@arkar...002: တစ်ချို့စကားတွေက ပါးစပ်က ပြောလိုက်ရတာလွယ်ပေမယ့် နှလုံးသားကတော့ အဲ့ဒီစကားကို လက်ခံဖို့ အရမ်းခက် ... “မင်းကို မစောင့်တော့ဘူး” “မင်းပြန်လာဖို့လည်း မမျှော်တော့ဘူး” လို့ ကိုယ့်ကိုယ်ကိုယ်ရော မင်းကိုပါ ပြောခဲ့တယ်။ တကယ်တော့ မင်းကို မစောင့်ချင်တော့လို့ မဟုတ်ဘူး။ စောင့်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုနာကျင်လာတာကို မခံနိုင်တော့လို့သာ မစောင့်တော့ဘူးလို့ ပြောခဲ့တာ။ ဒါပေမယ့် ငါ့နှလုံးသားကတော့ ငါ့စကားကို နားမထောင်ခဲ့ဘူး။ မင်းလာမလားဆိုပြီး ဖုန်းကို မသိမသာကြည့်မိတယ်။ မင်းစာပို့မလားဆိုပြီး Notification တက်တိုင်း ရင်ခုန်မိတယ်။ “ဒီနေ့တော့ မစောင့်တော့ဘူး” လို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပဲ ဆုံးမထားပါစေ ညရောက်တဲ့အခါ မင်းပြန်လာမယ့်အကြောင်းကို တိတ်တိတ်လေး မျှော်နေမိပြန်တယ်။ မင်းနဲ့ဆိုင်တဲ့ သီချင်းတစ်ပုဒ်ကြားရင် မင်းကို သတိရတယ်။ မင်းနဲ့ဆိုင်တဲ့နေရာတစ်ခုမြင်ရင် အတိတ်တွေ့ ပြန်ပေါ်လာတယ်။ ပြီးတော့ အဲ့ဒီအချိန်တိုင်း "မစောင့်တော့ဘူး” ဆိုတဲ့ ငါ့စကားတွေက ငါ့နှလုံးသားထဲမှာ အဓိပ္ပါယ်မရှိတော့ဘူး။ ပါးစပ်ကတော့ မစောင့်တော့ဘူးလို့ ပြောခဲ့တယ်။ မာနနဲ့လည်း မမျှော်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့်... ငါ့နှလုံးသားကတော့ ငါမသိအောင် ခိုးခိုးပြီး မင်းပြန်လာမယ့်လမ်းကို စောင့်နေခဲ့တယ်။ မင်းမလာတော့ဘူးဆိုတာ သိနေတယ်။ တစ်နေ့နေ့မှာ မင်းလည်း ငါ့ကို လုံးဝမသတိရတော့နိုင်ဘူးဆိုတာ သိနေတယ်။ သိနေရက်နဲ့ပဲ မျှော်လင့်ချက်သေးသေးလေးတစ်ခုကို ငါ့ရင်ထဲမှာ မသိမသာ ဆုပ်ကိုင်ထားမိတယ်။ အဆိုးဆုံးကတော့ မင်းပြန်လာမှာကို စောင့်နေမိတာထက် မစောင့်တော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် လိမ်နေရတာက ပိုနာကျင်တယ်။ တကယ်တော့.. တကယ မင်းကို မစောင့်တော့ဘူးဆိုတာ ငါ့ပါးစပ်က ပြောနိုင်ခဲ့တယ်။ ဒါပေမယ့် မင်းကို မမျှော်တော့ဘူးဆိုတာကိုတော့ ငါ့နှလုံးသားက မပြောနိုင်ခဲ့ဘူး။ အဲ့ဒီလိုနဲ့ လူတွေမသိအောင် ငါ့နှလုံးသားတစ်ခုတည်းက မင်းကို ဆက်စောင့်နေခဲ့တယ်...

🍂 Ñ.Ț.Ĥ 🍂
🍂 Ñ.Ț.Ĥ 🍂
Open In TikTok:
Region: US
Friday 09 October 2026 23:57:59 GMT
505
43
1
2

Music

Download

Comments

p.h.o.e.n.i.x.6
菲菲韩 🌻🕊 :
စိတ်တောင်မကောင်းဘူးရင်ဘက်တောင်အောင့်တယ်🥺🥺🥺
2026-10-10 13:34:51
0
To see more videos from user @arkar...002, please go to the Tikwm homepage.

Other Videos


About