@linaung.official: ညနေခင်းတစ်ခုမှာ လူတွေရဲ့အသံတွေ ပြည့်နှက်နေတဲ့ ဘတ်စ်ကားပေါ် ကိုယ်တစ်ယောက်တည်း တိတ်ဆိတ်မှုထဲ နစ်မြုပ်နေမိတယ်။ ပြတင်းပေါက်အပြင်မှာ မြို့ပြမီးရောင်တွေက အလင်းစက်လေးတွေလို တစ်စင်းပြီးတစ်စင်း နောက်ကျောမှာ တိတ်တိတ်လေး ကျန်ရစ်ခဲ့ကြတယ်။ ဖုန်းကို ဖွင့်ကြည့်မိတော့ မဖတ်ရသေးတဲ့ စာတွေ ရှိနေတယ်။ ဒါပေမယ့် “မင်းရော ဘယ်လိုနေလဲ” လို့ ကိုယ့်စိတ်ကို မေးလာတဲ့စာတော့ တစ်စောင်မှ မတွေ့ရဘူး။ တစ်နေ့လုံး သူရဲ့စကားတွေကို နားထောင်ပေးခဲ့တယ်။ သူပင်ပန်းလာရင် ကိုယ့်အသံနဲ့ အားပေးခဲ့တယ်။ သူဝမ်းနည်းလာရင် ကိုယ့်ရင်ခွင်နဲ့ နှစ်သိမ့်ပေးခဲ့တယ်။ ဒါပေမယ့် ကိုယ်တိုင် ပင်ပန်းနွမ်းနယ်နေတဲ့အကြောင်းကိုတော့ ဘယ်သူ့ရှေ့မှာမှ စကားလုံးတစ်လုံးအဖြစ် မချနိုင်ခဲ့ဘူး။ အဲဒီညမှာ မှန်ပေါ်မှာ မီးရောင်တွေနဲ့ ရောယှက်နေတဲ့ ကိုယ့်ပုံရိပ်ကို ပြန်မြင်လိုက်ရတယ်။ အမြဲတမ်း သူအတွက် မီးအိမ်တစ်လုံးလို ထွန်းလင်းပေးနေခဲ့တဲ့ လူတစ်ယောက်... ကိုယ့်အမှောင်ချိန်မှာတော့ သူကတော့ တခြားတစ်ယောက်ကိုအလင်းရောင်ဖြာယှက်လို့။ ဝမ်းနည်းစွာနဲ့ ကိုယ်ကအရေးမပါတော့မှန်း သေသေချာချာ သိလိုက်ရတဲ့ အဲဒီအချိန်မှာ တိတ်တိတ်လေး နားလည်လာတယ်။ သူရဲ့ဘဝထဲမှာ အရေးပါတဲ့သူတစ်ယောက် ဖြစ်ဖို့ကြိုးစားရင်း ကိုယ့်ဘဝထဲမှာ ကိုယ်တိုင်လည်း အရေးပါတယ်ဆိုတာ မေ့လျော့နေခဲ့မိတာပဲ။ ဒီညတော့ သစ္စာမဲ့သူ့ဆီကို မပြေးချင်တော့ဘူး။ သစ္စာမဲ့သူကိုမလွမ်းဘူး။ အကြာကြီး လျစ်လျူရှုထားမိခဲ့တဲ့ ကိုယ့်နှလုံးသားလေးဆီ တစ်ခါလောက် ပြန်လှည့်လာ။ #သီချင်းလေးကြိုက်လို့ပါ #feel #musicvibes #မူရင်းကိုcrdပေးပါတယ်

Ⓜⓤⓢⓘⓒ.Ⓥⓘⓑⓔⓢ
Ⓜⓤⓢⓘⓒ.Ⓥⓘⓑⓔⓢ
Open In TikTok:
Region: MM
Saturday 10 October 2026 10:48:09 GMT
4920
289
11
21

Music

Download

Comments

amoem.kam
Amoem kam :
အရမ်းကြိုက်သခ
2026-10-10 14:31:49
1
minthein7149
Min Thein :
2026-10-10 12:24:35
1
user3559077069907
user3559077069907 :
🥰🥰🥰
2026-10-10 10:49:59
0
myatthawmaung324
🎶MDY.KSW🎶 :
💯💯💯
2026-10-10 16:27:57
0
cho52723
CHOMYINT :
[Heartwarming]
2026-10-10 15:32:46
0
user9148418837245
Ko Nay :
🥰🥰🥰🥰🥰
2026-10-10 16:35:44
0
user381493764
Kyaw Kyaw :
💖💖💖
2026-10-10 13:16:39
1
To see more videos from user @linaung.official, please go to the Tikwm homepage.

Other Videos


About