@livinginthe_moment29: ဟဲယာရွာမ လှေယဉ် _ ဖောင်တော်ဦးဘုရားပွဲမတိုင်ခင် လေ့ကျင့်ကြပုံ။ ဟဲယာရွာမ လှေယဉ်ကို(လှေယာဉ်မဟုတ်ပါ)၁၉၆၀ခုနှစ်ခန့်ကစတင်၍ သန္ဓေတည်ခဲ့သည်။ ကျောင်းနီကျောင်းဆရာတော် ဦးသောဘိတက ‌နှစ်စဉ်မော်လမြိုင်မြို့သို့ကြွသွားရာမှ စာသင်ဖက်ဘုန်းတော်ကြီးတပါးက ရွှေကျင်သို့ ပင့်ခဲ့သည်။ ထိုရွှေကျင်မြို့၌ မီးမျှောပွဲကျင်းပနေသည်နှင့်ကြုံကြိုက်ကာ ကြည့်ရှု့ခဲ့ရာမှ စိတ်ကူးရလာသော အကြံဖြစ်သည်။ရွှေကျင်သူများက လှေဖောင်ပေါ်တွင် အရုပ်မျိုးစုံဖြင့်တပ်ဆင်ကာ တက်ခုတ်ယိမ်း လှော်ခတ်ကြသည်၊တစီးနှင့်တစီးအလှပြိုင် အကပြိုင်ကြသည်။လှေလှော်သည်မှာ ရေသို့ တက်မ ချ၍ လှော်ခတ်သည်မဟုတ်။လေထဲတွင် အလှလှော်ခတ်ကာ ရှေ့တယောက်က လှော်တက်ကိုကန့်လန့်ကိုင်၍ခေါင်းပေါ်ရွက်သကဲ့သို့လုပ်လျှင်နောက်ကလူက ခုတ်ဟန်ပြုအလှလုပ်ကာ အလယ်တွင် အကကသူပါ၏။ ဤသည်ကိုမြင်သောအခါ ဘုန်းတော်ကြီးက စိတ်ကူးအကြံရကာ အင်းလေးပြန်ရောက်ချိန်၌ ဟဲယာရွာမ အပျိုခေါင်းဆောင် ဒေါ်လှရင်(တောင်ချောင်း)‌ေဒါ်မြကြည်(ပြင်လွန် )တို့အုပ်စုကို ခေါ် စေလျက် သူ့ကျောင်းမုဒ်ဦးလှေကားရင်းတွင် လှေလှော်စဉ်ရေပွားများဖွားထွက်အောင် စမ်းသပ်လှော်ခတ်စေသည်။အောင်မြင်သည်နှင့် ရွာတွင်းရှိဘုန်းတော်ကြီးများ၊ရွာလူကြီးနှင့်ရပ်ကွက်လူကြီးများ၊အပျိုခေါင်းဆောင်များကို ခေါ်ယူစည်းဝေးကာ လှေယဉ်အဖွဲ့ကို ဖွဲ့စည်းစေခဲ့သည်။ထိုဖွဲ့စည်းပြီးသော လှေယဉ်မယ်အပျိုများကို တောင်နှင့်မြောက်စောင်းတန်းအရှည်ရှိသည့် အောင်မင်္ဂလာဘုရားတွင် စမ်းသပ်လေ့ကျင့် လှော်ခတ်စေသည်။ ထိုလှေယဉ်အတွက် သီချင်းကို ရှေ့ကျောင်း(သီရိမင်္ဂလာရှေ့ကျောင်း)ဆရာတော်ကြီးက ရေးစပ်သီကုံး၍ ရွှေဘုံသာဆရာတော်၊နန်းပန်ကျောင်းဆရာတော်၊စံရာကျောင်းဆရာတော်တို့က