@linaung.official: ဝမ်းနည်းနေတဲ့အချိန်တွေမှာ ကိုယ့်ဘေးမှာ တစ်ယောက်ယောက်ရှိပေးမယ်လို့ မျှော်လင့်ခဲ့ဖူးတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ မျက်ရည်တွေကို သုတ်ပေးရတာလည်း ကိုယ်ပဲ၊ ကိုယ့်နှလုံးသားကို ပြန်နှစ်သိမ့်ပေးရတာလည်း ကိုယ်ပဲ ဖြစ်နေခဲ့တယ်။ ဘဝမှာ ပြိုလဲသွားတဲ့အချိန်တွေရှိတယ်။ အားကုန်ပြီး မရှေ့ဆက်ချင်တော့တဲ့နေ့တွေလည်း ရှိတယ်။ အဲဒီအချိန်တိုင်း ကိုယ့်ကိုယ်ကို ပြန်ထူမတ်ပေးခဲ့တာလည်း ကိုယ်ပဲ ဖြစ်ခဲ့တယ်။ တစ်ခါတစ်လေ မှားယွင်းတဲ့လမ်းတွေ လျှောက်မိတယ်။ ဆုံးဖြတ်ချက်မှားတွေ လုပ်မိတယ်။ ဒါပေမယ့် ကိုယ့်အမှားတွေကို နားလည်ပေးပြီး ပြန်ပြင်နိုင်အောင် သင်ပေးခဲ့တာလည်း ကိုယ့်ကိုယ်ကိုယ်ပဲ ဖြစ်တယ်။ အချိန်တွေကြာလာတော့ သိလာရတာတစ်ခုရှိတယ်။ ဘယ်သူတွေ ဝင်လာဝင်လာ၊ ဘယ်သူတွေ ထွက်သွားထွက်သွား နောက်ဆုံးအချိန်ထိ ကိုယ့်ဘေးမှာ ကျန်နေမယ့်သူက ကိုယ်တိုင်ပဲဆိုတာ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့၊ တန်ဖိုးထားတတ်ဖို့၊ အားပေးတတ်ဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ ဝမ်းနည်းတဲ့အချိန်မှာလည်း ကိုယ်ရှိတယ်၊ ပြိုလဲတဲ့အချိန်မှာလည်း ကိုယ်ရှိတယ်၊ အောင်မြင်တဲ့နေ့ရက်တွေ ရောက်လာတဲ့အချိန်မှာလည်း ကိုယ်ပဲ ကိုယ့်ဘေးမှာ ရှိနေဦးမှာမို့လို့ပါ။ သေချာပြန်စဉ်းစားကြည့်လိုက်တော့... “မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး” ဟောကြားခဲ့တဲ့ “အတ္တာဟိ အတ္တာနော နာထော”ဆိုတဲ့အတိုင်း ကိုယ့်အတွက် အားကိုရာလူက ကိုယ်တိုင်ပဲ ဖြစ်နေခဲ့တယ်။

Ⓜⓤⓢⓘⓒ.Ⓥⓘⓑⓔⓢ
Ⓜⓤⓢⓘⓒ.Ⓥⓘⓑⓔⓢ
Open In TikTok:
Region: MM
Sunday 11 October 2026 01:34:06 GMT
2633
194
10
17

Music

Download

Comments

khinthanmoe6
KhinThanMoe :
သီချင်းကြိုက်လို့ပေးပါလားကောင်လေး[Heartwarming]
2026-10-11 04:58:05
1
user5363236861033
စိုးကြီး :
🥰
2026-10-11 05:20:20
0
u.atar.oo1
U Atar Oo :
🥰🥰🥰
2026-10-11 03:53:34
2
user3559077069907
user3559077069907 :
🥰🥰🥰
2026-10-11 04:02:27
1
user451347150
Ah pyone :
🥰🥰🥰
2026-10-11 05:03:29
1
To see more videos from user @linaung.official, please go to the Tikwm homepage.

Other Videos


About