@ko.swe.gyi6: #၆၀ကျော်လာပြီဆိုရင်အစစသတိနဲ့နေအစိုးရကပင်စင်တောင်ပေးပြီ။ ဝမ်းနည်း ဝမ်းသာတာတွေလျှော့တော့။ အပူတွေ မရှာနဲ့တော့ ကိုယ့်ကိုယ်ကိုချစ်တော့ သူများကိုချစ်မနေနဲ့တော့။ တစ်ဦးတစ်ယောက်အတွက် အချိန်တိုင်း လွမ်းဆွတ်တသနေရမဲ့ အရွယ်မဟုတ်တော့ဘူး။ ပြန်မရနိုင်တော့တဲ့အရာတွေ တမ်းတရင်း ၀မ်းနည်းနေရမဲ့ အရွယ်မဟုတ်တော့ဘူး။ တစ်စုံတယောက်ကို နာကျည်းပြီး မုန်းတီးနေရမဲ့ အရွယ်မဟုတ်တော့ဘူး။ အရွယ်လေးရလာတော့ တွေးတွေးဆဆနဲ့ပေါ့။ ချစ်တာတွေ မုန်းတာတွေဘေးဖယ် အလိုက်သင့်နေရမဲ့အရွယ် ဖြစ်နေပြီ။ အဆင်ပြေတာမပြေတာအပထား ရင်ဘတ်ကြီးနဲ့လိုက်မခံစားပဲ ဘ၀ကိုပေါ့ပေါ့ပါးပါး ဖြတ်သန်းရမဲ့အရွယ်။ ဒီလူက ကိုယ့်ကိုမချစ်ဘူး မခင်တွယ်ဘူးမဟုတ်လား ထားခဲ့လိုက်တော့။ ဒီလူက ကိုယ့်ကိုသံယောဇဉ် မရှိဘူးမဟုတ်လား သူ့အတွက် အချိန်တွေအကုန်ခံမနေပါနဲ့။ ကိုယ့်အပေါ်မှာ နားမလည်နိုင်တဲ့လူ ကိုယ်ချင်းစာမပေးနိုင်တဲ့လူ မခင်တွယ်နိုင်တဲ့သူ မကြင်နာနိုင်တဲ့သူ သတိမရတဲ့သူ သူ့အကြောင်းတွေမတွေးနဲ့တော့ လွှတ်ချထားခဲ့။ ဘာလို့လည်းသိလား အချိန်ိတွေသိပ်မရှိတော့ဘူး အရွယ်တွေရလာပြီ။ အရည်မရ အဖတ်မရနဲ့ အလကားနေရင်း တခြားလူကို တဖက်သတ်တွေ လိုက်ပြီးတွယ်ကပ် နေရင် စိတ်တိုင်းမကျတော့ အရွယ်မြန်မြန်ကျတယ်။ ဒီအသက်အရွယ်ထိ အသည်းတွေကွဲနေရတုန်းဆို သိပ်အဆင်မပြေဘူး။ အလုပ်ကအဆင်မပြေ ၀င်ငွေက ပင်စင် လျော့တိလျော့ရဲ လုပ်ရတာကတစ်ရက် ၂၄နာရီ နားရက်ကမရှိ။ သောကတွေကရင်ဘတ်ထဲ ဘယ်သူကမှ ကိုယ်ချင်းမစာတော့ဘာဖြစ်လည်း။ အချိန်တန်တော့ ကိုယ့်ထမင်းကိုယ်ပဲရှာစားနေရတာ မဟုတ်လား။ ကိုယ့်ကိုစကားပြောချင်တဲ့သူ လိုလားတဲ့သူ ချစ်တဲ့သူတွေမှန်ရင် ကိုယ့်အနားရောက်လာလိမ့်မယ်။ အဲ့ခါကျရင်လည်း Free style,ပေါ့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး သွားမယ်လာမယ်စားမယ်သောက်မယ်။ ပျောက်သွားရင်တော့ လိုက်မရှာနဲ့တော့။ ဒိအရွယ်က အချစ်ပျောက်ကိုလိုက်ရှာရမဲ့အရွယ် မဟုတ်တော့ဘူး။ အထီးကျန်တိုင်းအဖော်မက်ရမဲ့. အရွယ်မဟုတ်တော့ဘူး။ အရွယ်မကျအောင် စိတ်ဓာတ်မကျအောင် စိတ်ပျော်ရွှင်မူ့နဲ့ စိတ်ချမ်းသာမှုနဲ့ ထိန်းရမဲ့အရွယ်။ ငယ်ငယ်တုန်းကလို ငယ်ဂုဏ်နဲ့ပစ်စလက်ခတ်နေလို့မရတော့ဘူး။ လှလှပပ သပ်သပ်ရပ်ရပ်နဲ့ ကျော့ကျော့ရှင်းရှင်း ၀တ်စားဆင်ယင်မှ အမြင်တင့်တည်တဲ့အရွယ်။ ရောက်လာတဲ့အချစ်ကို ကြိူဆိုရမဲ့အရွယ်လေ ခံစားချကိတွေဘေးဖယ် ပျော်အောင်နေတတ်ရမဲအရွယ်။ ကိုယ့်အပေါ်ချစ်သောခင်သောသူများနဲ့ ဘ၀ကို ပျော်ရွှင်စွာဖြတ့်သန်းနိုင်မှ စိတ်ကျန်းမာမဲ့အရွယ်။ စိတ်ကျန်းမာရေးကို ဂရုစိုက်ရမဲ့အရွယ်။ ဖြတ်သန်းရတဲဘ၀ကကြမ်းရတဲ့အထဲ အဆင်မပြေရတဲ့ကြားထဲ ကိုယ့်အပေါ်မချစ်မနှစ်သက်တဲ့သူတွေ အကြောင်းရင်ဘတ်ထဲသိမ်းထားပြီး ခေါင်းထဲပြန်ထည့် သွားလေရာသယ်ဆောင် သွားရမဲ့အရွယ်မဟုတ်တော့ဘူး။ အချစ်နဲ့ပတ်သက်လာရင် နားလိုကနား သွားလိုကသွား သစ်တပင်လို အဖြစ်မျိုးနဲ့ ရပ်တည်ရမဲ့အရွယ် အသက်တွေကြီးလာပြီမို့ အချိန်တွေမဖြုန်းနဲ့တော့ ငိုဖို့ထက် ရယ်နိုင်အောင်ကြိုးစား အချိန်တွေက ငယ်ရွယ်သူတွေလို မပိုလျံတော့ဘူးမို့ သက်တမ်းအရ ကိုယ်ကအရင် သွားကြရမှာမို့ #တပါးသူကိုချစ်ဖို့ထက်ကိုယ့်ကိုယ်ကိုချစ်ရမဲ့အရွယ်ပါလို့ပြောပြချင်တာပါ #Credit #ပြန်လည်မျှဝေပါတယ်

