@aungzaw221221: ရန်ကုန်မြို့တွင်း သတ်မှတ်နေရာမှ လမ်းဖြတ်ကူးခြင်းမရှိသူများကို အောက်တိုဘာ ၁၂ ရက်မှစတင်၍ အရေးယူမည် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း သတ်မှတ်ထားသည့်နေရာများမှ လမ်းဖြတ်ကူးခြင်းမရှိဘဲ စည်းကမ်းဖောက်ဖျက်သူများကို အောက်တိုဘာ ၁၂ ရက်မှစတင်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးကြေညာထားသည်။ အဆိုပါကြေညာချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ခြေလျင်သွားလာသူများသည် လမ်းဖြတ်ကူးရာတွင် သတ်မှတ်ထားသည့် မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျား (သို့မဟုတ်) ခွင့်ပြုထားသည့်နေရာများမှသာ စည်းကမ်းတကျ ဖြတ်ကူးကြရမည်ဖြစ်သည်။ ယင်းသို့ သတ်မှတ်ထားသည့်နေရာများမှ ဖြတ်ကူးခြင်းမရှိဘဲ စည်းကမ်းဖောက်ဖျက်သူများကို ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ရန်ကုန်မြို့အတွင်း ခြေလျင်သွားလာသူများအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်ထားသည့်နေရာများမှသာ စည်းကမ်းတကျ လမ်းဖြတ်ကူးကြရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးထားသည်။ #AkarAung💚🇲🇲💚🇲🇲💚 #ThuYaAung💚🇲🇲💚🇲🇲

ThuYa
ThuYa
Open In TikTok:
Region: MM
Sunday 11 October 2026 13:48:29 GMT
131107
2457
1
4167

Music

Download

Comments

aungzaw221221
ThuYa :
🙄🤪
2026-10-11 13:53:43
0
To see more videos from user @aungzaw221221, please go to the Tikwm homepage.

Other Videos


About