@hamna19hamna: 🇲🇲 MAI လေယာဉ်စီးပြီး ထိုင်းကနေဖြစ်စေ/မည်သည့်နိုင်ငံက ပြန်လာပြန်လာလေယာဉ်ပေါ်ကဆင်းတာနဲ့ ရန်ကုန် Immigration မှာ ဖောင်ဖြည့်ပြီး ပေးခဲ့ရတဲ့ Arrival Card ပေါ်မှာ အဓိကဖြည့်ရတဲ့အချက်များက ဘာတွေလဲ? ဘယ်လိုဖြည့်ရမလဲ? (1) Family Name 🔸Family Name ကတော့ ရှိရင်ထည့်ပါ။ 📌အချို့ကလည်း Family Name နေရာမှာ Last Name ကို ထည့်ကြပါတယ်။ (2) First Name 🔸မိမိ အမည် ၏ ရှေ့ကအမည် ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ 📌ဥပမာ - Zaw Min Thwin မှာဆိုရင် Zaw ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ (3) Middle Name 🔸မိမိ အမည် ၏ အလယ်က အမည် ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ 📌ဥပမာ - Zaw Min Thwin မှာဆိုရင် Min ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ (4) Male 🔸ယောင်္ကျားလေး ဖြစ်ပါက Male မှာ အမှန်ခြစ် ပေးရမှာ ဖြစ်ပါတယ်။ (5) Female 🔸မိန်းကလေး ဖြစ်ပါက Female မှာ အမှန်ခြစ် ပေးရမှာ ဖြစ်ပါတယ်။ (6)Nationality 🔸မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက် ဒီနေရာမှာတော့ Myanmar သာ ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ (7) Occupation 🔸မိမိရဲ့အလုပ်အကိုင် ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။📌ဥပမာ - Company Staff , Business Owner ။ (8) Passport Number 🔸မိမိ ၏ Passport စာအုပ်ထဲမှာ (နိုင်ငံကူးလက်မှတ်) ပါတဲ့ Passport နံပါတ်ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ (9) Place of Issue 🔸Passport စာအုပ် ထုတ်ပေးတဲ့ နေရာကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ 📌ဥပမာ - ရန်ကုန်ကနေ Passport စာအုပ်ထုတ်ပေးတာဆို Yangon ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ (10) Date of Issue 🔸Passport စာအုပ်မှာ ရေးထားတဲ့ Date of Issue မှာပါတဲ့ရက် ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ (11) Visa Number 🔸Visa Number နေရာ ကတော့ Visa နဲ့ သွားတဲ့ ခရီးသည်များသာ ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ 📌ပုံမှန် ၁၄ ရက် အလည်အပတ် (Visa Free) သွားတဲ့ ခရီးသွားမိတ်ဆွေတွေကတော့ ဖြည့်စရာမလိုအပ်ပါဘူး။ (12) Place of Issue 🔸Visa ထုတ်ပေးတဲ့ နေရာကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ (13) Date of Issue 🔸ဒီ Date of Issue ကတော့ ၂ လ Visa (TR) (သို့မဟုတ်) အခြား Visa နဲ့ သွားတဲ့သူဆိုလျှင် Visa ထုတ်ပေးတဲ့ Date ကိုဖြည့်ပေးရမှာ ဖြစ်ပါတယ်။ (14) From 🔸From ဆိုတဲ့ နေရာမှာ မိမိ ဘယ်ကပြန်လာတာလဲ ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ - စင်္ကာပူ၊ဘန်ကောက်၊ ဖူးခက် ၊ချင်းမိုင်။ (15) By Rail, By Road, By Ship 🔸By Rail (မီးရထားနဲ့လား?),By Road (ကုန်းလမ်းနဲ့လား?) ,By Ship (သင်္ဘောနဲ့လား?)။ 🔸မိမိက MAI လေယာဉ်နဲ့ ပြန်လာတာဖြစ်တာကြောင့် ဒီ (၁၅) မှာတော့ ဘာမှခြစ်စရာမလိုအပ်ပါဘူး။ (16) By Air 🔸မိမိက MAI လေယာဉ်စီးပြီးလာတာဖြစ်တဲ့အတွက် By Air မှာ အမှန်ခြစ် ပြီးရင် မိမိ စီးခဲ့တဲ့ လေယာဉ် ခရီးစဉ်နံပါတ်ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ 📌ဥပမာ - 8M355 / 8M354 (17) Address in Myanmar 🔸မြန်မာနိုင်ငံမှာ မိမိနေတဲ့ နေရပ်လိပ်စာ ကိုဖြည့်ပေးရမှာ ဖြစ်ပါတယ်။ (18) ID Card Number 🔸မြန်မာနိုင်ငံသားမှတ်ပုံတင်နံပါတ် ကိုဖြည့်ပေးရမှာ ဖြစ်ပါတယ်။ (19) Father Name 🔸မိမိအဖေရဲ့ အမည် ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ (20) Signature 🔸မိမိရဲ့ ထိုးမြဲလက်မှတ်ကို ထိုးရမှာ ဖြစ်ပါတယ်။ 🔸MAI Airline နဲ့ ဘယ်နိုင်ငံကပဲ ပြန်လာပြန်လာ ပုံမှန်ဆိုရင်တော့ လေယာဉ်ပေါ်မှာ Arrival Card ဝေလေ့ရှိပါတယ်။ Arrival Card ဝေတာ နဲ့ ဖောင်ကို ကြိုဖြည့်ထားပါ။ 🔸အကယ်၍ မိမိက မဖြည့်တက်ရင်လည်း လေယာဉ်ပေါ်မှာ MAI လေယာဉ်မောင်/မယ်တွေက ကူပြီး ဖြည့်ပေးပါတယ်။ 🔸ရန်ကုန်လေဆိပ် Immigration ဖြတ်တဲ့အခါမှာ Arrival Card ကို Immigration Officer ကို ပေးခဲ့ရတာဖြစ်ပါတယ်။ 📌မြန်မာနိုင်ငံကနေ မည်သည့်နိုင်ငံကိုမဆို MAI လေယာဉ်နဲ့ အလည်အပတ်သွားပြီး ပြန်လာမည် ဆိုပါက အပေါ်ကအချက် (၂၀) ကို Arrival Card မှာ ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ "ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ" #ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်

Hamna
Hamna
Open In TikTok:
Region: MM
Saturday 10 October 2026 05:17:44 GMT
17038
293
2
75

Music

Download

Comments

daw.mya.san322
Daw Mya San :
Gg::ဘေတားလေးတွေအနက်စ်:::အူနိုက်စ်ဘဲးဒီလိုတွေရေးပေးနေတာGgThankyousomuch
2026-10-11 02:15:35
0
tidar577
Tidar. :
🥰🥰🥰
2026-10-11 12:29:52
0
To see more videos from user @hamna19hamna, please go to the Tikwm homepage.

Other Videos


About