Ko Swe Gyi
Ko Swe Gyi
Open In TikTok:
Region: MM
Sunday 11 October 2026 01:34:03 GMT
149765
12163
1597
2560

Music

Download

Comments

hla6577
hla :
YES 💯💯💯 SO TRUE THANKS ❤️❤️❤️💋💋💋🥰🥰🥰
2026-10-12 17:12:46
0
daw.khin.than.nyo1
Daw Khin Than Nyo :
စာကောင်းတပုဒ်ဖတ်ရလို့ကျေးဇူးတင်ပါတယ်ရှင် ကိုယ်ကိုဘဲချစ်ရမဲ့အရွယ်မို့အားလုံးကိုလွတ်ချနိုင်အောင်ကြိုးစားကြပါစို့
2026-10-11 15:06:38
23
myo.mint.aung.myo
Myo Mint Aung MyoMyintAung :
I'm 59year old, good song.
2026-10-12 06:07:37
1
daw.myint0807
Daw Myint :
၇၃နှစ်အရွယ်ဆိုတော့ဘယ်လောက်မှမကျန်တဲ့အသက်လေးကိုရယ်နိုုင်အောင်ကြိုးစားနေပါသည်
2026-10-11 15:19:59
8
saw.thein.naing.k
saw thein naing karen state :
ဘဝအတွက် အချစ်ဦးတယောက် ရှိခဲ့ပါတယ် ဒါပေမဲ့ မပေါင်းရပဲ ဝေးကွာခဲ့တာ နှစ် ၃၀ ကျော်ခဲ့ပီ အချစ်ဦးတယောက် နေကောင်း ကျန်းမာ အမြဲပျော်ရွင်းစေပေါ့
2026-10-12 00:54:00
11
myint.myint.oo697
Myint Myint Oo :
68/နှစ်ဆိုတော့နဲနဲတော့သတိထားမိလာတယ်မပြောသင့်ပြောသင့်ဆိုတာထက်အားလုံးရေငုံနှုတ်ပိတ်နေလိုက်တာအကောင်းဆုံးပါ။
2026-10-11 23:28:30
12
aung.win4309
🥰 AUNG🥰 (ホタル)Japanese😍🤩 :
သိပ်ဟုတ်တာ ပေါ့ ဘဝ နဲ့အချိန် တိုတို လေး ပေါ့ အချိန် လေး တွေ တန်ဘိုးထား နေပါတယ် ချစ်ရသူ မုန်းသူ ခင်သူ ကြင်သူ အားလုံး ပျော်ရွင်ကြပါ စေ
2026-10-12 00:25:18
13
minyetset97
အားလုံးအေးချမ်းပါစေ :
အပေါင်းအသင်းရင်ဖွင့်ပေါ်ဆိုတာရှိကောင်းပါတယ်စိတ်ချမ်းသာအောင်နေပါ။70ကျော်သွားရင်တော့စိတ်ထိခိုက်မှု့မဖြစ်အောင်နေပါနော်
2026-10-12 14:51:06
2
nyo.min..aye
လူသား အားလုံးကို လေးစားတယ် :
[Heartwarming][Heartwarming][Heartwarming]အမှန်ပါဘဲရင်ဘတ်ကြီးနဲ့သူဘအတွက်ဘဲလိုက်ခံစားနေမိတယ် သူကသာတခြားရင်ခွင်ထဲမှာသာယာနေပြီ နောက်ဆုံးအချစ်မို့ သေထိမေ့လို့မရတော့ဘူးပိုင်ဆိုင်ခွင့်မရတော့ပေမဲ့အတူ သေတဲ့ထိနေသွားချင်မိတယ်ချစ်ရသူရယ်
2026-10-11 16:22:03
8
user418375019261
nge lay :
တကယ်မှန်ပါတယ်နေတတ်ရင်ကျေနပ် စရာပါအဲဒီအတိုင်းဘဲနေ နေပါတယ် အရာရာဟာကိုယ့်အတွက်မဟုတ်တော့ဘူးလေ
2026-10-12 11:48:08
2
userhyihuuo70k
နေလ :
အသက်၆၀ကေျာ်အရွယ်မှာကိုဘဝအတွက်တရားရှာဖို့အကောင်းဆုံးပါအပူမရှာပါနဲ့တော့
2026-10-12 15:43:08
1
khaingkhaing381
Khaing Khaing :
အရာရာကိုနေသားကျအောင်နေတတ်နေပါပြီ🥰🥰🥰
2026-10-12 15:36:25
1
yin.yin.hnwe
Yin Yin Hnwe :
အရမ်းကောင်းတဲ့စာပိုက်လေးတွေတန်ဖိုးရှိလိုက်တဲ့စကားလုံးတွေဖတ်ရဒါကျေးဇူးပါ
2026-10-12 14:39:24
1
user8458243741685
ပန်တစ်ပင် :
ကြလိုပါကွယ်အချစ်ကတန်ဖိုးထာကြလို့ဖစ်မယ်ကွယ်
