဟာ လယ်ဝေးကို မုန်းလို့မဟုတ်ဘူး။ ကိုယ်သဘောကျတဲ့ပွဲတော်၊ ကိုယ်သံယောဇဉ်ရှိတဲ့မြို့ရဲ့ ပွဲတော်ကိုပဲ အားပေးချင်လို့ပါ။ ပွဲတော်တစ်ခုရဲ့ စည်ကားမှုကို ပိုက်ဆံနဲ့ တိုင်းတာလို့ရပေမဲ့ ကိုယ့်ရင်ထဲမှာ ဘယ်ပွဲတော်ကို ပိုသဘောကျတယ်ဆိုတာကိုတော့ ပိုက်ဆံနဲ့ တိုင်းတာလို့မရဘူး။ ကျွန်တော်ကတော့ ပျဉ်းမနားကို သဘောကျတယ်။ ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူပွဲတော်ကို သဘောကျတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ်သဘောကျတဲ့ ပျဉ်းမနားပွဲတော်ကိုပဲ အားပေးသွားမယ်။ ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခံယူချက်ပါ။ ❤️🙏 ကိုယ် ဆန္ဒ လွပ်လပ်စွာ မျှဝေခြင်းသာ #နေပြည်တော် #ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူဘုရားပွဲ #fypシ #foryou #tiktok
🍀Ko Zin🍀
Region: MM
Friday 09 October 2026 11:43:29 GMT
Music
Download
Comments
Phoo Phoo :
ပျဥ်းမနား နှစ်ကျိပ်ရှစ်ဆူပွဲဆိုတာ ကျင်းပလာတာ နှစ်ပေါင်း 100 ကျော်နေပါပြီ လယ်ဝေး က ခုမှ ထလုပ်တာ တစ်နှစ် 2နှစ်ဘဲ ရှိသေးတယ် အဆိုတော်ကားဆိုတာ ပိုက်ဆံရှိရင် ကြိုက်သလောက်ငှားပီး ကြိုက်တဲ့မြို့မှာ ကြိက်သလို လှည့်လို့ ရတယ် နှစ်ကျိပ်ရှစ်ဆူဘုရားကားလှည့်တာကတော့ ပျဉ်းမနား တစ်မြို့ထဲမှာဘဲရှိတယ် သိဖို့ 🥰🥰🥰
2026-10-10 04:20:31
115
phyo :
ငါတို့လယ်ဝေးသူတွေကလုယူသွားတာမဟုပါဘူ
စပွန်ဆာပေးမဲ့သူရှိလို့ပါလယ်ဝေးနှစ်ကျိတ်ရှစ်ဆူလို့လဲမပြောဘူငါတို့ဆီလဲလပြည့်နေ့နဲ့လပြည်ကျော်၁ရက်နေ့တိုင်စတိတ်ချိုးကာရှိတယ်အဆိုတော်၄/၅ယောက်တော့အမြဲပါတယ်ပျဥ်မနားသာတွေကငါတို့လယ်ဝေးသားတွေကိုတိုက်ခိုက်နေတာမှားနေပီသူတို့အထက်ကလူတွေနဲ့ဆိုင်မယ်ထင်
2026-10-10 02:32:44
31
Bo Xtet Gyi😘 :
လယ်ဝေးမယ်ကဘုရားငါးဆူကဟိုးးးအရင့်အရင်ထဲကပါလုပ်ကျတာအဆိုတော်တွေမငှားကျတာဘဲရှိတယ်နှစ်ကျိတ်မှမဟုတ်ဒါဗျာဘာတွေဖြစ်နေကျတာလဲဒါပြသာနာဖြစ်ပြီးပွဲဆူရမဲ့ဝါမဟုတ်ဘူး
2026-10-10 03:29:05
24
Cho🍎wai❣khaing💃 :
ကားတေ အများကြီးထွက်တာ တစ်နေရာဝင်ပီး
ပြန်ထွက်မရအောင် စီတဲ့မြို့လေ ဒါကို လာခိုးသွားတယ်
2026-10-10 03:27:56
18
Thu Rein Htun :
ငွေနဲ့ပါဝါတွေက ရိုးရာကိုဖျက်လို့ရမယ်မထင်ဘူးဗျာ ကျနော်အထင်တော့ သမိုင်းဆိုတာရှိပြီးသားပါ 😊
