@mtnmaythinnnu: သူတစ်ပါးရဲ့ အားနည်းချက်တွေကို စနောက်တာမျိုးကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အားသာချက်တစ်ခုခုကိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ချစ်ခင်ရင်းနှီးစွာ စနောက်လို့ရတတ်ပါတယ်။ ဥပမာ၊ တစ်ယောက်ယောက်က ⚽️⚽️⚽️ဘောလုံးကန်တာ တော်တယ်ဆိုရင် သူ့ကို “အခုလူကြိုက်များနေတဲ့ ဟာလန်းတို့ လမင်းယမဲလ်တို့ CR7 တို့ Messi တို့”ခေါ်ပြီးစနောက်လို့ရပါတယ်။ 🥰ဆံပင်လှတဲ့သူဆိုရင်လည်း ရယ်စရာသဘောနဲ့ “ဆံပင် ဧကရီ” တို့ “ဂန္တဝင်ဆည်းဆာ “လို့ ခေါ်ပြီးစလို့တော့ရနိုင်ပါတယ်။ အဓိကအချက်ကတော့ တစ်ဖက်လူကို စနောက်တဲ့အခါ သူ့မှာ အပြုသဘောဆောင်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာစေဖို့ ဖြစ်ပါတယ်။ သူ့ကို စိတ်မကောင်းဖြစ်စေမယ့်၊ အရှက်ရစေမယ့်၊ နာကျင်စေမယ့် ပုံစံမျိုးနဲ့ ဘယ်တော့မှ မစနောက်သင့်ပါဘူး။ သင့်ရဲ့ ရည်ရွယ်ချက်က ကိုယ်တိုင်ပျော်ဖို့အတွက် သူတစ်ပါးကို ရယ်စရာလုပ်ဖို့၊ နှိမ့်ချဖို့ မဟုတ်ပါဘူး။ 🌸တစ်ဖက်လူနဲ့ ပိုမိုရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့သာ ဖြစ်သင့်ပါတယ်❤️ My Point စာရေးသူကိုယ်တိုင်ကတော့ ကိုယ့်ကိုယ့်ကိုကောင်းစွာသိထားသူမို့ သူများစလည်း ပျော်နေတာပါပဲ။ ချစ်လို့စတာလား၊ နှိမ်ပြီးစတာလားဆိုတာ ကာယကံရှင်ကိစ္စပါ၊ ကျွန်မကတော့ ရွှင်လန်းဝမ်းမြောက်နေမြဲပါ😁😁😁
Sharing by May
Region: US
Saturday 10 October 2026 02:56:20 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @mtnmaythinnnu, please go to the Tikwm
homepage.