@mikyi117: သူ့ရှုထောင့်ကနေကြည့်ရင် သူ့ခံစားချက်ကို နားလည်နိုင်မယ်လို့ ကိုယ်တို့ မကြာခဏ တွေးတတ်ကြတယ်။ ဒါပေမဲ့ နားလည်မှုဆိုတာ ဒီလောက် မရိုးရှင်းပါဘူး။ သူ့ရွေးချယ်မှုကို ကိုယ်တွေးကြည့်နိုင်ပေမယ့် သူ့ရင်ထဲက ဖိစီး ညဉ်းဆဲမှုကို ကိုယ်မသိနိုင်ပါဘူး။ သူ့အတွက် အမှားအမှန်ကို ကိုယ် ပိုင်းခြားစိတ်ဖြာ ပေးနိုင်ပေမယ့် သူ အိပ်မပျော်တဲ့ညတာ ဘယ်လောက်ရှည်ခဲ့မှန်း ကိုယ်မသိနိုင်ပါဘူး။ သူသွားနေတဲ့လမ်းကို ကိုယ်မြင်ပေမယ့် သူ့ခြေလှမ်းတိုင်း တုန်လှုပ်မှု၊ ရုန်းကန်မှု၊မျက်ရည်တွေ၊ဖုန်မှုန့်တွေနဲ့ ပြည့်နေတာကို ကိုယ်မသိပါဘူး။ သူ့ဖိနပ်ကိုစီးပြီး သူ့လမ်းအတိုင်း လျှောက်ကြည့်မှ ကိုယ် တွေးတောင်မတွေးဝံ့တဲ့ လေးလံမှုမျိုး သူထမ်းပိုးခဲ့တယ်ဆိုတာ တွေ့ပါလိမ့်မယ်။  "လျှောက်ကြည့်ရုံ" နဲ့တောင် ကိုယ်အသက်ရှူကြပ်ပြီး မသက်မသာ ခံစားရပါတယ်။ ဒါကြောင့် အလောသုံးဆယ် မဝေဖန်ပါနဲ့၊စီရင်ချက် မချပါနဲ့။ ဒီခရီးလမ်းကို ပြုံးပြုံးရယ်ရယ် ဖြတ်ကျော်လာနိုင်သူဟာ ကိုယ့်မသိ မမြင်နိုင်တဲ့ တစ်နေရာရာမှာ ဝအောင် အသံတိတ် ငိုပြီးခဲ့ပြီမို့ပါ။ cred #fypシ゚viral #Mikyi #2026

Daw Mi Kyi
Daw Mi Kyi
Open In TikTok:
Region: US
Friday 09 October 2026 13:37:45 GMT
268
8
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @mikyi117, please go to the Tikwm homepage.

Other Videos


About