@aungthawchan34: အတင်းကြီး ကြိုးစားမနေနဲ့တော့… ကိုယ်မပါတဲ့နေရာမှာ သူပျော်နေနိုင်တယ်ဆိုရင်၊ ကိုယ်မရှိလည်း သူ့နေ့ရက်တွေ အဆင်ပြေနေတယ်ဆိုရင် ကိုယ်တစ်ယောက်တည်းပဲ ဘာလို့ အဲ့လောက်ထိ ကြိုးစားနေဦးမှာလဲ။ တကယ်တော့ လူတွေက သူတို့ချစ်တဲ့လူကိုပဲ ဦးစားပေးတတ်ကြတာပါ။ ဘယ်လောက်ပဲ အလုပ်များနေပါစေ၊ ပင်ပန်းနေပါစေ ကိုယ်တန်ဖိုးထားတဲ့သူအတွက် အချိန်တစ်ခုတော့ ဖယ်ပေးတတ်ကြတယ်။ စကားပြောချင်ရင် အကြောင်းပြချက်တွေ ရှာတတ်ကြပြီး မတွေ့ရရင်လည်း လွမ်းတတ်ကြတယ်။ ဒါကြောင့် ကိုယ်တစ်ယောက်တည်းပဲ အမြဲကြိုးစားနေရပြီဆိုရင် ကိုယ့်နေရာကိုယ် ပြန်စဉ်းစားကြည့်ပါ။ သူ့ဘဝထဲမှာ ကိုယ်က တကယ်အရေးပါတဲ့သူလား၊ ဒါမှမဟုတ် သူအဆင်ပြေတဲ့အချိန်မှ သတိရလာတဲ့သူတစ်ယောက်ပဲလားဆိုတာပေါ့။ အချစ်ဆိုတာ တစ်ယောက်တည်းက လိုက်တောင်းနေရတဲ့အရာ မဟုတ်ဘူး။ တစ်ယောက်တည်းကပဲ နားလည်ပေး၊ သည်းခံပေး၊ အဆင်ပြေအောင် အမြဲလိုက်ညှိနေရတယ်ဆိုရင် အဲ့ဒီအချစ်က ပျော်ရွှင်မှုထက် ပင်ပန်းမှုကိုပဲ ပိုပေးလာလိမ့်မယ်။ ကိုယ်ဘယ်လောက်ချစ်ချစ် ကိုယ့်ကို မရွေးချယ်ချင်တဲ့သူကို အတင်းရွေးချယ်လာအောင် လုပ်လို့မရဘူး။ ကိုယ့်အချစ်ကို မြင်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ့်တန်ဖိုးကိုယ် မေ့သွားတဲ့အထိတော့ မကြိုးစားပါနဲ့။ တစ်ခါတလေ လက်လျှော့တယ်ဆိုတာ မချစ်တော့လို့ မဟုတ်ဘူး။ ကိုယ်တစ်ယောက်တည်း ကြိုးစားနေရတဲ့အချစ်မှာ ပင်ပန်းလွန်းလာလို့၊ ကိုယ့်ကိုယ်ကိုလည်း ပြန်ချစ်တတ်ဖို့ လိုလာလို့ပါ။ ကိုယ့်ကို ဦးစားပေးလာအောင် အတင်းကြီး ကြိုးစားမနေနဲ့။ ကိုယ့်နေရာအတွက် အမြဲတမ်း တောင်းဆိုနေရတဲ့နေရာမှာလည်း ကိုယ့်ကိုယ်ကို မပျောက်ဆုံးစေနဲ့။ ကိုယ်လိုချင်ခဲ့တာက သူ့ဆီက အချစ်တစ်ခုပါ။ ကိုယ့်ကို ချစ်ပေးဖို့ နေ့တိုင်းတောင်းဆိုနေရတဲ့ ဘဝတစ်ခု မဟုတ်ခဲ့ဘူးလေ။ တကယ်တော့ ကိုယ့်ကို ချစ်တဲ့သူဆီမှာ ကိုယ့်တန်ဖိုးကို သက်သေပြနေရစရာ မလိုဘူး။ တစ်ခါတလေ ကိုယ်အရမ်းချစ်ရတဲ့သူကိုတောင် လွှတ်ချတတ်ဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ သူ့ကို မဆုံးရှုံးချင်လို့ ကြိုးစားနေရင်း ကိုယ့်ကိုယ်ကို ဆုံးရှုံးသွားတာက ပိုနာကျင်ရလို့ပါ။#fyyyyyyyyyyyyyyyyyyy #fy #fypppppppppppppppppppppppp @K1nex

𝘼𝙗𝙤𝙪𝙩 𝙔𝙤𝙪
𝘼𝙗𝙤𝙪𝙩 𝙔𝙤𝙪
Open In TikTok:
Region: MM
Saturday 10 October 2026 02:42:19 GMT
29830
2619
25
206

Music

Download

Comments

maychit872
ငပျောကျော်„%^🙈 :
ပြန်ယူသုံးမယ်နော်🥺🥰
2026-10-11 04:45:15
1
ko084245llt
#Ko Ko 🐹 ( 国王躺着 )🦁 :
ယူမယ်နော်
2026-10-11 03:43:18
1
memomemories2
𝐃𝐄𝐍𝐉𝐈 ⛓️ デンジ :
ယူသုံးမယ်နော်
2026-10-11 03:03:26
1
popo141126
Virgo ♍ :
ပြန်ယူသုံးမယ်နော်မင်မင်ရေ 🥺
2026-10-10 15:51:42
1
ko.ko27679
👻Darksoul☠ :
မှန်တာပေါ့
2026-10-11 01:56:49
1
hein.lin.htwe20
Jonathan☘️ :
တကယ်ပဲ့တိုက်ဆိုင်လ ွန်းနေပြီ ဗျာ......😪😪🥺😌😌
2026-10-11 00:47:53
1
naing.oo7668
Naing Oo :
အမှန်ပဗျာ
2026-10-10 23:21:11
1
nyunglaypinthar
NyungLayPin Thar :
ယူသုံးခွင့်ပြုပါ🙏
2026-10-11 05:26:06
0
ar.chan266
Ar chan :
ယူသုံမယ်နော်🥺
2026-10-10 14:39:21
1
oooozawnaing
Maxi⚡ :
အမှန်ပေါ့
2026-10-10 16:23:37
1
aungzawhtet882
Aung Zaw Htet :
ယူသုံးခွင့်ပေးပါ
2026-10-10 13:02:40
1
typing6768
🌊မောင်ရေ့ခဲ🌊❄ :
အောက်ကစာသားလေးချပေးပါလား
2026-10-10 03:40:36
1
manaw3852
Moe. Aung :
2026-10-10 16:10:32
1
shwe.yee.win.htet87
💓Star💐 :
အဆိုရင်
2026-10-11 01:47:09
0
thetnaungtun5
Thet Naung Tun :
2026-10-10 21:05:25
0
typing6768
🌊မောင်ရေ့ခဲ🌊❄ :
Bro
2026-10-10 03:40:18
1
typing6768
🌊မောင်ရေ့ခဲ🌊❄ :
ကျေးဇူပါBro
2026-10-10 03:49:48
1
mmbb.mmbb59
A.Yoe.Lay..❤️❤️ :
[Heartwarming][Heartwarming][Heartwarming]
2026-10-10 13:20:46
1
ma.zin6874
Ma Zin :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-10-10 08:54:11
1
To see more videos from user @aungthawchan34, please go to the Tikwm homepage.

Other Videos


About