@thutathin: PV Solar ပြားမတူလည်း တပ်လို့ရတယ်! (ဒါပေမဲ့ ဒီစည်းမျဉ်းတွေ လိုက်နာပါ) ⚠️⚡ ဆိုလာလောကမှာ "ပြားမတူရင် လုံးဝတွဲတပ်လို့ မရဘူး" လို့ ပြောလေ့ရှိကြပေမဲ့ အင်ဂျင်နီယာရှုထောင့်ကနေကြည့်ရင် တပ်လို့ ရပါတယ်ခင်ဗျာ။ သို့သော် Inverter ကြီးက Brand ကို လှမ်းမြင်နေတာ မဟုတ်ဘဲ Current (Amps) နဲ့ Voltage (Volts) ကိုသာ သိတာဖြစ်လို့ အောက်ပါ အခြေခံစည်းမျဉ်းကို မဖြစ်မနေ တိကျစွာ လိုက်နာရပါမယ် - 🔹 ၁။ Series ဆက်မယ်ဆိုရင် (Current တူရပါမယ်): String တစ်ခုတည်းမှာ ပြားတွေကို အစီအစဉ်လိုက် Series ဆက်တဲ့အခါ Current (Imp) တူညီရပါမယ်။ မတူဘဲ ဆက်မိရင် စနစ်တစ်ခုလုံးဟာ အနိမ့်ဆုံးပြားရဲ့ Current အတိုင်းပဲ လိုက်သွားမှာဖြစ်လို့ ပါဝါပိုကြီးတဲ့ပြားရဲ့ စွမ်းအင်တွေ အလဟဿ ဆုံးရှုံးသွားပါလိမ့်မယ်။ 🔹 ၂။ Parallel ဆက်မယ်ဆိုရင် (Voltage တူရပါမယ်): String နှစ်ခုကို Parallel ပေါင်းတဲ့အခါ ဗို့အား (Vmp) အဆင့် တူညီရပါမယ်။ ဗို့အားမတူရင် ဗို့မြင့်တဲ့ဘက်ကနေ ဗို့နိမ့်တဲ့ဘက်ကို ပြောင်းပြန်စီးဝင်ပြီး Hot-spot ဖြစ်ကာ ပြားတွေ လောင်ကျွမ်းပျက်စီးနိုင်ပါတယ်။ အမှားကင်းပြီး စံချိန်စံညွှန်းပြည့် အင်ဂျင်နီယာနည်းကျ ဆိုလာစနစ် ဒီဇိုင်းများအတွက် New Approach သို့ အချိန်မရွေး ဆက်သွယ်တိုင်ပင်နိုင်ပါသည်ခင်ဗျာ။ 📞 Hotline: 09 6 7777 5983 #ဆိုလာအသိပညာ #ဆိုလာစနစ် #StarCity #PunHlaingEstate #Estella

Thu Ta Thin
Thu Ta Thin
Open In TikTok:
Region: MM
Friday 09 October 2026 16:34:27 GMT
6672
277
10
15

Music

Download

Comments

aungthuhtet593
💘✋ кƳά𝔴 𝓜𝕚ℕ 𝓣ⓗᵘ ♜🏆 :
online သင်တန်းခေါ်ပေးပါ
2026-10-11 04:30:58
1
htetzaw.electric
Htet Zaw,Ele(09777770467) :
ဟုတ်ပဗျာ
2026-10-10 11:04:02
2
bonanthein
bonantheinm :
စေတနာနဲ့မတန်ကျပါဘူးအကိုလေးရေ
2026-10-13 05:30:52
1
partial696
Ko Lin Lin :
Series ဆို Current - I-max ဟာ Stringထဲက အနဲဆုံး PV ရဲ့တန်ဖိုးအတိုင်းထွက်မယ် , Parallel ဆို Voltage 😌
2026-10-16 06:50:45
0
b3773rk011linn
B3tter C4ll L!nn :
များများ share ပေးပါ အကို 🥰
2026-10-17 03:48:23
0
linn.aungkyaw
linn aungkyaw :
👍
2026-10-10 06:38:25
1
myaungthar0
ⓋⒺⓃⓊⓈ (SUPPLIERS) :
🥰🥰🥰
2026-10-10 02:22:54
1
To see more videos from user @thutathin, please go to the Tikwm homepage.

Other Videos


About