@myanmarrevolutionnews: စစ်မှုထမ်းမဲပေါက်ထားပါက တက္ကသိုလ်ကျောင်းသားဆိုလျှင် ကျောင်းယာယီရပ်နား၍ ၂ နှစ်စစ်မှုထမ်းဆောင်ရမည်ဟု ညွှန်ကြား ရန်ကုန်၊ အောက်တိုဘာ ၁၀ မြန်မာနိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်များကို စစ်မှုထမ်းရန် မဲနှိုက်ခိုင်းနေပြီး မဲပေါက်ထားပါက တက္ကသိုလ်ဖြစ်လျှင် ကျောင်းကို ယာယီရပ်နား၍ ၂ နှစ်တာ စစ်မှုထမ်းဆောင်ရမည်ဟု ခရိုင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ညွှန်ကြားလာကြောင်း ရန်ကုန်တိုင်းအတွင်းမှ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လမှစတင်ပြီး ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက မြို့နယ်များ၏ စစ်မှုထမ်းဆင့်ခေါ်ရေး စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို အလုံးစုံ လွှဲပြောင်းရယူပြီးနောက် ရပ်ကွက်များနှင့်ကျေးရွာများတွင် စစ်မှုထမ်းမှုဆိုင်ရာ မဲနှိုက်ပွဲများကို ဖိဖိစီးစီးဆောင်ရွက်လာကြောင်း၊ မဲပေါက်ထားသူများအနေဖြင့် စစ်မှုထမ်းရွှေ့ဆိုင်းခြင်း၊ တိမ်း ရှောင်ခြင်းများ မရှိစေရေး မိဘဆွေမျိုးများကို တာဝန်ခံ လက်မှတ်ရေးထိုးခိုင်းနေကြောင်း၊ထိုအထဲတွင် စစ်မှုထမ်း မဲပေါက်ထားသူများသည် တက္ကသိုလ်ကျောင်းသားဖြစ်နေပါက ကျောင်းကို ၂ နှစ်ယာယီရပ်နား၍ စစ်မှုထမ်းဆောင်ရမည်ဟု ညွှန်ကြားလာကြောင်း သိရှိရသည်။ "ခရိုင်ဘက်က ပြောလာတာက စစ်မှုထမ်းမဲပေါက်သူတွေကို အဓိက ဦးစားပေးခေါ်ဖို့။ စစ်မှုထမ်းကြေးငွေကောက်တာတွေ မလုပ်ဖို့။ နောက်တစ်ခုကတော့ မဲပေါက်သူကတော့ ဘယ်လိုဖြစ်ဖြစ် စစ်မှုထမ်းရမယ်။ တက္ကသိုလ်ကျောင်းသား ဖြစ်နေရင်တောင်မှ ၂ နှစ်ကျောင်းယာယီရပ်နားပြီး စစ်မှုထမ်းရမယ်။ ရွှေ့ဆိုင်းလို့ မရဘူး လို့ ညွှန်ကြားတယ်။ ဒါက အစည်းအဝေးခေါ်ပြီး ညွှန်ကြားတာပါ" ဟု မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။ ယင်းအပြင် မဲပေါက်ထားသော စစ်မှုထမ်းရမည့် လူငယ်များအနေဖြင့် ရှောင်မပြေးနိုင်စေရေးအတွက် သက်ဆိုင်ရာ မြို့နယ်နှင့်ရပ်ကွက် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက အဆင်ပြေရာ နည်းလမ်းများဖြင့် ဆောင်ရွက် ကြရန်လည်း ညွှန်ကြားထားကြောင်း သိရှိရသည်။ "စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့ လူငယ်တွေအနေနဲ့ သူ့အလှည့်ကျတဲ့အချိန်မှာ ထွက်ပြေးတာမဖြစ်စေဖို့အတွက် မှတ်ပုံတင်၊ UID Smart Card တွေကို သိမ်းထားဖို့၊အကယ်၍ ခရီးသွားမယ်ဆိုရင်လည်း မြို့နယ်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဆီကို ခွင့်ပြုချက်မယူဘဲ သွားတာတွေကို စောင့်ကြည့်ဖို့။ ဖြစ်နိုင်ရင် ထွက်မပြေးအောင် လစဉ် ခြေချုပ်ပုံစံမျိုး ရုံးမှာ ခေါ်ယူ လက်မှတ်ရေးထိုးခိုင်းဖို့။ သက်ဆိုင်ရာ မိဘအုပ်ထိန်းသူက မဲပေါက် သူ ထွ့က်မပြေး အောင် တာဝန်ယူပါတယ်ဆိုတဲ့ ခံဝန် လက်မှတ်တောင်းခံထားဖို့လည်း ညွှန်ကြားတယ်" ဟု အဆိုပါ သတင်းရင်းမြစ်က ပြောဆိုသည်။ အကယ်၍ မဲပေါက်ထားသည့် လူငယ်များ ထွက်ပြေးသွားပါက သက်ဆိုင်ရာ မြို့နယ်နှင့်ရပ်ကွက် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များက တာဝန်ယူ လူစားရှာဖွေပေးရမည်ဖြစ်ပြီး လူအင်အားမပြည့်လျှင် အရေးယူခံရမည်ဟု ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ညွှန်ကြားထားကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်တပ်က ယခုအောက်တိုဘာလအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၉ ကို ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရှိရသည်။ ဓာတ်ပုံ- ၂၀၁၆ ခုနှစ် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် စစ်တပ်က တက္ကသိုလ်လေ့ကျင့်ရေးတပ်၏ စစ်သင်တန်းလာပေးခဲ့စဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)