2026-10-10 00:41:53
20
Thae Maung :
sttတွေ လူလူချင်း feelတတ်ပြီး အပင်ပန်းခံကြည့်နေတာ
2026-10-09 19:30:38
10
ThiTarMoe :
ကိုယ်လဲလယ်ဝေးကိုမနာလိုလို့မဟုတ်ရပါဘူးရှင်ကိုယ့်ပျဥ်းမနားအစဥ်လာဆိုတော့ရင်ထဲစိတ်မကောင်းဖြစ်မိတာပါပျဥ်းမနားမှာရှိရင်ကြည့်မယ်မရှိရင်မကြည့်ဘူး
2026-10-09 22:17:21
21
💥@𝓣𝓲𝓷 𝓜𝔂𝓸 𝓝𝓪𝓲𝓷𝓰@💥 :
ကျန်တာတွေပြောမနေနဲ့ ပျဉ်းမနားမြို့ရဲ့လမ်းနဲ့ လယ်ဝေးမြို့ရဲ့လမ်းနဲ့ တခြားစီကြီးပါကွာ 😂😂😂ယှဉ်မရပါဘူးကွာ ပျဉ်းမနားမြို့ကို 👌✌️
2026-10-10 07:08:00
10
🐉 :
ကိုယ်လယ်ဝေးသူပါ ဒါမဲ့ ပျဉ်းမနား မှာပဲ နှစ်တိုင်းပျော်နေခဲ့တာရယ် ပျဉ်းမနားက မြို့လယ်ဖစ်တဲ့တွက်ကြောင့် ပိုစည်တရ် လမ်းဝင်လမ်းထွက်ကောင်းတရ်
2026-10-10 03:05:41
12
U Soe Nge :
လယ်ဝေးကမနေ့တနေ့ကမှပေါ်တာပါ။
ပျဉ်းမနားနှစ်ကျိတ်ချစ်ဆူ၂၈ ဆူပေါ့ဗျာနှစ်၇၀ကျော်ပြီနဲ့တူတယ် ။
2026-10-10 10:13:21
1
Hsu Myat :
ဟုတ်တယ်ပျဉ်းမနားသူအနေနဲ့ရင်ထဲမကောု်းဘူးတကယ် ခုချိန်ထီပေါကခရင်ကားတစီးစာ လုံးလှူပစ်ပီ
2026-10-10 05:22:08
6
🍋🟩Kaung Zxan Htet🍋🟩 :
ငါတို့ပျဉ်းမနားရဲ့အထင်ကရရိုးရာပွဲတော်ကိုအသိအမှတ်ပြုပေးလို့ကျေးဇူးပါဘရို
2026-10-10 02:34:05
10
ZarLi Myint.zlm :
ပျဥ်းမနားမြို့လေးကိုချစ်ပေးလို့ဝမ်းသာဂုဏ်ယူပါတယ်ရှင်🙏ပွဲတော်အစပျဥ်းမနားက🥰🥰🥰
2026-10-11 10:48:01
1
Daw Khin :
ဒီနှစ်တော့ကိုင်ဇာမပါနိုင်တော့ဘူး😳😳
2026-10-17 08:56:25
0
Oo Zaw :
ရန်အောင် ၁ ရန်အောင် ၂ မြို့ဦး နံတော်စဥ် ရွာကောက်စတဲ့ စတိတ်ကားတွေ အများကြီးနဲ့ ပျော်ခဲ့ရတဲ့ အချိန်တွေကို ပိုလွမ်းတယ် ကိုယ်ကြိုက်တဲ့အဆိုတော်ရွေးပြီး လိုက်ကြည့်ရတဲ့ အရသာက ပျဥ်းမနားမှာဘဲရှိခဲ့တာပါ
2026-10-10 02:25:32
6
thu💞 :
အရမ်းမှန်တယ်👍👍👍
2026-10-10 01:43:56
2
Z.H.A :
ဟုတ်ပါတယ် ပျဥ်မနားက နှစ်ကျိပ်ရှစ်ဆူး ဖြစ်သလို နှစ်ကျိပ်ရှစ်ဆူကလဲ ပျဥ်မနားက ဂုဏ်ဆောင်ပါ🥺
2026-10-10 02:29:02
5
Ye Lin Aung (Volunteer Rescue) :
အိမ်နီးနားချင်း မြို့နယ်များဖြစ်ကြသည့်အတိုင်း အချင်းချင်း ပဋိပက္ခမဖြစ်ဘဲ သာသနာ့အကျိုး၊ ဒေသအကျိုးအတွက် ချစ်ကြည်ရင်းနှီးစွာ စည်းလုံးညီညွတ်ကြပါရန်နဲ့ မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုများကို လျှော့ချပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်
