@redredredredbullbull: ရန်ကုန်မှာ လူငယ်နှစ်ဦး ရက်ပိုင်းအတွင်း ​ေ.သ.ဆုံ.း၊ ပြင်ပအစားအသောက်ကို သတိထားဖို့ မိသားစုဝင် သတိပေး ရန်ကုန်မြို့ သာကေတမြို့နယ်က အသက် ၃၀ နဲ့ ၂၆ နှစ်အရွယ် ညီအစ်ကိုလူငယ်နှစ်ဦးဟာ ဖျားနာပြီးနောက် ကျောက်ကပ်အပါအဝင် ကိုယ်တွင်းအင်္ဂါတွေ ပြင်းထန်စွာထိခိုက်ကာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ မိသားစုဝင်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ မိသားစုဝင်ရဲ့ ပြောပြချက်အရ ညီအစ်ကိုနှစ်ဦးဟာ ၁၀ ရက်ဝန်းကျင်ကစပြီး အလှည့်ကျဖျားနာခဲ့ကြတာဖြစ်ပြီး ခြေသလုံးကြွက်သားတွေ ပြင်းပြင်းထန်ထန်ကိုက်ခဲတာ၊ ရင်ဘတ်အောင့်တာနဲ့ အသက်ရှူမဝတာတွေပါ ခံစားခဲ့ရပါတယ်။ ကနဦးမှာ သာမာန်ရောဂါလို့ ယူဆခြင်းကြောင့် ဆေးခန်းမှာ ကုသမှုခံယူခဲ့ပေမဲ့ မသက်သာလာဘဲ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်လွှဲပြောင်းခဲ့ရပြီး စစ်ဆေးချိန်မှာ ညီအစ်ကိုနှစ်ဦးစလုံးရဲ့ ကျောက်ကပ်တွေ ပြင်းထန်စွာပျက်စီးနေပြီလို့ သိခဲ့ရတယ်လို့ ဆိုပါတယ်။ မိသားစုဝင်ကတော့ ကြွက်သေး ဝင်ထားတဲ့ ညစ်ညမ်း အစားအသောက်ကတစ်ဆင့် ပိုးကူးစက်ခဲ့တာဖြစ်နိုင်တယ်လို့ ယူဆထားပြီး ညီအစ်ကိုနှစ်ဦးစလုံးကို ဆုံးရှုံးခဲ့ရတဲ့အတွက် ကျန်ရစ်သူမိခင်ဟာလည်း အကြီးအကျယ်ဝမ်းနည်းကြေကွဲနေရတယ်လို့ သိရပါတယ်။ ရန်ကုန်မှာ မကြာသေးခင်ကလည်း ဝမ်းပျက်ဝမ်းလျောတွေ အကြီးအကျယ်ဖြစ်ခဲ့သေးပြီး အစားအသောက်နဲ့ သောက်ရေတွေကို ကြွက်မဝင်နိုင်အောင် သေချာဖုံးအုပ်ထားဖို့၊ သန့်ရှင်းမှုပိုင်း မသေချာတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ဖို့ မကြာခဏ သတိပေးခံနေရတာဖြစ်ပါတယ်။

ထွေထွေထွာထွာ
ထွေထွေထွာထွာ
Open In TikTok:
Region: NL
Sunday 11 October 2026 13:23:13 GMT
105665
2446
26
1173

