@nathyn.nico: ​🥀 နှလုံးသားထဲက မဏိစန္ဒာ 🥀 ❤️ Manisanda in My Heart ❤️ ​မြန်မာ့ပုဂံရာဇဝင်မှာ အချစ်၊ သစ္စာ၊ အာဏာနဲ့ ကံကြမ္မာတို့ ရောယှက်နေတဲ့ ကြေကွဲဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့ပါတယ်။ အဲဒါကတော့ မင်းကျန်စစ်နဲ့ မဏိစန္ဒာမင်းသမီးတို့ရဲ့ ချစ်ဇာတ်လမ်းလေးပါပဲ။ ​🌹 ရာဇဝင်အစဉ်အလာအရ မဏိစန္ဒာမင်းသမီးကို ပုဂံပြည်သို့ ခေါ်ဆောင်လာခဲ့တဲ့ ခရီးစဉ်မှာ ကျန်စစ်သားနဲ့ မဏိစန္ဒာတို့ ဆုံတွေ့ခဲ့ကြပြီး၊ အနီးကပ် မေတ္တာမျှကာ သံယောဇဉ် နှောင်ကြိုးတွယ်ခဲ့ကြပါတယ်လို့ ဖတ်မှတ်ခဲ့ဖူးတယ်.... ​နဂိုကတည်းက သူတို့နှစ်ဦးရဲ့ ဆုံတွေ့မှုဟာ ထာဝရ ပေါင်းဖက်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ နန်းတွင်းအာဏာနဲ့ အခြေအနေမျိုးစုံ ကြားမှာ ချစ်သူနှစ်ဦးအဖြစ် လက်တွဲခွင့်ရဖို့ဆိုတာ အလွန်ပင် ခက်ခဲလွန်းလှပါတယ်။ မဏိစန္ဒာဟာ ကျန်စစ်သားအတွက် တခဏတာ ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ ဖြစ်တည်မှုတစ်ခုသာ ဖြစ်ခဲ့ရရှာပါတယ်။ ​💔 အနော်ရထာမင်းကြီးထံ ဆက်သဖို့ မဏိစန္ဒာကို ခေါ်ဆောင်လာစဉ် သံယောဇဉ်ငြိတွယ်ခဲ့ကြလို့ မင်းပြစ်ဒဏ် ခတ်ခံခဲ့ရတဲ့ ကျန်စစ်သား.ကို အနော်ရထာမင်းကြီး ပစ်လွှတ်လိုက်တဲ့ အရိန္ဒမာ လှံကွန်ချာဟာ စစ်မှန်တဲ့ မေတ္တာနဲ့ ချစ်ခဲ့တဲ့ မင်းကျန်စစ်ရဲ့ နှလုံးသားကို မထိဘဲ ချည်နှောင်ထားတဲ့ ကြိုးတွေကိုသာ ဖြတ်တောက်ပေးခဲ့လို့ လွတ်မြောက်ပြေးထွက်ခဲ့ရတယ်ဆိုတာ ဖတ်ခဲ့ရစဉ်က အချစ်ရဲ့ စွမ်းအားဟာ သေဒဏ်ကပင် လွတ်မြောက်စေနိုင်ကြောင်း စွဲမြဲစွာ မှတ်မိနေခဲ့ပါတယ်။ ​🥀 ချစ်လျက်နဲ့ ခွဲခွာပြေးထွက်ခဲ့ရတဲ့ ကျန်စစ်သားရဲ့ နှလုံးသားဒဏ်ရာနဲ့ နာကျင်မှုကို မဏိစန္ဒာတစ်ယောက် သိပါလေစ…။ ​💔 သူတို့ရဲ့ ဇာတ်လမ်းကို တွေးမိတိုင်း အချစ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်ရခြင်း တစ်ခုတည်း မဟုတ်ဘူးဆိုတာ ပိုပြီး နားလည်လာရပါတယ်။ ​🌧️ တခါတလေမှာ လူနှစ်ယောက်ဟာ စိတ်ရင်းနဲ့ ချစ်နေကြပါလျက် အခြေအနေနဲ့ ကံကြမ္မာကြောင့် အတူတူ မနေနိုင်ကြတာမျိုး ရှိတတ်ပါတယ်။ ​🖤 ကိုယ်ချစ်ရတဲ့သူနဲ့ တစ်သက်လုံး အတူရှိနေချင်တာ သဘာဝပါပဲ။ ဒါပေမဲ့ ကိုယ်လိုချင်တိုင်း ဖြစ်မလာနိုင်တဲ့အခါ နှလုံးသားရဲ့ အလိုကို မလိုက်ဘဲ မှန်ကန်မယ့် လမ်းစဉ်ကို ရင်နာနာနဲ့ ရွေးချယ်ကြရပါတယ်။ ​🍂 မပိုင်ဆိုင်လိုက်ရလို့ ကိုယ်ပေးခဲ့တဲ့ အချစ်တွေဟာ အလကား ဖြစ်သွားတာတော့ မဟုတ်ပါဘူး။ တစ်ချိန်က စိတ်ရင်းမှန်နဲ့ ချစ်ခဲ့ဖူးတယ်ဆိုတဲ့ အမှတ်တရလေးအဖြစ် ကျန်ရှိနေဆဲပါ....... ​🕊️ အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူကို ကိုယ့်အနားမှာ အတင်းအကျပ် ချည်နှောင်ထားခြင်း မဟုတ်သလိုသူ၏ လွတ်လပ်ခွင့်ကို လေးစားပေးခြင်း၊ သူ ပျော်ရွှင်ဖို့ လိုလားပေးခြင်းနဲ့ ကိုယ့်အလိုထက် သို့မဟုတ် သူ့ဘဝ၏ ကောင်းကျိုးကို ဦးစားပေးနိုင်ခြင်းပါပဲ။ ​🌙 အချို့သော အချစ်တွေဟာ ပေါင်းဖက်ခွင့် မရခဲ့ကြပေမဲ့ နှလုံးသားထဲမှာတော့ ဘယ်တော့မှ မမေ့နိုင်တဲ့ ရာဇဝင်ဇာတ်လမ်းတစ်ပုဒ်အဖြစ် သာယာလှပစွာ ကျန်ရစ်နေတတ်ပါတယ်။ ​🥀 အချစ်ဆိုတာ ရယူခြင်း မဟုတ်ပါ။ ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ခွင့် မရခဲ့ရင်တောင် သူ့ဘဝလေး သာယာလှပဖို့ ဆုတောင်းပေးနိုင်ခြင်း၊ အဝေးကနေပဲဖြစ်ဖြစ် သူ့ပျော်ရွှင်မှုကို လိုလားပေးနိုင်ခြင်းပါပဲ။ 🖤 ​🌹 မင်းကျန်စစ်ရဲ့ နှလုံးသားထဲမှာတော့ မဏိစန္ဒာဟာ ဆုံဆည်းခွင့်မရခဲ့တဲ့ ချစ်သူတစ်ယောက် သာမကဘဲ၊ ဘဝချင်း မနီးစပ်နိုင်ခဲ့ပေမဲ့ နှလုံးသားထဲမှာ ထာဝရ အမှတ်တရအဖြစ် ကိန်းဝပ်ကျန်ရစ်ခဲ့တဲ့ မြတ်နိုးဖွယ် အချစ်တစ်ခုပါပဲ…။ 🥀 ​🖋️ 𝓝𝓪𝓽𝓱𝔂𝓷 🌹 ​#နှလုံးသားထဲကမဏိစန္ဒာ #fyupageシ #creatorsearchinsights #myanmartiktok🇲🇲🇲🇲 #အချစ်ဆိုတာ