2026-10-09 19:02:15
7
💖 T&S 💖 :
ဒို့ပမနကလူတွေအကုန်လုံးအဖွဲအစည်းတခုစီတိုင်ဘာသာတိုင်လူမျိုးတိုင်ကစိတ်ဓာတ်ရေရာမှာသူအဖွဲ့စီတိုင်နဲ့သူမြင့်မြတ်ပီးသာပမနသာတေကညီညွတ်တယ်လေစားစရားကောင်းတယ်ဘယ်သူကမှအတုခိုတယ်လို့မပြောပါဘူး
ပမနသာတေဘယ်သူ့ဆီကမှအတုခိုပီးမလုပ်ကြဘူးကိုယ်ရည်ကိုယ်သွေနဲ့တက်လာကြတာသမိုင်းမှာမှတ်တမ်းရှိထားပီးသာ
2026-10-10 13:10:04
2
🥰နေပြည်တော်လယ်ဝေးသား🥰 :
ဝေဖန်တာလေကန်တာမဟုတ်ဖူး bro တို့ပျဥ်းမနားကမူပိုင်လို့ရိုးရာလို့ပြောတယ်နော် နှစ်စဥ်ရိုးရာမပျက်တာသိတယ် ဒါပေမဲ့ဗျာ မူပိုင်ဆိုတာကိုသဘောမကျတာ မူပိုင်ဆို မူပိုင်ခွင့်တင်ထားတာလေးတချက်လောက် လူကြီးတွေစီက ယူပြပါလား ပျဥ်းမနား နှစ်ကျိတ်ရှစ်ဆူ လယ်ဝေးဘုရားငါးဆူပဲရှိတာ နှစ်ကျိတ်ရှစ်ဆူမရှိဖူး နှစ်တိုင်းဘုရားငါးဆူလှည့်ပါတယ်ဗျာ အဆိုတော်တွေနည်းတယ် အရင်က လဲရှိတယ် ခိုးတယ် ဆိုတာကြီးလက်မခံနိုင်တာဗျ ဘုရားငါးဆူလှည့်တာ နှစ်ကျိတ်ရှစ်ဆူလုပ်နေတာမဟုတ်ဖူးလေ ဘယ်နားကခိုးရတာတုန်းမေးပေးဦး ဘုရားငါးဆူလှည့်တာနဲ့နှစ်ကျိတ်ရှစ်ဆူနဲ့တခြားစီနော်
2026-10-10 12:59:17
4
🇲🇲 Red Spider Lily💕Kai🇹🇭 :
ကျေးဇူးကိုယ့်မြို့လေးရဲ့အစဉ်အလာပျော်ရွှင်အားပေးမှုကိုကြိုက်နှစ်သက် ေပးလို့[အသည်းပုံလက်များ]
အဲ့လိုဆိုင်ကယ်နဲ့လိုက်ပတ်ကြည့်ရတာကိုကစိတ်ညစ်ခဏပဲပျော်နေကျတာ/socialမှာသီချင်းနားထောင်ချင်တာများအလွယ်နားထောင်ရရှာလို့ရနေလဲ အရင့်အရင်ထဲက ခုလိုကိုလိုက်ကြည့်အားပေးတာကိုပျော်နေကျတာ ရိုးရာအစဉ်အလာလေးတခုပါ[စိတ်ကြည်နူးမိ] လပြည့်နေ့ကျရင်လဲ၂၈ဆူသော်ဘုရားကားများကိုဖူး ေမြာ်ပူဇော်သူတွေမှ အများကြီးပါပဲ[ဆုတောင်း]
2026-10-10 02:13:03
3
Yuri :
လယ်ဝေးသူလယ်ဝေးသားတွေကိုဘာလို့အပစ်တင်နေရတာလဲ ပွဲစီစဥ်တဲ့သူတွေကိုပြောကြပါလား သူတို့လုပ်တာလေ သူတို့အပစ်သွားပြောကြ
2026-10-10 07:34:28
4
Jue Jue :
နှစ်ကားထွက်မှာပါရှင့်🥰🥰🥰🥰🥰
2026-10-10 04:06:05
1
𝓘'𝓶 𝓳𝓾𝓼𝓽 𝓶𝔂𝓼𝓮𝓵𝓯 :
တို့ကတော့ပျဥ်းမနားမှာပဲပျော်မယ်🥰
2026-10-10 02:12:20
4
c x a n 🍂 :
အဲ့ဒါပြောတာ နှစ်ကျိပ်ရှစ်ဆူဆိုတာ ပျဉ်းမနားရိုးရာ လယ်ဝေးနဲ့ဘာမှမဆိုင်ဘူး
2026-10-10 13:06:26
1
To see more videos from user @kozinlatt2, please go to the Tikwm
homepage.