Music

Download

Comments

mim.khant417
Mim Khant :
အရင်ပြတဲ့ဆေးခန်းမှာတာဝန်ရှိတာပေါ့
2026-10-11 13:52:35
3
fayfaymaymay21
🍒🍒So Sweet💚💚 :
အစားအသောက်တွေဂရုစိုက်ဖို့မှာချင်ပါတယ်မထင်မှတ်တဲ့အရာကဘဝတစ်ခုလုံး😔😔😔
2026-10-11 16:24:50
2
zinmingoddess08
🏳️‍🌈Kixx🏳️‍🌈(စပ်စုစိန်) :
ကြွက်သေးက computer. ဆားကဒ် ဘုတ်တွေတောင်သေးပန်းခံရရင် icတွေပျက်တယ်။အခုက ကလေးတွေဆိုတော့ပိုပြီး နုနယ်တော့ ကြွက်သေးက ကျောက်ကပ်ကိုပျက်စီးစေတာပေါ။ဂရုစိုက်ကြပါ
2026-10-11 22:42:29
1
win.zaw910
win zaw :
အစားအစာစားတဲ့ခါသတိရှိ့ကြပါဘာကိုမှမပေါ့ဆကြပါနဲ့
2026-10-11 13:47:14
1
heinlatthheinlatt
Tha :
ရန်ကုန် နောက်ဖေးလမ်းကြာက ကြွက်တွေ ကြောက်ထက်တောင် အကောင်ကြီးတယ် စည်ပင်ကလဲ တခါမှ သန့်ရှင်းရေးမလုပ်ဘူး
2026-10-12 05:40:50
0
hla.hla.htwe048
MAY CHEERY :
အပြင်စာတေမစားသင့်ပူဂရုစိုက်ပါ
2026-10-12 09:02:00
0
khinmyo6317
Khinmyo :
အစားအသောက်တွေကိုဖုန်းဖိထားပါအုပ်ထားပါ
2026-10-12 07:25:03
0
kothaw5625
Ko Thaw :
အောင်ကိုညီလေးကောင်းရာသုဂတိလားပါစေညီလေး
2026-10-11 15:06:32
0
thithiwai26
thithiwai26 :
ဟုပ်ပ
2026-10-12 02:20:53
0
nanmwayphaung1
လင်ကောင်း သားကောင်း :
ကြောင် မွေးပါ
2026-10-11 20:01:09
2
juju198837
juju198837 :
တော်တော်ဒုက္ခပေးတဲ့ကြွက်တွေ့တဲ့နေရာအသေသတ် အဲဒီကြွက်ကျမသေဘူးလား
2026-10-11 15:30:51
1
tomboylov4
🦅 𝐉𝐚𝐜𝐤 𝐉𝐚𝐜𝐤 🦅 :
ရန်ကုန်တိုက်ဘေး တိုက်နောက်ဘေးတွေသန့်ရှင်းရေးလုပ်ကြပါ ကြွက်တွေပေါတယ် တနေ့လူတွေ ဒုက္ခရောက်နိုင်တယ် အရမ်းညစ်ပတ်လို့ရောဂါရနိုင်တယ်နော
2026-10-12 09:56:30
0
wanaewa0
W A N N A :
Alninyo par
2026-10-11 17:39:32
0
user4123758457126
user4123758457126 :
😭😭😭
2026-10-11 14:58:43
1
than.than.win828
Than Than Win :
🥰🥰🥰
2026-10-11 14:51:02
0
daw.lay0239
Daw Lay :
🥰🥰🥰
2026-10-11 15:45:40
0
user3765306157532m
အရှင်ပညာဇောတ :
[Heartwarming][Heartwarming][Heartwarming]
2026-10-12 05:30:02
0
kaung.ma.lay3227
Kung Ma Lay :
😳😳😳😳
2026-10-11 16:45:30
0
kozaw.myanmar
Ko Bo Lone :
😭😭
2026-10-11 22:50:01
0
queenorking26
Queen :
🙏🙏🙏
2026-10-12 02:16:56
0
wanna.zaw77
Wanna Zaw :
🥰🥰🥰
2026-10-11 15:19:14
0
arkermyo1
ကျွန်းကလေး ဆံရှည် :
👍👍👍
2026-10-12 10:23:04
0
htunhtunoo8465
htunhtunoo :
🥰🥰🥰
2026-10-11 14:11:16
0
yeminkyaw638
yeminkyaw638 :
ဟုတ်တယ်ဗျ ကျွန်တော်ညီလဲ အလိုပဲဖြစ်ပြီး အခုဆေးရုံတင်ထားရတယ် ဆေးရုံတက်တာဒီနေ့ဆို/27ရှိနေပြီ အသက်တောင်လုထားရတယ်ဗျ မွန်ပြည်နယ်ကနေလွဲလိုက်တာမရလို့ ရန်ကုန်ဆေးရုံကြီးရောက်လို့တော်သေးတယ် သတိထားကြပါ ကိုအိမ်ကအစားအသောက်တွေကို လုံအောင်ဖုံးအုပ်ထားပါဗျ ငရုစိုက်ကြပါဗျ ကျွန်ညီလေးကတော့ အသက်လုနေရတုံးဗျ 😭😭😭😭😭
2026-10-11 15:07:47
1
To see more videos from user @redredredredbullbull, please go to the Tikwm homepage.

Other Videos


About