@fayasheiee0: လွတ်လပ်ပေါ့ပါးချင်ရင် သိထား သင့်တဲ့ ၁၀ ချက် ၁။ မင်းဟာ လူတိုင်းအတွက် အရေးကြီးဖို့ မလိုဘူး။လူတိုင်းက မင်းကို ချစ်စရာမလိုဘူး။လူတိုင်း မင်းကို သဘောကျစရာ မလိုဘူး။လူတိုင်းလည်း မင်းကို သဘောကျမှ မဟုတ်ပါ။ဒါကို လက်ခံထားပါ။ ၂။ မျက်ရည်ကို ဘယ်သူ့အတွက် မဆို မဖြုန်းနဲ့။ တန်ဖိုးမထားသူအတွက် မျက်ရည်ကျတာက ကိုယ့်ကိုယ်ကို ထိခိုက်တာပဲ။သိပ်အရေးမပါတဲ့ လူအတွက် ကိုယ့်စွမ်းအင်ကို အလဟဿ မဖြစ်စေနဲ့။ ၃။ မျှော်လင့်ချက်နည်းနည်းနဲ့ နေတတ်ပါစေ။ မျှော်လင့်ချက်နည်းသွားလေ စိတ်ပျက်မှုနည်းသွားလေပဲ။ ဘဝဟာ ပျော်ရွှင်အေးချမ်းသွား တယ်။ ၄။ အရေးမကြီးတဲ့အရာတွေအတွက် ဒေါသ မထွက်ပါနဲ့။ တန်ဖိုးမရှိတာအတွက် စိတ်ဖိစီးတာဟာ ကိုယ့်စွမ်းအားကို တဖြည်းဖြည်း လျော့နည်းသွားစေတယ်။အမြဲဒေါသထွက်ခြင်းက ရုပ်ရင့်စေတယ်။စိတ်ကျန်းမာရေး ထိခိုက်စေတယ်။ ၅။ တချို့အရာ မဖြစ်တာ၊ မပိုင်တာက မင်းအတွက် ကောင်းတယ်ဆိုတာကို ယုံပါ။ ဥပမာ… မင်းလွတ်သွားတဲ့အခွင့်အလမ်းတစ်ခုဟာ တကယ်လျှောက်သွားရင် ဒုက္ခဖြစ်မဲ့လမ်းလဲ ဖြစ်နိုင်တယ်။ လူတချို့နဲ့ လမ်းခွဲစေတာလဲ ပိုကောင်းတဲ့လူနဲ့ ဆုံစေဖို့ပါ သဘာဝဟာ တခါတလေ “မပေးတာ” နဲ့လဲ မင်းကို ကာကွယ်တတ်တယ်ဆိုတာ မမေ့ပါနဲ့။ ၆။ ကိုယ့်ကိုယ်ကို အရင်ချစ်ပါ။ ကိုယ့်ကိုယ်ကို ကောင်းစွာမချစ်တတ်ပဲ တခြားသူတစ်ဦးကိုချစ်ဖို့ ကြိုးစားတာဟာ မဖြေရှင်းနိုင်တဲ့ သင်္ချာပုစ္ဆာတစ်ခုကို တွက်နေသလိုပဲဖြစ်တယ်။ ကိုယ့်ကိုယ်ကို ချစ်တတ်မှု မရှိလျှင် အလိုမကျမှုတွေ၊ နာကျင်မှုတွေ ပိုမိုခံစားရတတ်တယ်။ ၇။ လောဘနည်းသလောက် စိတ်အေးတယ်။ရှိတာလေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေတတ်ရင် ဘဝက ပိုလှပလာတယ်။ရှိတာအတွက် ကျေနပ်တတ်ခြင်းက စိတ်အေးချမ်းခြင်းနဲ့ပေါ့ပါးခြင်း အစပါ။ ၈။ လူတွေပြောတာကို သိပ်အာရုံ မစိုက်နဲ့။လူတိုင်းဟာ ကိုယ့်ဘဝနဲ့ ကိုယ် ရှင်သန်ရတယ်။ သူတို့စကားနဲ့ ကိုယ့်ရဲ့အတွင်းစိတ် ငြိမ်းချမ်းခြင်းကို မဖျက်ဆီးပါနဲ့။Focus on yourself, your growth, and your dreams. ၉။ မင်းက မင်းလို လူမျိုးဖြစ်ဖို့ပဲ လိုတာပါ။နောက်တစ်ယောက်ဖြစ်ဖို့ မလိုဘူး။ ဖြစ်အောင်ဆိုပြီး အတင်းမကြိုးစားပါနဲ့။မင်းရဲ့မူရင်း ပုံစံအတိုင်းသာ ရှိပါစေ။ဘဝကို အပေါ်ယံ မဟုတ်ဘဲ အစစ်အမှန်သာ နေထိုင်ပါ။ Just learning to accept your flaws and live bravely every day. ၁၀။ တစ်ခဏအေးချမ်းဖို့ ကိုယ့်ကိုယ်ကို ခဏအနားပေးပါ။ လုံးပန်းနေတဲ့အရာကနေ ရပ်တန့်ဖို့လိုရင် ရပ်တန့်ပါ။ စိတ်ပင်ပန်းလာရင် အပြည့်အဝ အနားယူဖို့ လိုတယ်။မဟုတ်ရင် လူက ပိုနွမ်းလျလာပြီး ဘဝအပေါ် အားမလိုအားမရတာ ပိုများလာတယ်။ နိဂုံးချုပ် လွတ်လပ်ပေါ့ပါးတဲ့ဘဝဟာ ကိုယ့်အတွက် ကိုယ်ပဲ ရယူဖို့ ကြိုးစားရတဲ့အရာတစ်ခုပါ။ရရှိလာတဲ့အရာတွေကို ကျေနပ်ပြီး၊ မရနိုင်တဲ့အရာတွေကို နားလည်နိုင်ရင် ဘဝဟာ တကယ်ပေါ့ပါးလာ မယ်။ကိုယ့်ဘဝကို ကိုယ့်အရည်အချင်းနဲ့ ကိုယ့်အမြင်နဲ့လှပစွာ တည်ဆောက်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ နူးနူးအောင်#fyp #xyzbca #moost?

yrnn
yrnn
Open In TikTok:
Region: MM
Sunday 11 October 2026 05:14:30 GMT
53026
6043
8
543

Music

Download

Comments

su42864
Su :
I don’t like the no.5 sentences😅
2026-10-12 03:33:38
1
keynavym
m :
Thank you i needed this
2026-10-11 08:14:22
8
user908087367
🍁 KYAW💰 :
တစ်ယောက်ထဲ သန်မာနိုင်အောင် ပိုကြိုးစားမှဖြစ်မယ်
2026-10-11 10:49:35
5
berries_blue12
♡ Ya_min ♡ :
စာသားလေးရမလားရှင်
2026-10-11 12:54:07
0
shay15122025
Felix :
စာသားလေးချပေးပါလားရှင့်
2026-10-11 13:47:42
0
To see more videos from user @fayasheiee0, please go to the Tikwm homepage.

Other Videos


About