နှုတ်တိုက် သင်ပေးကာ နောက်ရပ်ကြီးရပ်မှ ဦးဘကျော်(နှဲဆရာ၊ပတ်တ္တရားဆရာ)တို့နှင့် ရှေ့ရပ်ကြီးမှ ဦးဘကျော်တီးဝိုင်းနှင့်တွဲဖက်ကာ လေ့ကျင့်ပေးခဲ့သည်။ လှေယဉ်တော်တွင်အရုပ်ကို ကရဝိက်ရုပ်နှင်ပြုလုပ်ရန် ရပ်ကွက်လူကြီးတို့က လျှောက်ထားတင်ပြသော်လည်း ပထမကျောင်းဆရာတော်ဘုရားကြီးက ကရဝိက်နှစ်ကောင် မဆုံနဲ့ ဆို၍ ဥဒေါင်းငှက်ရုပ်ဖြင့် ဦးစွာ ပြုလုပ်လှော်ကြရသည်။နှစ်နှစ်မျှလှော်ခတ်ပြီး ကျောင်းနီကျောင်းဆရာတော်က ကရဝိက်နှစ်ကောင်မဆုံရအောင် ဟင်္သာရုပ်ပြောင်းလုပ်မည်ဆိုကာ ညောင်ရွှေမြို့ ဝင်းရပ်မှ စပ်ပန်းချီတော် ဆရာမျှင်အား ထပ်မံခိုင်းစေခဲ့သည်။ယခင်ဥဒေါင်းရုပ်လည်းသူပင်ပြုလုပ်ပေးခဲ့သည်။(ကရဝိက်၂ကောင်မဆုံစေခြင်းမှာ ရိုးရာ ဓလေ့အရ မင်္ဂလာအခါတွင် စုံဂဏန်း၊အမင်္ဂလာတွင် မဂဏန်းပြုလုပ်ရိုးရှိ၍ ဖြစ်သည်)။ ဆရာတော်ကြီးများ၏ ကျေးဇူးကားကြိးမားလှပေစွ။ ယခုချိန်ထိ လှေယဉ်ကိုဘုရားပွဲတိုင်းပါဝင်နေမြဲဖြစ်သကဲ့သို့ သီချင်းမှာလည်း အပြောင်းအလဲမရှိ သီဆို လှော်ခတ်လျက်ရှိသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ယနေ့မျက်မှောက်ကာလ၌ (ဆရာတော်ကြီးများက အမျိုးသမီးများ ဘုရားဆွဲပို့ခွင့်ရအောင်အမြော်အမြင်ကြီးစွာ စီစဉ်ခဲ့ သော်လည်း )ဟဲယာရွာမ လှေယဉ်မှာ လိုက်ပါလိုသော အပျိုငယ်များ နည်းပါးလာခြင်းတည်း။ဆရာတော်စီစဉ်စဉ်က နဝင်းကျေ တဖက်( ၅၄) ဦး ပေါင်း(၁၀၈)ဦးစီစဉ်ပေးခဲ့သည်။ ဟဲယာလှော်ယဉ် ထာဝရ တည်မြဲပါစေ မောင်ရာကျော် အင်းလေး စာကိုး။ ။ ၁.ကျောင်းနီကျောင်းဆရာတော် နေစဉ်မှတ်တမ်း၊ ၂.ဒေါ်မြကြည် ပြင်လွန်ရပ် ပြောပြချက်မှတ်စု ၃.ဦးဟန် နောက်ရပ်ကြီး ပြောပြချက်မှတ်စု #InleCulture #InlePeople #InthaLife #InleHistory #InleHeritage

