@jas.mine7522: တိုက်ပွဲ အငွေ့သက်များနှင့် စစ်တွေမြို့တွင်း အခြေအနေ DMG ၊ အောက်တိုဘာ ၁၂ အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့အနီးက ငပြီကျွန်းအပါဝင် ဝါဘိုကျေးရွာနှင့် အမြင့်ကျွန်း ကျေးရွာအနီး ပတ်ဝန်းကျင်တို့တွင် စစ်တပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲများသည် ယခင်ကထက် ပိုမိုပြင်းထန်လာနေပြီး မြို့ပေါ်ရှိ အမှတ် ၁၂ ရဲတပ်ရင်း၊ ကန်တော်ကြီးအနီး တပ်ရင်းများမှလည်း လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေသဖြင့် မြို့ခံများအကြား ယခင်ကထက် ပိုပြီး စိုးရိမ်နေကြောင်း ဆိုကြသည်။ အောက်တိုဘာ ၈ ရက်၊ ညနေ ၆ နာရီဝန်းကျင်တွင် စစ်တွေလေဆိပ်လမ်းရှိ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းရှေ့ သစ်တောခြံဝင်းအတွင်းသို့ လက်နက်ကြီးကျရောက်ခဲ့ကြောင်း သိရသည်။ “ လေဆိပ်အနီးမှာ လက်နက်ကြီး ကျခဲ့တယ်။ လက်နက်ကြီးက မပေါက်ကွဲခဲ့တော့ လူအထိအခိုက် မရှိဘူး။ လက်နက်ကြီး၊ လက်နက်ငယ်သံ တွေကိုတော့ စစ်တွေမြို့တွင်းကနေ ကြားနေရတာပါပဲ ” ဟု စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်တွေတပ်ရင်းများမှ ဝီရဌာနီ(ပေါက်တော)မြို့နယ်၊ သဲခုံရွာနှင့် ငပြီကျွန်းဘက်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ကူပေးနေသည့်အပြင် လေကြောင်းမှ ဗုံးကြဲမှုများကိုပါ လုပ်နေကြောင်း သိရသည်။ အာရက္ခတပ်တော်ဘက်ကလည်း ဝါဘိုကျွန်းကို သိမ်းပိုက်လိုက်ပြီး၊ ကံ့ကော်ကျွန်းကနေ ဒကစဌာနချုပ်နှင့် အနီးကို ပြန်လည်ထိုးစစ်ဆင်နေသဖြင့် စစ်တွေမြို့အနီးတဝိုက်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည်။ “ ညဘက်ဆိုရင် လက်နက်ကြီးသံတွေ တအားကြားရတယ်။ ပြီးရင် လက်နက်ကြီးကလည်း မြို့ထဲအထိ ကျရောက်တာတွေ ရှိတယ်။ တစ်နေ့လုံး ပစ်နေတော့ မြို့ခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတာပေါ့ ” ဟု စစ်တွေဒေသခံ နောက်ထပ်အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်တွေမြို့အနီးဝန်းကျင်တွင် စစ်တပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲအပြန်အလှန် ဖြစ်ပွားနေသည့်အပြင် မြို့တွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိသော်လည်း အစိုးရဌာနဆိုင်ရာများ ပုံမှန်ရုံးတက်ရန် ညွှန်ကြားထားကြောင်း သိရသည်။ အောက်တိုဘာ ၉ ရက်၊ နံနက်ပိုင်းကလည်း စစ်တွေမြို့တွင် ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ လွှတ်တော်အစည်းအဝေးတွင် ရသေ့တောင်မြိုနယ် မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ်လွှတ်တော်အမတ် ဦးဘစံ၏ ရခိုင်ပြည်နယ်အောင်လံနှင့် ရခိုင်ပြည်နယ် တံဆိပ်ကို သမိုင်းပညာရှင်များ ပါဝင်သည့် အဖွဲ့ဖွဲ့ကာ အတည်ပြုသတ်မှတ်ပေးရေး ကြယ်ပွင့်ပြ မေးခွန်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ စစ်တပ်သည် စစ်တွေမြို့ကို ကုန်းလမ်း၊ ရေလမ်းအားလုံးဖြတ်တောက်ပိတ်ဆို့ထားမှုနှင့်အတူ စစ်ရေး ပြင်းထန်မှုကြောင့် စစ်တွေမြို့တွင်၌ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေ၍ ဒေသခံများမှာ စားဝတ်နေရေး ကျပ်တည်းမှုများရှိနေကြောင်း သိရသည်။ စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက “ အခုရက်ပိုင်း စစ်တွေမြို့ခံတွေကတော့ လှုပ်လှုပ်ရွရွ ဖြစ်နေကြပြီ။ အရင်ကထက် စစ်ရေးပြင်းထန်လာမယ့် အခြေအနေဆိုတော့ ဘယ်ကို ရှောင်တိမ်းရမလဲဆိုပြီး စဉ်းစားချက်တွေ ရှိလာနေပြီ။ ဒါပေမဲ့ ဆင်းရဲသားတွေကတော့ ပြေးစရာ မြေမရှိ ဖြစ်နေကြတယ် ” ဟု ပြောသည်။ ထို့အတူ စစ်တွေမြို့ ပင်လယ်ကမ်းနားနေရာများဖြစ်သော ကျေးတော၊ ရွှေပြားရပ်ကွက် ၊ ကိုးရီးယားဆိပ်ကမ်းတို့တွင်လည်း ယခင်ကထက် စစ်တပ်ကင်းစခန်းများ ချထားပြီး လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။ အာဏာသိမ်းစစ်တပ်သည် စက်တင်ဘာ ၄ ရက်မှစကာ ၄၉၂၆ စစ်ဆင်ရေးဟုအမည်ပေးကာ ပုဏ္ဏားကျွန်းမြိုနယ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း AA ၏ ခုခံစစ်နှင့် တန်ပြန်စစ်ကြောင့် စစ်ဦးကျိုးကာ တပ်စခန်းအချို့ကိုပါ လက်လွှတ်ခဲ့ရသည်။ လက်ရှိတွင် တိုက်ပွဲများသည် စစ်တွေမြို့နှင့် တဖြည်းဖြည်းနီးကပ်လာနေကြောင်း သိရသည်။ ဓာတ်ပုံ - DMG #စစ်တွေမြို့ #စစ်တွေတိုက်ပွဲ #ရခိုင်ပြည် #အာရက္ခတပ်တော် #AA

JasMine
JasMine
Open In TikTok:
Region: TH
Monday 12 October 2026 05:05:40 GMT
17428
360
5
7

Music

Download

Comments

rio6081
Ko Soe :
တပ်မတော်လေမှSU30ခြောက်စီးY12ဗုံးကြဲလေယာဉ်နှစ်စီးမယအမှူန်းကြွေူနေတယ် ပြည်ပကျူးကျော်စစ်ပွဲကြနေတာဘဲ အဲဖဒိလောက်ထီမလုပ်ရက်ပါဘူး
2026-10-12 07:10:18
2
bae.gyi..8380
Daddy :
🥰🥰🥰
2026-10-12 08:53:45
0
user33759463667774
အမှန်တရားကိုချစ်မြတ်နိုးသူ :
🥰🥰🥰
2026-10-12 07:49:19
0
kohtay.kohtay4
Kohtay Kohtay :
🥰🥰🥰
2026-10-12 06:08:59
0
u.myint.lwin408
U Myint Lwin :
😳😳😳
2026-10-12 11:09:24
0
To see more videos from user @jas.mine7522, please go to the Tikwm homepage.

Other Videos


About