@khant.l7: ဖုန်းတစ်လုံး တိတ်ဆိတ်နေပေမယ့် ငါ့ရင်ထဲကတော့ မင်းနာမည်နဲ့ ဆူညံနေတယ်မင်းနဲ့ စကားမပြောရတဲ့နေ့တွေမှာ“နေကောင်းရဲ့လား” ဆိုတဲ့ စကားလေးတစ်ခွန်းတောင် ငါ့အတွက် အရမ်းဝေးသွားတယ် အိမ်က သိသွားလို့မင်းဖုန်းလေး သိမ်းထားရတဲ့အချိန်မှာငါလည်း ဘာမှမလုပ်နိုင်ဘဲမင်းကိုပဲ တိတ်တိတ်လေး လွမ်းနေမိတယ် မင်းရဲ့အသံလေးကို လွမ်းတယ်မင်းရဲ့စာလေးတွေကို လွမ်းတယ်“ဘာလုပ်နေလဲ” ဆိုတဲ့ မင်းမေးခွန်းလေးကိုတောင် အခုတော့ အရမ်းလွမ်းနေတယ် မတွေ့ရတာက ခက်တယ်မပြောရတာက ပိုခက်တယ်ညတိုင်း ဖုန်းကိုကြည့်မိတိုင်းမင်းဆီက စာလေးတစ်စောင်များ ရောက်လာမလားလို့မျှော်နေမိတယ်တစ်ခါတလေ “မင်းလည်း ငါ့ကို လွမ်းနေမလား” လို့ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်အဖြေမရပေမယ့်ငါကတော့ မင်းကို လွမ်းနေတယ်အရမ်းကို လွမ်းနေတယ်တစ်နေ့မင်းဖုန်းလေး ပြန်ရလာတဲ့အခါပထမဆုံးဖုန်းခေါ်မယ့်လူကငါဖြစ်ချင်တယ် ပြီးတော့ မင်းနဲ့ ပြန်တွေ့ရတဲ့နေ့မှာ မပြောဖြစ်ခဲ့တဲ့စကားတွေမပေးဖြစ်ခဲ့တဲ့အပြုံးတွေမင်းကို လွမ်းခဲ့သမျှတွေကိုအကုန်လုံး မင်းနားမှာ ပြောပြချင်တယ်အခုတော့…စကားတွေ မပြောရလည်းမတွေ့ရလည်း ငါ့ရင်ထဲမှာတော့မင်းအတွက်နေရာကဘယ်တော့မှ မပျောက်ဘူးမင်းမသိတဲ့ညတွေမှာ မင်းမကြားတဲ့စကားတစ်ခွန်းရှိတယ်“ငါ မင်းကို အရမ်းလွမ်းနေတယ်…နောက်တော့မင်းက တခြားဖုန်းတစ်လုံးနဲ့ငါ့ဆီ စာလေးတွေ ပို့လာခဲ့တယ်ခဏလေးပဲဖြစ်ဖြစ် မင်းနဲ့ ပြန်စကားပြောရလို့ ငါ့ရင်ထဲမှာ ပျော်မိခဲ့တယ်ဒါပေမယ့်…အဲ့ဒီဖုန်းနဲ့ စာပို့တာလည်း မင်းအိမ်က ထပ်သိသွားတော့ မင်းကို ထပ်ဆူမှာကို ငါကြောက်မိတယ်အဲ့ဒါကြောင့်မင်းကို မချစ်လို့မဟုတ်ဘဲမင်းကို လွမ်းလွန်းလို့ပဲ “နောက်ထပ် စာမပို့နဲ့တော့” လို့ ငါပြောလိုက်ရတယ်စကားတစ်ခွန်းပြောလိုက်ပေမယ့်ငါ့ရင်ထဲမှာတော့မပြောနဲ့လို့ တားနေတဲ့နှုတ်ခမ်းနဲ့ပြန်လာပါလို့ တောင်းနေတဲ့နှလုံးသားနှစ်ခု တိုက်ပွဲဖြစ်နေတယ် မင်းမသိဘူး“စာမပို့နဲ့တော့” ဆိုတဲ့စကားနောက်မှာ“မင်းကို အရမ်းလွမ်းတယ်” ဆိုတဲ့စကားဝှက်ထားတယ်မင်းကို မတွေ့ရတာထက်မင်းကို လွမ်းနေရင်းမင်းအတွက် ဘာမှမလုပ်ပေးနိုင်တာကပိုနာတယ်တစ်နေ့အခြေအနေတွေ အဆင်ပြေပြီးမင်းနဲ့ ပြန်တွေ့ရတဲ့အခါငါပြောချင်တဲ့စကားက တစ်ခုပဲ“အဲ့ဒီနေ့တွေတုန်းကစာမပို့နဲ့လို့ ပြောခဲ့တာမင်းကို မလိုချင်လို့ မဟုတ်ဘူး မင်းကို အရမ်းချစ်လို့မင်းအတွက်ပဲ စိုးရိမ်ခဲ့တာပါ” #fypシ #viralvideo

𝐓𝐞𝐳𝐚
𝐓𝐞𝐳𝐚
Open In TikTok:
Region: MM
Saturday 10 October 2026 11:06:32 GMT
258
38
4
23

Music

Download

Comments

bbythoon34
TmNk :
စာသားတွေကရင်ထဲထိတယ်ကွာ👋🏽😭
2026-10-10 11:10:28
0
aung.myint.myat8292
@A.M.M@ :
ချစ်တတ်🥰တဲ့သူကြီး
2026-10-10 11:36:07
0
shhsb527
Emi :
ကံကောင်းပါစေငါ့ကောင်ရာ သူမင်းကိုဆက်သွယ်မှာပါ
2026-10-10 11:53:54
0
win.pa.0483
Jûílã🪷 :
💕🥰💕
2026-10-10 11:33:04
0
To see more videos from user @khant.l7, please go to the Tikwm homepage.

Other Videos


About