Nathyn.nico 🇯🇵
Nathyn.nico 🇯🇵
Open In TikTok:
Region: MM
Friday 09 October 2026 12:09:15 GMT
8493
484
13
49

Music

Download

Comments

user478659676sansan
sansan🇯🇵💤 :
မင်းကျန်စစ်ရဲချစ်ချင်းလေးသူတိုချစ်ခြင်းဟာလေးစားထိုက်တဲ့ချစ်ချင်း
2026-10-09 12:30:41
2
hninsipyar04
🇯🇵Hnin Si Pyar🇯🇵 :
ပုဂံရာဇဝင်တွေထဲက ကြေကွဲစရာအချစ်ဇတ်လမ်းလေးတစ်ပုဒ်ပါ။ မဏိစန္ဒာရေ ကျန်ရစ်သူကျန်စစ်မင်းရဲ့ရင်ထဲမှာ မဏိစန္ဒာအပေါ်ဘယ်လောက်ထိချစ်မြတ်နိုးခဲ့ရတယ်ဆိုတာအရိန္ဒမာသာအသိဆုံးပါ
2026-10-09 12:45:40
2
jokeraung226
Joker :
ထာဝရ အားပေးနေမယ်နော်
2026-10-10 03:57:12
1
nawpwaymuphaw
Phaw Lay :
အားပေးလျှက်ပါ🥰
2026-10-09 14:20:13
1
suhtet0186
chaw.su🌹🌹😉 :
❤️❤️❤️❤️❤️❤️❤️
2026-10-09 12:37:28
1
kyawyetun40
Mr.KYAW YE TUN :
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-10-09 12:14:57
1
leona59986
Leona❤️‍🔥❤️‍🔥❤️‍🔥 :
♥️♥️♥️♥️♥️♥️♥️
2026-10-10 16:54:31
1
mya18933
Mya :
❤️❤️❤️❤️❤️
2026-10-10 07:27:51
1
yuki.hnin.92
✿🇯🇵 𝓨𝓾𝓴𝓲 𝓗𝓷𝓲𝓷 🇯🇵✿ :
🥰🍀
2026-10-10 02:55:56
0
myint.aung4878
MinAung :
❤️❤️❤️
2026-11-17 07:47:11
1
To see more videos from user @nathyn.nico, please go to the Tikwm homepage.

Other Videos


About