@htay.lwin240: သမ္မတဒေါ်နယ်ထန့်အစိုးရက နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အပေါ် ပိတ်ဆို့လွှမ်းခြုံထားတဲ့ အရေးယူပိတ်ဆို့မှုအသစ်တွေ စတင်ချမှတ်လိုက်ပြီး၊ အမေရိကန်အခြေစိုက် ဘဏ္ဍာရေးဝန်ဆောင်မှုတွေ၊ နည်းပညာကုမ္ပဏီတွေနဲ့ အမေရိကန်ဒေါ်လာ သုံးစွဲခွင့်တွေကို လုံးဝဖြတ်တောက်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အောက်တိုဘာလ ၉ ရက် သောက်ကြာနေ့မှာ ကြေညာပါတယ်။ အမေရိကန်ဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တာကြောင့်၊ ICC အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို အရေးယူပိုင်ခွင့် မရှိဘူးလို့ ဝန်ကြီးရူဘီယိုက ပြောပါတယ်။ ICC တရားရုံးတည်ရှိမှု ပျက်ပြားသွားစေဖို့ ရည်ရွယ်ချက်နဲ့ အဖွဲ့အစည်း တစ်ခုလုံးနဲ့ ဆက်စပ်တဲ့ ငွေကြေးနဲ့ စီးပွားရေးဆိုင်ရာ အရောင်းအဝယ် လုပ်ဆောင်မှုအားလုံးကို အမေရိကန်က ပိတ်ပင် တားမြစ်လိုက်တာ ဖြစ်ပါတယ်။ ဒီကြေညာချက်ဟာ တောင်အဖရိက တရားသူကြီးနဲ့ ICC တရားသူကြီးဟောင်း နာဗီပီလိုင်းကို ၂၀၂၆ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း ကြေညာချက် ထွက်လာပြီး မိနစ်ပိုင်းအကြာမှာ ထွက်ပေါ်လာတာပါ။ နိုင်ငံရေးလေ့လာသူ တချို့က နာဗီပီလိုင်းကို အခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တဲ့အပေါ် သမ္မတဒေါ်နယ်ထရမ့်ဘက်က အမြတ်ဒေါသ ထွက်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြချိန်မှာဘဲ ဝန်ကြီးရူဘီယိုရဲ့ ICC အပေါ် ချမှတ်တဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီပိတ်ဆို့မှုတွေထဲမှာ ပါဝင်တဲ့ အဓိက အချက်သုံးချက်ကတော့ - ၁။ အမေရိကန်က ICC ရဲ့ တရားသူကြီးနဲ့ တာဝန်ရှိသူ ၁၇ ဦးကို အရင်က တစ်ဦးချင်း အရေးယူ ပိတ်ဆို့ခဲ့ဖူးပေမဲ့၊ အခုတစ်ကြိမ်မှာတော့ တရားရုံးရဲ့ ဘဏ္ဍာရေးရာ လုပ်ဆောင်နိုင်စွမ်းတွေကို လုံးဝပြိုလဲသွားစေဖို့ အဖွဲ့အစည်းတစ်ခုလုံးကိုပါ တိုက်ရိုက်ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ၂။ နီဥပဒေအသစ်အရ ကုမ္ပဏီတွေနဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေအနေနဲ့ တရားရုံးနဲ့ ပတ်သက်နေတဲ့ ဆက်ဆံရေးအားလုံးကို ၆ လအတွင်း အပြီးသတ် ဖြတ်တောက်ရမှာဖြစ်ပြီး၊ အဲ့ဒီလို မလုပ်ခဲ့ရင် ကြီးမားတဲ့ ဥပဒေကြောင်းအရနဲ့ စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ၃။ ဝန်ကြီးရူဘီယိုက ICC ကို အတုအယောင်နဲ့ လမ်းလွဲနေတဲ့ တရားရုံးအဖြစ် ဖော်ပြခဲ့ပြီး၊ အမေရိကန်နဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အစ္စရေးနိုင်ငံတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေထဲကနေ အမေရိကန်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် အခုလို အရေးယူရတာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဒီထုတ်ပြန်ချက်ဟာ နိုဘယ်ငြိမ်းချမ်းရေးဆု ကြေညာမှုနဲ့ တိုက်ဆိုင်နေပေမဲ့ အမေရိကန် တာဝန်ရှိသူတွေကတော့ တိုက်ဆိုင်မှု သက်သက်သာ ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေကို လွန်ခဲ့တဲ့ လပေါင်းများစွာ ကတည်းက ပြင်ဆင်ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ ဒီလုပ်ဆောင်မှုအပေါ် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေဘက်က ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြပြီး၊ ICC ကလည်း အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေဟာ တရားဥပဒေစိုးမိုးရေးကို အထိနာ တိုက်ခိုက်ခြင်းဖြစ်သလို နိုင်ငံတကာ တရားဥပဒေစနစ်ရဲ့ အုတ်မြစ်တွေကို တိုက်ရိုက်ချိန်ခြောက်လိုက်တာ ဖြစ်ကြောင်း ပြင်းထန်စွာ တုံ့ပြန်ခဲ့ပါတယ်။

