@userpzwk51z5ro: #楠梓美甲工作室 #美甲日常 #秋冬 #美甲分享 #推薦

Vaola 🥰 涵🌷
Vaola 🥰 涵🌷
Open In TikTok:
Region: TW
Saturday 10 October 2026 05:19:53 GMT
513
5
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @userpzwk51z5ro, please go to the Tikwm homepage.

Other Videos

မြန်မာနိုင်ငံက ကလေးတွေက ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးကြပါဘူး။ ကျွန်တော်တို့ကြီးပြင်းလာပုံကိုကြည့်ရင် အာဟာရပိုင်းမှာ ချို့တဲ့တာတွေရှိပါတယ်။ အဓိကကတော့ မိဘတွေရဲ့ Nutrition Education အားနည်းတာကြောင့်လည်း ပါပါတယ်။ ထမင်းကိုပဲ အဓိကထားပြီး ငယ်စဉ်၊ ဝါးတတ်ပြီဆိုကတည်းက ထမင်းကို အရင်ကျွေးကြပါတယ်။ ဟင်းစားက အရမ်းနည်းပါတယ်။ တကယ်တော့ Carbohydrate ဆိုတာ ထမင်းတစ်မျိုးတည်း မဟုတ်ပါဘူး။ ဂျုံ၊ ပြောင်း၊ အာလူး၊ oats စတာတွေလည်း Carbohydrate sources တွေပါပဲ။ ဒါပေမယ့် ကျွန်တော်တို့စားတဲ့ပုံစံကိုကြည့်ရင် ထမင်းဖြူကို အဓိကထားစားတာများပါတယ်။ ထမင်းပန်းကန်တစ်ခွက်ကို ကြည့်လိုက်ရင်လည်း အချိုးအစားအရ ထမင်းက အများကြီးဖြစ်နေပြီး အသား၊ ငါး၊ ဥ၊ ပဲမျိုးစုံနဲ့ ဟင်းသီးဟင်းရွက်တွေက နည်းနည်းပဲ ပါတာတွေ့ရပါတယ်။ အဓိက လွဲမှားနေတာကတော့ မိဘတွေရဲ့ “ထမင်းများများစား အားရှိမယ်” “ဘာစားစား ထမင်းနဲ့စား” ဆိုတဲ့ အယူအဆတွေပါ။ ကလေးတစ်ယောက် ကြီးထွားဖို့အတွက် Carbohydrate တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ Protein ကလည်း ကြွက်သား၊ အရိုး၊ အရေပြားနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးကြီးပါတယ်။ Vitamin နဲ့ Mineral တွေလို Micronutrients တွေလည်း လိုအပ်ပါတယ်။ ကလေးက လမ်းစလျှောက်တတ်တဲ့အရွယ်ကတည်းက ဘာတွေ ဘယ်လောက်စားသင့်လဲဆိုတာ ကလေးအသက်အရွယ်နဲ့ ကိုယ်ခန္ဓာလိုအပ်ချက်အလိုက် Nutrition Guidelines တွေရှိပါတယ်။ ဒါပေမယ့် တချို့မိဘတွေက ကလေးအာဟာရနဲ့ပတ်သက်ပြီး ဘာတွေလိုအပ်လဲ၊ ဘယ်လိုအစားအစာတွေ ပေါင်းစပ်ကျွေးသင့်လဲဆိုတာ မသိကြပါဘူး။ ဘယ်အရွယ်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်လိုအပ်ချက်နဲ့အညီ စားပေးဖို့လိုပါတယ်။ Protein တင်မဟုတ်ဘူး၊ Micronutrients တွေပါ လုံလောက်အောင် ရရှိဖို့လိုပါတယ်။ ဒီနိုင်ငံမှာတော့ တော်တော်များများက “ဗိုက်ပြည့်ရင်ပြီးပြီ” ဆိုတဲ့ပုံစံနဲ့ စားကြတာများပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာလည်း အာဟာရပြည့်ပြည့်ဝဝ မစားဘဲ နေထိုင်မှုပုံစံ၊ အစားအသောက်ပုံစံတွေကြောင့် ပိန်ပိန်ရှည်ရှည်နဲ့ အားနည်းတဲ့ပုံစံတွေ ဖြစ်လာကြပါတယ်။ တချို့က အရပ်အမြင့်က သူတို့ရဲ့ potential အတိုင်း မရောက်နိုင်တာတွေရှိတယ်။ တချို့က လူကောင်သေးတယ်၊ တချို့က အရမ်းပိန်ပြီး Skinny ဖြစ်နေတယ်။ ဒါတင်မကဘူး။ ကလေးဆိုတာ ငယ်စဉ်ကတည်းက ပြေးလွှား၊ ဆော့ကစားမှ ကျန်းမာပြီး ကြံ့ခိုင်လာတာပါ။ တစ်ဖက်ကကြည့်ရင် ကလေးတွေရဲ့ ပြေးလွှားဆော့ကစားတာဟာ သူတို့အတွက် သဘာဝကျတဲ့ Physical Activity တစ်ခုပဲ။ ကြာလေ ကြံ့ခိုင်လာလေပဲ။ ဒါပေမယ့် စိတ်မကောင်းစရာက မိဘတွေက ကလေးတစ်ယောက်ကို ထိန်းကျောင်းတဲ့အခါ လိုတာထက်ပိုပြီး စိတ်ပူတာတွေရှိပါတယ်။ “မပြေးနဲ့” “မဆော့နဲ့” “လဲမယ်” “ထိခိုက်မယ်” ဆိုပြီး အမြဲတမ်း တားနေတော့ ကလေးတွေက ဆော့သင့်၊ ကစားသင့်သလောက် မဆော့ရတော့ဘူး။ အိမ်ထဲမှာပဲ နေတယ်။ Physical Activity နည်းလာတယ်။ လူတွေနဲ့ ထိတွေ့ပြီး ကစားတာတွေလည်း နည်းလာတယ်။ နောက်တစ်ခုကတော့ အစားအစာထဲက ဆားနဲ့ အဆီပမာဏပါ။ WHO က လူကြီးတွေအတွက် တစ်နေ့တာ ဆားစားသုံးမှုကို 5 grams ထက် မပိုဖို့ အကြံပြုထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နေ့စဉ်စားသောက်မှုပုံစံကို ကြည့်ရင် ဆား၊ ဆီနဲ့ အရသာမှုန့်တွေကို လိုတာထက် ပိုသုံးမိတာတွေ ရှိပါတယ်။ (World Health Organization) အထူးသဖြင့် ငံပြာရည်၊ ဆား၊ အရသာမှုန့်တွေကနေ Sodium ရရှိနိုင်တာကြောင့် စားသုံးတဲ့ပမာဏကိုလည်း သတိထားဖို့လိုပါတယ်။ ဟင်းသုံးခွက်ရှိရင် သုံးခွက်လုံး ဆီပြန်ဟင်း၊ ဆီကြော်ဟင်း ဖြစ်နေတာမျိုးတွေ ရှိပါတယ်။ အရသာမှုန့်ကိုလည်း အရသာကောင်းဖို့အတွက် လွန်လွန်ကဲကဲ သုံးမိကြပါတယ်။ အဓိက ပြဿနာက အစားအစာကို “အာဟာရရှိလား” ဆိုတာထက် “အရသာရှိလား” ဆိုတာကို ပိုဦးစားပေးမိတာပါ။ ကလေးတစ်ယောက် ကျန်းမာပြီး ကြံ့ခိုင်ဖို့ဆိုတာ ဗိုက်ပြည့်ရုံနဲ့ မလုံလောက်ပါဘူး။ Carbohydrate၊ Protein၊ Healthy Fats၊ Vitamins၊ Minerals တွေကို ခန္ဓာကိုယ်လိုအပ်ချက်နဲ့အညီ ရရှိဖို့လိုပါတယ်။ အစားအသောက်ကောင်းကောင်းစားရမယ်။ လှုပ်ရှားရမယ်။ ပြေးရမယ်။ ဆော့ရမယ်။ အိပ်ရေးဝရမယ်။ ဒါတွေက ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ အားလုံးအရေးကြီးပါတယ်။ ဗိုက်ပြည့်တာနဲ့ အာဟာရပြည့်တာ မတူပါဘူး။ ကလေးကို ငယ်စဉ်ကတည်းက အစားအစာအကြောင်း နားလည်အောင် သင်ပေးတာက မိဘတွေရဲ့ တာဝန်တစ်ခုပါ။#myanmartiktok🇲🇲🇲🇲 #fitnessmyanmar #fyp #ဝိတ်ကျချင်သူများအတွက် #foryoupage

About