@hlaing.social.rel: ၁၀.၁၀.၂၀၂၆ ရက်နေ့၊နံနက် ၀၇ :၄၅ အချိန်ခ န့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်Community Guidelines ခန်းမရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ် နေကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်း မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၄)ဦးအနက် ကျား(၁)ဦး၊ မ(၂)ဦး (အနက်ရောင်အဆင့်)နှင့် မ(၂)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လှိုင်လူမှုကူညီရေး အသင်းနှင့် ကောင်းမှုဆောင် ပရဟိတအသင်း မှ သူနာတင် ယာဉ်များဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ပါသည်။ #fyp #fyppppppppppppppppppppppp#fypシ #fypシ゚viral#hlaingsocialreliefassociation

HlaingSocialReliefAssociation.
HlaingSocialReliefAssociation.
Open In TikTok:
Region: MM
Saturday 10 October 2026 03:40:18 GMT
651939
41283
877
3767

Music

Download

Comments

oonyan4391
U Nyan (Emerald) :
EVတွေကထွက်တာမြန်တယ် တော်ရုံကားမောင်းတက်ယုံနဲ့လက်တည့်မစမ်းပါနဲ့ ကားကအထမြန်တယ် မထိန်းနိုင်ရင်အန္တရာယ်ရှိပါတယ်
2026-10-10 04:56:32
138
a.naing909
A Naing :
ဟိုက်ဝေးလမ်းလည်းမဟုတ် မြို့တွင်းလမ်းမှာတောင် ကာလာပြောင်းတဲ့အထိဘယ်လိုများမောင်းလဲကွယ်
2026-10-10 05:03:49
41
yan.tun8
Yan tun :
တကယ်က အင်ဂျင် ကားဆိုရင် အဲ့လောက်ဖြစ်မှာ မဟုတ်ဘူးဗျ EVဆိုတော့ အရှေ့မှာ အတားမရှိဘူးလေ
2026-10-10 04:45:39
115
lioncityexpress_2026
Lion City Express :
ကျွန်တော့်ညီမလေးပါ၊ ကူညီပေးခဲ့တဲ့သူတွေကိုကျေးဇူးတင်ပါတယ်။ CK လေးရေ ဒီဘဝဒီမျှနဲ့အကောင်းအဆိုးကိစ္စတွေထားခဲ့ပေးနော်ညီမလေး။ I am with you naw.. 👌👌
2026-10-10 06:18:53
11
nankmm415
🇯🇵🇯🇵🌴🌴🌴🇯🇵🇯🇵 :
ဘုရားဘုရားမြို့ထဲမောင်းတာတောင် ကာလာပြောင်းရလားကွယ် ဟိုင်းဝေးလမ်းမကြီးသာဆိုဘယ်လိုလုပ်မလဲလေ ဂရုစိုက်ကြပါ ရှင်
2026-10-10 05:51:51
13
htetmyataung64445
May Myat Noe :
ကာလာပြောင်းတယ်ဆိုတာ ဘာလဲ သေချာမပြောပြရင် မတင်နဲ့
2026-10-10 04:48:27
29
thaltone79
လေပြေ မေမေ :
လမ်းလည်းအရှင်းကြီးပါ မင်းဓမ္မလမ်းက အရှိန်မထိန်းနိုင်လို့ ထင်တယ် စိတ်မကောင်းစရာပါ
2026-10-10 04:50:26
29
user9932071109498
ထာဝရ :
နှစ်ယောက်ကကာလာပြောင်တယ်ဆိုတာဘာလည်းမသိလို့မေတာပါစိတ်မရှိရင်ဖြေပေပါလားအားလုံရောဘေကင်ရဲလားစိတ်မကောင်လိုက်တာ
2026-10-10 06:08:52
9
kyawsanwin5040
ရွှေကရင်လေး "ထန်းတပင်YGM😊" :
တရုတ်ကားတွေ ကြံခိုင်မူ့ အားနည်းတယ်
2026-10-10 06:07:00
9
thuzarmyint8385
ThuZarMyint :
မသိလိုမေးတာပါကာလာပြောင်းတယ်စိုတာဘာလဲ
2026-10-10 05:55:43
6
.tz637
🎌"Kimi Ga Yo" 🇯🇵TZMM🇯🇵 :
Be kind
2026-10-10 06:49:47
0
sunbloodshwepyithar
♥️💗မင်းနေသွေး💗♥️ :