သတင်းထူးသတင်းဦး
သတင်းထူးသတင်းဦး
Open In TikTok:
Region: MM
Sunday 11 October 2026 02:53:52 GMT
124146
6468
225
349

Music

Download

Comments

baba124545
baba :
သာသနဘုန်းတော်၊ လောကပါလတရားက မြန်မာနိုင်ငံဘက်ကရပ်တည်ပြီ
2026-10-11 05:23:20
106
user10576039081780
user10576039081780 :
Good President
2026-10-11 13:26:19
0
user9812565012627
user9812565012627 :
😄😆okk😁😁good😁😆
2026-10-12 08:29:21
0
yuu..64
Yu :
good news
2026-10-12 04:16:11
0
khin.jasmine4
Khin Jasmine :
good ဒို့မြန်မာနိုင်ငံသည် ဿသနာ ထွန်းတဲ့တိုင်းပြည် နတ်ကောင်းမပြီးသား အုပ်ချုပ်သူရဲ့ ဘုန်း မှတ်ထားကြ
2026-10-11 06:51:34
59
mi19043
mi19043 :
ဘုန်းနဲ့ကံနဲ့တက်လာတဲ့သမ္မတပါ
2026-10-12 01:14:42
9
lin.htet6662
Lin Htet :
မတရားလုပ်ရင် မတရားခံရမှာ..ဝဋ်ဆိုတာလည်တတ်တယ်. ICC..မရှိလည်းခံရမှာ..
2026-10-11 06:45:48
22
oo.ko.lay44
oo ko lay :
အမေရိကန် ထရန့် နှင့်ဝန်ကြီးရူဘီရူကို icc ဖမ်းဝရန်းထုတ်သင့်ပြီ
2026-10-11 07:46:46
6
a.shin.khippa.sar
အရှင်ခိပ္ပါစာရ *အေးကန်သာ* :
တို့နိုင်ငံကို အမြဲနှောက်ယှက်နေတဲ့ iccဝဋ်လည်ပြီ
2026-10-11 15:54:52
14
user9837011139533
user9837011139533 :
သမတကြီးထန့်သက်ရာကျော်ဘေးဘရာဝေးပါစေမျိူးချစ်သမတကြီး
2026-10-11 06:17:09
29
kyi.thaung56
ရဲထက် @225 :
အားပေးထောက်ခံပါတယ် ထရမ့်
2026-10-11 05:46:23
19
user1755506184614
user1755506184614 :
lCC ဖျက်လိုက်ပါ
2026-10-11 07:44:26
12
zin.zin.888p
🎗Chit Ko Ko 🎗 :
ICC အစ္စရေးကိုတရားစွဲရဲလား😁
2026-10-11 13:42:48
4
user7108810097401
သနပ်ခါး :
ကျေးဇူးတင်ပါတယ် ထရမ့်ရေ🥰
2026-10-11 06:15:19
11
u.min.thu354
U Min Thu :
သမ္မတကြီးထရန့် ကို ကျေးဇူးတင်ပါသည်။
2026-10-11 06:34:45
15
aungkomin2024
ဧရာဝတီတိုင်းသားလေး :
မြန်မာရဲ့ဝဠ်လည်နေပြီ icc
2026-10-13 02:20:50
1
user8620781426194
user8620781426194 :
ထရမ့်စပြီးတက်လာမယ်ဆိုထည်းက ကြိုဆိုထောက်ခံခဲ့တယ် တတိယမြောက်သမ္မတသက်တမ်းနဲ့ ဆက်လက်ရပ်တည်နိုင်ပါစေဆုတောင်းပေးတယ်
2026-10-11 08:07:48
8
user2342462324661
Khme Tue :
ကံဆိုးအကျိုးပေးချိန်ရောက်တော့လှည့်ပြေးလို့မရပါဘူး icc
2026-10-11 11:58:09
4
utinwin8361
utinwin :
ကောင်းလေစွကောင်းလေစွ
2026-10-11 06:22:34
6
kyaw.than.sein6
Kyaw Than Sein :
ထောက်ခံပါတယ်
2026-10-11 12:25:45
4
aunglay90628
Aunglay9062 :
ကောင်းလိုက်တဲ့သီးတင်းပဲ
2026-10-11 08:42:18
4
phay.phay.gyi83
Phay Phay Gyi :
တရားရုံးရဲ့ဘက်လိုက်မှုတွေရှိနေတာကြောင့် တရားရုံးကိုဖျက်သိမ်သင့်
2026-10-12 14:38:50
1
khun.ye.naung723
Khun Ye Naung :
မရှိရင်ပိုကောင်းပါတယ်
2026-10-11 10:06:00
3
aung.kyaw.soe702
BO HTUN acc (Official) :
ထရန့်ကိုထောက်ခံပါတယ်
2026-10-12 01:47:21
1
ko.hlwan.wai1
Ko Hlwan Wai :
KO
2026-10-11 08:20:50
1
To see more videos from user @htay.lwin240, please go to the Tikwm homepage.

Other Videos


About