@landmark109: Price:$6,000 Down payment:$500 Monthly:$250 Mileage Transmission Exterior color Interior color Fuel type Trim Number of owners Is it paid off Driven 63,200 miles Automatic Black Black Gasoline IS 350 F SPORT Sedan 4D 2 Yes #2021LexusIS350 #LexusIS350FSport #LexusFSport #LexusSedan #LexusPerformance

Bank Repossessed Cars
Bank Repossessed Cars
Open In TikTok:
Region: US
Friday 09 October 2026 23:35:09 GMT
1828
65
2
12

Music

Download

Comments

chacerr_
chace :
What the location
2026-10-10 15:18:09
0
winter.bilboa
winter.bilboa :
Location
2026-10-10 20:10:30
0
To see more videos from user @landmark109, please go to the Tikwm homepage.

Other Videos

စသုံးလုံး ဟန်ပြစစ်ဆေးနေသည့် The Central စီမံကိန်းမှ တာဝန်ရှိ တရုတ်များ ထွက်ပြေးတိမ်းရှောင်သွားပြီ Democratic Press/ ၂၀၂၆ အောက်တိုဘာ ၁၁ ရန်ကုန်မြို့ရှိ The Central ကွန်ဒို စီမံကိန်းတွင် တာဝန်ယူ စီမံခန့်ခွဲနေသည့် တရုတ်အမျိုးသားများ အဆောက်အအုံအတွင်း မရှိတော့ဘဲ အောက်တိုဘာ ၁၀ ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း Democratic Press သို့ သတင်းပေးပို့ခဲ့ကြသည်။ စသုံးလုံးက ချိတ်ပိတ်ပြီး ခေါ်ယူစစ်ဆေးနေသည်ဟုဆိုသည့် The Central စီမံခန့်ခွဲမှုနှင့် စီမံကိန်းအတွင်းရှိ တာဝန်ယူထားသည့် တရုတ်အမျိုးသားများမှာ အောက်တိုဘာလ ၁၀ ရက်နေ့ ပစ္စည်းများ မသယ်ထုတ်မီ ကတည်းကပင် အဆောက်အအုံအတွင်း မရှိတော့ဘဲ ကြိုတင် ထွက်ပြေးတိမ်းရှောင်သွားကြခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ယင်းနောက် အောက်တိုဘာလ ၁၀ ရက် နေ့လယ်ပိုင်းတွင် စီမံကိန်းအတွင်းမှ စက်သုံးဆီ ဂါလန် ၄၀,၀၀၀ ခန့်ကို စတင်သယ်ထုတ်သွားခဲ့ပြီး၊ ယင်းနေ့ ညဘက် မိုးချုပ်ချိန်တွင်လည်း စီမံကိန်းအတွင်းရှိ သံချောင်းများကို မော်တော်ယာဉ်များဖြင့် ဆက်လက်သယ်ထုတ်သွားခဲ့ကြသည်။ “ချိတ်ပိတ်ထားရင် ဘာပစ္စည်းမှ သယ်လို့ မရဘူး။ လူလည်း ခေါ်ယူစစ်ဆေးလို့ရအောင် အသင့်ရှိရမှာ။ အခုက ပစ္စည်းတွေလည်း ရွှေ့နေပြီ။ လူလည်း မရှိတော့ဘူးဆိုတော့ ဘာသဘောလဲ”ဟု အခန်းဝယ်ယူတစ်ဦးက မေးခွန်းထုတ်သည်။ စသုံးလုံးက ချိတ်ပိတ်ထားသည်ဟု ဆိုသော်လည်း လူလည်း ပျောက်ဆုံး ပစ္စည်းလည်း နေရာရွှေ့နေကြသဖြင့် ဆက်လက် မဆောက်တော့ဘဲ လုံးဝ ထွက်ပြေးတော့မည့် အခြေအနေ ဖြစ်ပေါ်လာမည်ကို အခန်းရှင်များက စိုးရိမ်နေသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့ကလည်း စီမံကိန်း အကောင်အထည်ဖော်သည့် Marga Landmark ကုမ္ပဏီ၏ ရုံးခန်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) က ဝင်ရောက်ချိပ်ပိတ် စစ်ဆေးခဲ့သည်ဟု ဆိုသည်။ စစ်တပ်နောက်ခံဖြင့် ကွန်ဒိုစီမံကိန်းကြီးများ ဆောက်လုပ်နေသည့် Marga Landmark ကုမ္ပဏီကို စသုံးလုံး ဝင်ရောက်စစ်ဆေးနေသည်မှာ အဖြစ်မှန်ပေါ်ပေါက်ရန်ထက် ရှုပ်ထွေးနေသော အခြေအနေကို ဖုံးကွယ်ရန်သာ ဖြစ်သည်ဟု ပြည်သူလူထုက ထင်ကြေးပေးထားပြီး ဖြစ်သည်။ ယခုဖြစ်စဉ် မဖြစ်ပွားမီ အောက်တိုဘာလ ၉ ရက်နေ့ကလည်း အဆောက်အအုံ စီမံခန့်ခွဲရေးအဖွဲ့ဖြစ်သည့် Vesta Property Management က စုံစမ်းစစ်ဆေးမှုများကြောင့် ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးသုံးစွဲမှုများ ယာယီကန့်သတ်ခံထားရသဖြင့် မီတာခ ပေးချေရန် အခက်အခဲရှိသည်ဟုဆိုကာ နေထိုင်သူများထံမှ မီတာခ ၁ လစာအား လက်ငင်းငွေသား (Cash payment only) ဖြင့် ကြိုတင်ပေးချေရန် ထုတ်ပြန်ခဲ့သေးသည်။ Marga Landmark သည် မြန်မာနိုင်ငံရှိ အဆင့်မြင့် အိမ်ခြံမြေ စီမံကိန်းများကို အဓိကထား အကောင်အထည်ဖော်ရန် ဟောင်ကောင် အခြေစိုက် Marga Group မှ ဦးစီး၍ ၂၀၁၃ ခုနှစ်ခန့်တွင် စတင်ဖွဲ့စည်းခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် ရန်ကုန်မြို့၏ စီးပွားရေးအရ အချက်အချာကျသော ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းထောင့်ရှိ စက္ကူစက်ဟောင်း မြေနေရာကို အမေရိကန်ဒေါ်လာ သန်းရာပေါင်းများစွာ ရင်းနှီးမြှုပ်နှံ၍ The Central ဟုအမည်ပေးထားသည့် အဆင့်မြင့် ကွန်ဒို၊ စီးပွားရေးစင်တာနှင့် ဈေးဝယ်စင်တာများ ပါဝင်သော စီမံကိန်းကြီးကို လုပ်ပိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စီမံကိန်းစတင်စဉ်ကတည်းက စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ (MEHL) သို့မဟုတ် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် မြေငှားရမ်းမှု သဘောတူညီချက်များ၊ စီးပွားရေး ပတ်သက်ဆက်နွှယ်မှုများ ရှိခဲ့သည်ဟု ထင်ရှားသည့် အကဲခတ်များနှင့် နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့များက ဝေဖန်ထောက်ပြကြသည်။  သို့သော်လည်း The Central စီမံကိန်းသည် စတင်ခဲ့သည့် ၁၃ နှစ်တာကာလအတွင်း အထပ်မြင့်ကွန်ဒို အဆောက်အအုံ အချို့ကိုသာ ပြီးစီးအောင် ဆောက်လုပ်နိုင်ခဲ့ပြီး အဆောက်အအုံ အများအပြားမှာမူ အုတ်မြစ်ပင် မစရသေးဘဲ ကြန့်ကြာနေခဲ့သည်။  အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ကြိုတင်ကောက်ခံထားပြီးနောက် စီမံကိန်း အကောင်အထည်ဖော်မှု လုံးဝနှောင့်နှေးကြန့်ကြာနေခြင်း၊ ဘဏ္ဍာရေး မရှုမလှဖြစ်ပေါ်လာခြင်းနှင့် အာဏာပိုင်များ၏ ဟန်ပြစုံစမ်းစစ်ဆေးမှုများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် ဝယ်ယူသူ အခန်းရှင်များနှင့် အငြင်းပွားမှုများ အပြင်းအထန် ဖြစ်ပေါ်နေသော ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ #whatishappeninginmyanmar #Rejectthemilitarycoup #democraticpress #Yangon #TheCentral

About