Myanmar Revolution News
Region: AE
Saturday 10 October 2026 05:55:15 GMT
Music
Download
Comments
အာကာတိုး :
ကျောင်းရပ်နားပြီး မင်းတို့အတွက် အသေခံပေးရမယ်ပေါ့ ၊ uniform လေးတွေချွတ်ကြည့် ၊ သားရှိတဲ့အမေတွေရဲ့ ခံစားချက်တွေထဲဝင်ကြည့် ၊
2026-10-10 09:02:41
929
one sec :
စစ်မှုမထမ်းခြင်လို့ ကျောင်းတက်နေတဲ့ဟာတွေ ပြီ😁😁
2026-10-10 09:31:22
65
( 𝕮𝖑𝖔𝖛𝖊𝖗) :
ပြီးမှ ဝိညာဉ်နဲ့ ကျောင်းလာတက်😂😁
2026-10-10 09:34:30
166
Khant Khant :
ဇာတ်မင်းသားတွေကျမခေါတော့ဘူးလား
2026-10-10 09:50:19
103
🐰🐰🪐🪐👌 :
AA ထဲဝင်တာကမှပိုကောင်းအုန်းမယ်
2026-10-10 13:21:44
21
ydnahk :
Problemရဲ့Sourceကို လူတိုင်းသိပေမယ့် ငါ့အကျိုးစီးပွါးမထိသေးဘူးဆိုပြီး ငြိမ်နေတဲ့လူတွေများတော့ ကြိုက်သလို ပါးစပ်ထဲရှိတဲ့ ဥပဒေထုတ်ပြီး သူတို့သားသမီးတွေရဲ့ အကျိုးစီးပွါးမထိခိုက်အောင် ချနင်းစတေးတာပါပဲ ယုတ်မာသူက ကမ်းကုန်အောင်ယုတ်မာပေမယ့် ငြိမ်နေသူတွေကလည်း ငြိမ်နေတုန်းပါပဲ နောက်3နှစ်လောက်ဆို Failed stateဖြစ်ပြီ
2026-10-10 13:43:32
10
MyoZaw :
နောက်ခါကျ ကျောင်းးဆရာတေပါလာတော့မာ
2026-10-10 14:22:55
3
pyae.pyae191619 :
သောက်ပက်လို့ဘဲမိဘကောင်းမွန်စွာကြွေးမွေးစောက်ရှောက်ထားရတာသူတို့စီသေဖို့လား
2026-10-10 13:28:34
4
𝐄𝐫𝐞𝐧 𝐘𝐞𝐚𝐠𝐞𝐫 :
စစ်တပ်အတွက် ဖင်ပိတ်ငြင်းနေတဲ့ကောင်တွေရော စစ်မှုထမ်းဆိုတာ နိုင်ငံတိုင်းမှာ ရှိတယ်လို့ပြောတဲ့ အသက်ကြီးပြီး စောက်ဦးနှောက် မရှိတဲ့ ကောင်တွေရော မင်းတို့ သားသမီးတွေ အခုလို ဖြစ်မှ ဘယ်လို လုပ်အုံးမလဲ စောင့် ကြည့်အုံးမယ်
2026-10-10 16:29:13
1
Tz :
အကုန်ရှေ့တန်းပို့တာမလား တန်းသေမာပဲ အလွန်ဆုံးခံ ၂လ၃လပေါ့
2026-10-10 14:16:54
3
💫 𝑀𝑖𝑙𝑒 💫 :
အဲလောက်ကြီးကျမပျော်တောဘူးလေ
2026-10-10 13:03:34
2
Xiao Shingee :
ရှော ခု ချိန် ငါတို့က ငကျောင်းသားကွ ဆိုပီး မြောက်ကြွကြွ ညကြိး အချိန် မတော် သွား လာ နေတဲ့ကောင် တွေ အတွက် ဘဘ ကြိး မှ တကွက် ပြ 🫡🫡
2026-10-10 11:15:48
11
H.K :
ကိုင်း ဘယ့်နှဲ့ရှိစ အဆင်မှပြေရဲ့လား ညေးတို့😂
2026-10-10 11:17:36
4
ချော့နိုင််ရင်ချစ် ဒါပဲ 🍒🍒 :
ဟယ်
2026-10-10 14:51:17
0
K🖤 :
🙂🙂🙂
2026-10-10 09:27:04
2
user623437216172 :
ကျောင်းသားမချန်တော့တိုင်းပြည်ကလီးဖြစ်ကုန်ပြီ
2026-10-10 12:25:57
6
Min Thant :
ကဲ ကျက်သရေကစတုံးပြီ
2026-10-10 12:22:25
7
優咲 :
အာဏာရှင်လက်အောက်မှာ ဘယ်တော့မှ
ချောင်ပြီမထင်နဲ့ ရသလောက်နိုင်တဲ့ဘက်က
တော်လှန်ကြ💪
2026-10-10 14:45:02
1
Horiizikasaim :
လီးပဲဟေ့ ငိုးမတိုင်းပြည်
2026-10-10 13:18:53
2
M :
lii ပဲပေါ့ဗျာ
2026-10-10 13:41:58
0
H₂S :
ကျောင်းနားပြီး အသေခံပေးရမှာပေါ့
2026-10-10 13:56:14
0
Mg Mg :
🥰🥰🥰
2026-10-10 08:51:05
4
U Aye Win :
😳😳😳
2026-10-10 08:53:03
0
To see more videos from user @myanmarrevolutionnews, please go to the Tikwm
homepage.