@swannsaungshin: စပိန်နိုင်ငံ တောင်ပိုင်း၊ အယ်လီကန်တေး ဒေသက စားသောက်ဆိုင်တွေမှာ ၂၀၂၃ ခုနှစ်အတွင်းက ဟာသလုပ်ရပ်လိုလိုနဲ့ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တဲ့ အသက် ၅၀ အရွယ် လစ်သူေအးနီးယား အမျိုးသား အိုက်ဒတ်စ် ဂျေ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ် သူဟာ ဆိုင်တွေမှာ ဈေးကြီးတဲ့ ပင်လယ်စာထမင်း နဲ့ ဝီစကီတွေကို ဇိမ်နဲ့ စားသောက်လေ့ရှိပြီး၊ ဘေလ်ရှင်းရမယ့် အချိန်ကျရင် ဆိုင်ပြင်ပကို ခိုးထွက်ဖို့ ကြိုးစားလေ့ရှိပါတယ် ဝန်ထမ်းတွေက တားဆီးတဲ့အခါမှာတော့ သူဟာ နှလုံးရောဂါ ရုတ်တရက် ထဖောက်သလိုမျိုး ရင်ဘတ်ကိုဖိ၊ ကြမ်းပြင်ပေါ်မှာ တုန်တုန်ယင်ယင်နဲ့ မှောက်ခုံလဲကျဟန်ဆောင်တဲ့ ပြဇာတ်ခင်းလေ့ရှိတာ ဖြစ်ပါတယ် ဆိုင်ရှင်တွေက သနားပြီး ဆေးရုံကားခေါ်ပေးတဲ့အခါ မူးလဲချင်ယောင်ဆောင်ပြီး လွတ်မြောက်သွားခဲ့တာဖြစ်ပြီး၊ ဒီလိုအကွက်မျိုးကို အဆိုပါဒေသက ဆိုင်ပေါင်း ၂၀ ကျော်မှာ အကြိမ်ကြိမ် အသုံးချခဲ့တာပါ နောက်ဆုံးမှာတော့ စားသောက်ဆိုင်ပိုင်ရှင်တွေဟာ သူ့ရဲ့ ဓာတ်ပုံကို Group ထဲမှာ အချင်းချင်း မျှဝေပြီး သတိပေးခဲ့ကြလို့ နောက်ဆုံး "El Buen Comer"ဆိုတဲ့ ဆိုင်မှာ လာလုပ်တဲ့အခါ ဝန်ထမ်းတွေက ဆေးရုံကားမခေါ်ဘဲ ရဲစခန်းကို တိုက်ရိုက်ဖုန်းဆက်ပြီး လက်ရဖမ်းဆီးခိုင်းခဲ့ရပါတော့တယ် #ရယ်စရာ #သတင်း #ဟာသ #funny
စွမ်းဆောင်ရှင် ~09 789 4546 29
Region: US
Saturday 10 October 2026 02:53:27 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @swannsaungshin, please go to the Tikwm
homepage.