ပရဟိတ သမားတွေပြောတဲ့ အသံတိုမက်ဆေ့တွေကို နားလည်အောင်ကြိုးစားကြပါ... လင်းနို့ဆိုတာ လူနာပါ ကာလာပြောင်းတယ်ဆိုတာ.လူနာရဲ့အခြေအနေပါ ကမာဆိုတာ လူနာတင်ကားပါ Db..ဆိုတာ အသက်မရှိတော့တဲ့ လူ ရေမွှေးဆိုတာ ..သတင်းရတယ်/ပေးတယ်ပြောတာ ၄၃(လေးသုံး)ဆိုတာ ..မျက်နှာချင်းဆိုင်တွေ့တာပါ...🙏🙏🙏
2026-10-10 06:59:26
7
ashinyawata6
Ashinyaywata :
ဘုန်းကြီးမောင်တာလားဗျ
2026-10-10 05:05:04
13
user2314458023303
user2314458023303 :
ကားမောင်းတဲ့ညီအကိုမောင်နှမခင်ဗျာ အရေးပေါ်ဆေးရုံ ဆေးခန်းသွားတဲ့ကိစ္စရှိတောင်သတိလေးနဲ့မောင်းကြပါကျန်တဲ့အချိန်ဆိုအရေးမကြီးရင်အေးဆေးစွာမောင်းကြပါ နောက်ကြမှ မိနစ်၂၀ နာရီဝက်ပေါ့ ဖြစ်ပြီးရင်ဘာမှကိုလုပ်မရတော့ဘူး ခဏတာ အလောတကြီးကားမောင်းတာ တစီးနဲ့တစီးမခံချင်စိတ်နဲ့မမောင်းကြပါနဲ့ ခုဖြစ်တဲ့ကိစ္စကိုအပြစ်ပြောတာမဟုတ်ဘူးနော် အားလုံးသတိလေးရှိကြဖို့တိုက်တွန်းတာပါ
2026-10-10 05:31:39
20
zayarwinz
𝓩𝓪𝔂𝓪𝓻 𝓦𝓲𝓷 :
အနက်ရောင်က ဘာအဆင့်လဲ ဗျ၊ ဘယ်လိုအနေအထားကိုပြောတာလဲ
2026-10-10 06:09:37
5
yonelay182
ဂျက်ကီ ချမ်း :
တနေ့တနေ့ကား ဆိုင်ကယ်နှင့်ဘဲအသက်ဆုံးရူံးနေကြတာ
2026-10-10 04:53:27
10
nyi.nyi7892
Nyi Nyi :
မင်းဓမ္မလမ်းမှာလား
2026-10-10 05:06:40
8
yuwaihlaing88
𝒀🫪 :
အ့လောက်ကြီးထိအောင်တိုက်တာဟယ် လူကဘယ်ခံနိုင်တော့မလဲ ကြားရတာတွေကလည်းမချမ်းမြေ့စရာတွေ
2026-10-10 05:41:34
6
user4073047617936
ဖိုးသက်ရှည် :
ကားဆိုတာ လီဗာနင်း ပြေးတာပဲ ငါတို့ဆို လူမှန်းသိကတည်းက ကိုယ်ပိုင်ကား စီး ယာဥ်တိုက်မှု့ဖြစ်မှာ အရမ်းကြောက်တော့ ဖြေးဖြေးပဲ မောင်းတယ်
2026-10-10 05:41:57
13
myathida222
MYATHIDA :
ဘယ်လောက်ပဲကားမောင်းကျွမ်းကျင်နေပါစေသတိတချက်မှားတာနဲ့ကားရဲ့ဆွဲခေါ်ရာကိုလူတွေလိုက်သွားရတာပါပဲ
2026-10-10 05:58:01
6
bo.key.69
Bo Key 69 :
EVက ဆီကားမောင်းတတ်တာနဲ့ ကျွမ်းတယ်လို့မထင်နဲ့ ဆီကားလိုမဟုတ်ဖူးအရမ်းပေါ့တယ်သွက်တယ် သတိရှိပါ ဆီကားမှာပါတဲ့ ဆက်တင်တွေမဟုတ်လို့ ငါတော်ငါတတ်မလုတ်ကြနဲ့
2026-10-10 05:08:19
9
winnaing1895
winnaing :
EVကအထွက်မြန်တယ်ဘရိတ်နဲ့လီဘာကကပ်ကပ်လေးမှားနင်းမိဖို့များတယ်လက်ရှိEVကားမောင်းနေတာမို့ပါ
2026-10-10 05:16:05
6
soesandar1900
Soesandar :
ကာလာ ပြောင်းတယ်ဆိုတာ ဘာကိုပြောတာလဲရှင်တကယ်မသိလို့ပါ
2026-10-10 06:40:57
1
zaygyiisnotminaphay03
Zay Gyi Isn't Min အဖေ :
ကားနံပါတ်လေးတော့ ဖုံးထားသင့်တယ်ထင်တယ်ဗျ
2026-10-10 06:54:36
2
u.aung.myint873
U Aung Myint :
ရှေလူကြီးတွေနားလည်အောင်လည်ပြောပေးပါ ဒိုခေတ်တုန်က သေရင် ရှောတယ်ပြောကျတာ ကာလာပြောင်တာကဘာပြောတာ ဗဟုသုတမရှိဘူးပြောလည်ခံပါမယ်နယ်ဘက်မို့နားမလည်လို့ဗျာ
2026-10-10 06:21:59
0
To see more videos from user @hlaing.social.rel, please go to the Tikwm homepage.

Other Videos


About