@not.found0454: လူ့ ပတ်ဝန်းကျင်မှာ ခြေထောက်ပေါ် ခေါင်းအုံးသင့်ရင် အုံးရမယ် ခေါင်းပေါ်တော့ ခြေထောက်အတင်မခံနဲ့ ။ လူတွေနဲ့ ပေါင်းသင်းရင် အလျှော့ ပေးရတဲ့အချိန်ရှိတယ်။ နားလည်ပေးရတဲ့အချိန်ရှိတယ်။ မမြင်ချင်ယောင်ဆောင်ပြီး ကျော်သွားရတဲ့အချိန်လည်း ရှိတယ်။ ဒါကို သိတယ် ။ ဒါပေမယ့် အရာရာကို နှုတ်ပိတ် ခေါင်းငုံ့နေလို့ တော့မရဘူး ။ မဟုတ်ရင် ကိုယ်က ယဉ်ကျေးတာကို အားနည်းတာလို့ ထင်ကြမယ်။ ကိုယ်က တိတ်တိတ်နေတာကို အ `တာလို့ သတ်မှတ်မယ်။ ကိုယ်က သည်းခံတာကို ကြောက်တာလို့ မြင်မယ် ဒါကြောင့်မို့ “ဒီအထိတော့ ရတယ်။ ဒီထက်တော့ မရဘူး” ဆိုတဲ့ စည်းတစ်ကြောင်း ကိုယ်တိုင်ဆွဲထားရတယ်။ လူတိုင်းကို ပြန်တိုက်ခိုက်ဖို့ မလိုဘူး။ လူတိုင်းနဲ့ ပြိုင်ဖို့လည်း မဟုတ်ဘူး ။ ဒါပေမယ့် ကိုယ့်ကို ထိထိခိုက်ခိုက် ကျော်တက်လာတိုင်း ကျေအေးပေးနေစရာလည်း မလိုဘူး ။ တချို့လူတွေကို နူးနူးညံ့ညံ့ ဆက်ဆံလို့ရတယ် တချို့လူတွေကို အကွာအဝေးနဲ့ ဆက်ဆံရတယ်။ တချို့လူတွေကိုတော့ ငါက ဒီလိုအရာတွေမှာ ဒီလိုပုံစံမျိုးကိုလက်မခံဘူးဆိုတာ သိအောင်ပြထားရတယ်။ အရေးကြီးတာက တုန့်ပြန်တာနဲ့ ရန်လိုတာကို မရောဖို့ပဲ။ ရန်လိုတဲ့လူက အရာရာကို တိုက်ခိုက်ချင်တယ်။ တုန့်ပြန်တတ်တဲ့လူကတော့ ဘယ်နေရာမှာ ထိုးစစ် စ ရမလဲ ဘယ်အချိန်မှာ ရပ်တန့်ရမလဲသိတယ်။ ကိုယ်သတ်မှတ်ထားတဲ့ နယ်နိမိတ်ကို မရောက်သေးသရွေ့ နားလည်ပေးမယ်။ ကိုယ့်ချမှတ်ထားတဲ့ စည်းကို မကျော်လွန်သရွေ့ အလျှော့ပေးမယ်။ ဒါပေမယ့် ကိုယ့်တန်ဖိုး၊ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ့်နေရာကို လိုတာထက်ပို လာထိခိုက်ရင်တော့ ထိုက်သင့်တဲ့ တုန့်ပြန်မှုမျိုး ပြုရမှာပဲ ။ #crd #fyp
@𝑴𝒓. 𝑺𝒎𝒊𝒍𝒆 😊
Region: TH
Monday 12 October 2026 11:52:59 GMT
Music
Download
Comments
ヤミンタンッ🍀🇯🇵 :
2026-10-12 14:42:48
0
To see more videos from user @not.found0454, please go to the Tikwm
homepage.