@updatenew71: သားဖြစ်သူ ဂိမ်းဆိုင်ထဲမှာ အချိန်ဖြုန်းနေတာကို လိုက်လံတားဆီး ခေါ်ထုတ်ခဲ့ရတဲ့ မိခင်တစ်ဦးအနေနဲ့ ဂိမ်းဆိုတာ ဘာကြောင့် ဒီလောက်ထိ ဆွဲဆောင်မှုရှိနေသလဲဆိုတာကို နားလည်ချင်တာကြောင့် အသက် ၅၄ နှစ်အရွယ်မှာ ဂိမ်းစတင်ဆော့ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ အစပိုင်းမှာတော့ သားဖြစ်သူနဲ့ နီးစပ်ချင်လို့ လေ့လာရုံ သက်သက်ပဲ ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သူကိုယ်တိုင် ဂိမ်းကစားခြင်းရဲ့ ပျော်ရွှင်မှုကို သဘောပေါက်သွားခဲ့ပါတယ် ညစဉ်ညတိုင်း အချိန်ပေး လေ့ကျင့်ရာကနေ ဂိမ်းကျွမ်းကျင်သူတစ်ဦး ဖြစ်လာခဲ့ပြီး ၆ နှစ်တာကာလအတွင်း ဂိမ်းဆော့ချိန် နာရီပေါင်း ၈,၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ် ဒါတင်မကဘဲ သူဟာ အွန်လိုင်းကနေ ဂိမ်းဆော့ပြတဲ့ လိုက်ဖ်လွှင့်ခြင်းကိုပါ စတင်ပြုလုပ်ခဲ့ရာမှာတော့ အင်တာနက်သုံးစွဲသူတွေကြား ရေပန်းစားသွားခဲ့ပါတယ် အခုချိန်မှာတော့ သူဟာ ဖော်လိုဝါ ၅ သိန်းကျော် ပိုင်ဆိုင်ထားပြီး တစ်နေ့ကို နှစ်ကြိမ် လိုက်ဖ်လွှင့်ကာ ကြည့်ရှုသူ ထောင်ပေါင်းများစွာရဲ့ အားပေးမှုကို ရရှိထားတဲ့ ဂိမ်းလောကရဲ့ ကြယ်ပွင့်တစ်ဦးအဖြစ် ဘဝကို အံ့ဩဖွယ် ပြောင်းလဲလိုက်နိုင်ပြီ ဖြစ်ပါတယ် #creatorsearchinsights #gamethegame #ဂိမ်းနေ့တိုင်းဆော့တယ်ကွာ💫😛 #ဂိမ်းသမားလေးပါဗျာ😛🥰🥰 #fypgame

🕷️Spider🕸️
🕷️Spider🕸️
Open In TikTok:
Region: MM
Saturday 10 October 2026 04:58:34 GMT
135214
1496
1
63

Music

Download

Comments

naychi2327
NAYCHI :
😳😳😳
2026-10-10 08:12:18
0
To see more videos from user @updatenew71, please go to the Tikwm homepage.

Other Videos


About