2026-10-12 13:57:55
1
dawkhinmama95
Khin :
အချစ်ဆိုတာထက်သူ့အပေါ်မေတ္တာတွေနဲ့အေးချမ်းပါစေ ဆုတောင်းနေတယ် အသက်အရွယ်နဲ့မဆိုင်အောင်အံ့သြစွာဖြစ်တည်မိတယ်.. ပူလောင်ခြင်းမရှိဘဲသူ့အကြောင်းတွေးတောင်ရင်ထဲအေးချမ်းတယ်.. ပြောစရာမလိုဘဲအလိုလို.သိနေတာပါ သီချင်းလေးအတိုင်းပါဘဲ...
2026-10-11 15:49:36
5
kyalsinkabar
ကြယ်စင်ကမ္ဘာ :
2026-10-12 00:56:27
2
ko17592
ko :
အမှန်
2026-10-12 14:30:29
1
khainglamin3
khaing 🍀💕🍀 :
အသက်၆၀အခုထိကိုယ့်ကိုပဲချစ်ဆုံး🥰 🍀ပျော်ရွှင်စွာနေတယ် 🍀တရားနာတရာထိုင် 🍀 TikTok .FB.လေးတွေထဲက စာတွေဖတ် သီးချင်းတွေနားထောင်/ဆို 🍀လွတ်လပ်ပျော်ရွှင်စွာနေပါတယ်
2026-10-12 06:58:21
1
user3944139581996
ရာစု သစ္ :
အမှန်ပဲ ကိုယ် အတွက်အချိန်လေးတွေကိုအကြိုးရှိစွာသုံးရမဲ့အချိန်ရောက်ပြီ
2026-10-12 00:58:07
5
khin.hsu.hsu.maw
Khin Hsu Hsu Maw :
ခံစားရတယ် အရွယ်လွန်အချစ်ဆိုတာကပိုပြီးနာကျင်ရပါလားလို့လည်းမြင်တွေ့လာခဲ့တယ် ဒါပေမယ့်ကိုတွေရဲ့ငါးဆယ်ကျော်အချစ်တွေကရော ရှေ့ဆက်ဖို့ နောက်ဆုတ်ဖို့တွေးမရဘဲရင်နာနာနဲ့ သာဖြစ်လာမှာကိုရင်ဆိုင်လိုက်ရတော့မယ်ထင်....အပျိုကြီးလူပျိုကြီးတွေဆိုပေမယ့် လေ ငယ်ရွယ်သူတွေလို သတ္တိမရှိတော့အမှန်ပါဘဲရင်ထဲကချစ်နေလဲ သစ္စာရှိနေလဲအချစ်စစ်ပါဘဲမဟုတ်လားရှင်[Heartwarming][Heartwarming][Heartwarming][Heartwarming]
2026-10-12 04:07:21
2
ye.lay6819
ye lay :
မှန်လိုက်တာ🥰🥰🥰🥰🥰
2026-10-12 14:09:27
1
khingwaikyaw6
khingwaikyaw :
ကျေးဇူးပါ ဆရာ
2026-10-12 14:28:29
1
user6065083210343
မိုးတိမ်လွှာ :
ချစ်တယ်ဆိုတာကနောက်ကွယ်မှာအမုန်းတွေလိုက်လာတတ်ပါတယ်သံယောဇဥ်နဲ့မေတ္တာတရားကသာခိုင်မြဲတာပါကိုယ်တွေလည်ဘဲအရမ်းချစ်ခဲ့ဖူးပါတယ်နောက်ဆုံးရလိုက်တာကဥပက္ခာတွေဘဲပြန်ရလိုက်တာပါအ ချစ်ဆိုတာဘာလည်ဆိုတာတောင်မသိတော့ပါဘူးသူများတွေချစ်နေလိုက်ကြတာအချစ်စစ်တွေကောဟုတ်ကြရဲ့လားလို့မေးကြည့်ချင်ပါတယ်ကိုယ်လိုများချစ်ခဲ့ဖူးသူရှိကြလားလို့မေးချင်မိပါတယ်ဘယ်အရာနဲ့မတူအောင်ချစ်ခဲ့ဖူးပါတယ်ဘယ်အရာနဲ့မှနိှင်းယှဥ်လို့မရအောင်ချစ်ခဲ့ဖူးပါတယ်ရင်ကွဲမတတ်ခံစားရဖူးပါတယ်အဲ့လောက်ကိုချစ်ခဲ့ဖူးတာပါခုချိန်မှာတော့အချစ်တွေမရှိတော့သလိုအမုန်ူတရားလည်မရှိ့ပါဘူးမေတ္တာတရားဘဲထားပါတော့တယ်အေးချမ်းတဲ့မေတ္တာတရားတွေနဲ့ဘဲဘဝကိုရှေ့ဆက်ချင်ပါတော့တယ်
2026-10-12 14:16:51
1
khin.khin.hter
Khin Khin Hter :
နောက်တခေါက်ပြန်နားထောင်မိပြန်ပြီ.
2026-10-12 14:25:48
1
ayemar178
aye Yate :
ဟုတိယ်နော်
2026-10-12 00:50:23
1
To see more videos from user @ko.swe.gyi6, please go to the Tikwm homepage.

Other Videos


About