Living In The Moment
Living In The Moment
Open In TikTok:
Region: US
Friday 09 October 2026 12:43:04 GMT
98680
7323
82
766

Music

Download

Comments

naingwin14580
ice style❄❄ :
အင်းသူလေးတွေတော့ချစ်တယ်..ရေမကူးတတ်တာ..ရေကြောက်တာနဲ့ဘာမှလုပ်လို့မရ🤧🤧🤧
2026-10-10 05:31:08
1
ayepyaepyaetun112
Aye Pyae :
ဟဲယာရွာကို ရောက်ဖူးတယ် ငလျင်တုန်းက မွန်ပြဘ်နယ်ကျန်းမာရေးအခမဲ့ပေးဆေးခန်း ခန လာဖွင့်ဖူးတယ် မှတ်မိလားတော့မသိဘူး အင်းလေးသူတွေ တကယ်ကိုရိုးကြတယ် ဘာသာတရားအတော်ကိုင်းရှိုင်းကြတယ် အရင်က volunteer အဖြစ်ပဲလာဖူးတယ် အခုလိုပွဲတော်ရက်တွေဆိုမရောက် ဖူးသေးဘူး လာချင်မိ
2026-10-10 02:32:32
10
ye6201
Ye moe :
နန်ပန်အဖွဲ့လဲပြပါအုံ
2026-10-10 03:13:39
1
mario_boy6
🐶ao6😎 :
ငါသွားရင်သူတို့ဘယ်ပျောက်နေလဲမသိဘူး😂
2026-10-10 04:00:44
1
khunsoethuroo1997
Ŵăŷ Őő🚚(official) :
2026-10-10 02:48:19
1
97288khun
Thu Kha (Real Estate Services) :
င့ရည်းစားဟောင်းလည်းမပါဘူး😁
2026-10-10 01:52:14
1
tharrkhant5
သားခန့်(သံပေတံ) :
အင်းသူတွေ လှတာလည်း ယုံသွားပြီ သီချင်းဆိုတာလည်းကောင်းတာ ယုံခဲ့ပြီ တကယ်လွမ်းနေတာ လွယ်ငြိမ့်ရွာလေးကို❤️
2026-10-10 02:41:42
1
pa.pa.phyo6196
🦦ဂွက်ထော်👀 :
တကယ့်အလှလေးတေကွယ်
2026-10-10 01:00:51
1
gojo68017
歪严苗 :
အင်းသူမလေးတေးလှလိုက်တာယုံတောင်မယုံဘူးဗျာ
2026-10-10 01:33:10
3
einaingnyein
Ei Naing Nyein :
မေစုဦးချောလိုက်တာ❤️❤️❤️
2026-10-09 12:59:44
4
moe_naat_mainn
🇲🇲မိုး နတ် မင်း :
ဆရာတော်တွေမို့ စိတ်ကူးစိတ်တမ်းကောင်းတော်မူတယ်.....လေးစားကြည်ညိုစရာတွေပါပဲ
2026-10-10 02:43:54
1
pyaephyoe084
Pyae Phyoe :
အချော လေးတွေ
2026-10-09 23:06:24
1
user019775742
Thiha :
🥰🥰🥰ချောတယ်ညီကွာ🥰🥰🥰😁
2026-10-10 00:16:55
1
al.kaung23
K💨 :
အင်းသူတွေတကယ်ချော့တာဗျာ့..🤌❤️
2026-10-09 18:34:26
1
zayarmgmg2
zayarmgmg2 :
အကုန်ချော🥰
2026-10-09 22:24:42
1
kopyaetgi37
13/KP :
ဘယ်နေ့လဲဗျ
2026-10-09 18:40:50
1
alkhaing962bagan
ᥫ᭡𝓚𝓱𝓪𝓲𝓷𝓰ᥫ᭡ :
ချစ်ခနမ်း
2026-10-09 15:45:56
1
thandar.soe534
Thandar Soe :
မေစုဦး အချောလေး🥰🥰🥰
2026-10-09 15:34:56
1
htetshiolay
Htet :
အင်းထဲသွားချင်တယ်လို့ 🥰🥰
2026-10-10 00:17:10
1
user1711512739142
နှောင်းနှောင်း :
အဲဒါကအပျိုမှရတာလားနားမည်လို့မေးတာပါရှင့်
2026-10-09 15:23:46
2
sai.khant.lin.zaw
Sai Khant Lin Zaw :
ဘယ်နေ့လဲဗျ ပွဲက တခါမမကြည့်ဖူးလို့
2026-10-09 18:47:16
1
basai359
p..m..t...🎨🖌️ :
ဟဲယာရွာမှာပဲအခြေချခြင်တော့တယ်😁
2026-10-09 17:43:31
1
haki9696
Ŧիℯ իᴬₖ༏ 🦖 :
ငါရီးစားဟောင်းလဲမပါဘူး
2026-10-09 17:08:19
1
moep711
Kitty :
အင်းသူချောချောလေးတွေ🥰🥰
2026-10-09 15:33:21
1
ei.cho416
Ei_Cho :
ချစ်စရာလေးတွေ 😍😍😍
2026-10-09 14:02:05
1
To see more videos from user @livinginthe_moment29, please go to the Tikwm homepage.

Other Videos


About